Photobucket
ပင်မစာမျက်နှာ


N .

Saturday 31 December 2011

HTML မိတ်ဆက် Frame & Link အကြောင်း

Frame

Frame ကတော့ HTML Page နှစ်ခု ထက်မက တာ တွေကို စာမျက်နှာ တစ်ခုထဲမှာ ဖော်ပြချင်တဲ့ အခါပေါ့။ ဘယ်လိုမျိုးလဲဆိုတော့ ...
အဲဒီမှာဆိုရင် Frame ၃ ခုနဲ့ Page တစ်ခုကို ဖွဲ့စည်း တည်ဆောက်ထားတာပါ။ အခုနောက်ပိုင်းမှာ Frame ကို အသုံးနည်းသွားပါပြီ။ AJAX ဆိုတဲ့ နည်းပညာကို ပြောင်း သုံးကြပါတယ်။ အရင်တုန်းကတော့ Frame ကိုအသုံးများ ခဲ့ပါတယ်။
ဘာလို့အသုံးပြုရသလဲဆိုရင်တော့ အပေါ်က ပုံမှာကြည့်လိုက်ပါ။ ဘယ်ဘက်က menu ဖြစ်ပြီး ညာဘက် ကတော့ menu ကိုနှိပ်လိုက်ရင် ပေါ်လာမယ့် page ပေါ့။ အပေါ်ဆုံးကတော့ Name ကိုရေးထားတာပါ။ အဲ.. အခု frame အကြောင်း စလိုက်အောင်။

Frame1.html
<html>
<head>
<title>Untitled Document</title>
</head>
<body>
This is frame 1
</body>
</html>
Frame2.html
<html>
<head>
<title>Untitled Document</title>
</head>
This is frame 2
</html>
index.html
<html >
<head>
<title>Untitled Document</title>
</head>
<frameset cols=”80,*” frameborder=”no” border=”0" framespacing=”0">
<frame src=”frame1.html” name=”leftFrame” scrolling=”No” noresize=”noresize” id=”leftFrame”>
<frame src=”frame2.html” name=”main Fra-me” id=”mainFrame”/>
</frameset>
<noframes><body>
</body>
</noframes></html>
frame တစ်ခုကို တည်ဆောက်ပြီရင်တော့ အနည်း ဆုံး file ၃ ခုလိုပါတယ်။ index.html ကတော့ Frame1 နဲ့ Frame2 ကိုချိတ်ဆက်ဖော်ပြပေးမှာဖြစ်ပြီး frame1 နဲ့ frame2 ကတော့ အဓိကပေါ့။
index.htmlကို ကြည့်လိုက်ပါ။ ထူးခြားတာ တစ်ခုပါ,ပါတယ်။ အဲဒါကတော့ <body> မပါခြင်းပဲ။ fra-me ရဲ့ Main Page ဟာ Body ထည့်စရာမလိုပါဘူး။ frame-set ပဲထည့်ရမှာပါ။ HTML မှာ frame သုံးရတာ လက်လျင် လှပါတယ်။ အကောင်းဆုံးကတော့ IDE တွေထဲက Dream weaver ကိုအသုံးပြုလိုက်ရင်တော့ လွယ်လင့်တကူ frame ကို ရေးသားနိုင်မှာပါ။ အခုတော့ သိအောင် ကိုယ်တိုင်ပဲ ရေးကြည့်ရတာပေါ့။
<frameset> နဲ့ စပြီး </frameset> နဲ့ ရေးရပါ မယ်။cols ဆိုတာကတော့ column အရေအတွက်ပေါ့။ အခု column ၂ ခုပဲပါတဲ့အတွက် cols=”80,*” လို့ရေး လိုက်ပါတယ်။ အဲဒီအဓိပ္ပာယ်က ရှေ့က column အကျယ် ကို 80 px ယူမယ်။ နောက်ကတော့ ကျန်တာ အကုန်ယူ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော်တို့ percentage နဲ့လည်း အသုံးပြုလို့ရပါတယ်။
cols=”50%,*” လို့ပြောင်းရေးလိုက်ရင်တော့ ရှေ့ က 50% ဖြစ်ပြီး နောက်က frame ကလည်း ကျန်တဲ့ 50% ပေါ့။
frameborder=”no” ဆိုတာကတော့ frame မှာ boder မပါဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ border=”0" fram-espacing=”0" အဲဒါကတော့ border အထူက 0 ဖြစ်ပြီး frame တစ်ခုနဲ့ တစ်ခုကြားက spacing က 0 လို့ပြောတာ ပါ။ အခု column ၂ ခုမဟုတ်လား။ ဒီတော့ ကျွန်တော်တို့ တွေ <frame> နှစ်ခု ထည့်ရမယ်။ ဒါကြောင့် <frame src=”frame1.html” name=”leftFrame” scrolling=”No” noresize=”noresize” /> <frame src=”frame2.html” name=”mainFrame” id=”mainFrame” />.
အဲလိုမျိုးရေးလိုက်တာ။ အဲမှာ src ဆိုတာကတော့ frame ရဲ့ Link ပေါ့။ ကျွန်တော်တို့တွေ file ၃ ခုလုံးကို တစ်နေရာတည်းမှာ ထည့်ထားတယ်။ ဒါကြောင့် တိုက်ရိုက်  လှမ်းခေါ်လိုက်ရုံပဲ။ Name ကတော့ နာမည်ပါ။ မထည့် လည်းရပါတယ်..
scrolling ဆိုတာကတော့ ဘေးနားက scrollbar ပေါ် မပေါ်ပေါ့။ ပေါ်စေချင်ရင် Yes ပေါ့။ noresize ကတော့ frame ကို resize လုပ်လို့မရအောင် လုပ်ထားတာပါ။ ဒါဆို frame ကို resize လုပ်ချင်ရင်တော့ အဲဒါကို မထည့်နဲ့ပေါ့။ အခု column ၃ ခု နဲ့လုပ်ကြည့်ရအောင်။
index.html
<html>
<head>
<title>Untitled Document</title>
</head>
<frameset cols=”20%,30%,*”>
<frame src=”frame1.html” />
<frame src=”frame2.html” />
<frame src=”frame1.html” />
</frameset>
<noframes>Your Browser Don’t Support Frame</noframes></html>
မေးစရာ တစ်ခုပေါ်လာပြီ။ ဘာလဲဆိုရင်တော့ <noframes> ။ အဲဒါက ဘာလဲဆိုရင်တော့ ဟိုးအရင်က browser တွေက frame တွေကို support မလုပ်ပါဘူး။ ဒါကြောင့် frame တွေကို support မလုပ်တဲ့ browser တွေ ဖြစ်နေရင် Message လေးဖော်ပြပေးပါမယ်။ အခုနောက် ပိုင်း browser တွေက support လုပ်ပါတယ်။ ကဲ.. အခု code လေးကို နည်းနည်းလေး ပြောင်းကြည့်လိုက် ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows=”20%,30%,*”>
<frame src=”frame1.html” />
<frame src=”frame2.html” />
<frame src=”frame1.html” />
</frameset>
<noframes><body>
</body>
</noframes></html>
ဘာပြောင်းသွားသလဲဆိုတော့ frameser ပါ။ cols ကနေ rows ဖြစ်သွားပါတယ်။ cols နဲ့ rows လေးပဲ ကွာတာပါ။ ကျန်တာ အတူတူပါပဲ။ frame အထဲမှာလည်း ထပ်ပြီး ထပ်မံခွဲထုတ်လို့ရပါသေးတယ်။ အခု အပေါ်ဆုံး က rows ကို column ထပ်ပြီးခွဲပါမယ်။
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows=”20%,30%,*”>
<frameset cols=”*,50%” framespacing=”0" frameborder=”NO” border=”0">
<frame src=”frame1.html” />
<frame src=”frame2.html” name=”rightFrame” scrolling=”NO” noresize>
</frameset>
<frame src=”frame2.html” />
<frame src=”frame1.html” />
</frameset>
<noframes><body>
</body>
</noframes></html>
အဲဒီမှာ <frameset> အောက်မှာ <frameset> ထပ်ထည့်ထားတာကို တွေ့ရမှာပါ။
<frameset rows=”20%,30%,*”>
<frameset cols=”*,50%” framespacing=”0" frameborder=”NO” border=”0">
<frame src=”frame1.html” />
<frame src=”frame2.html” name=”rightFrame” scrolling=”NO” noresize>
</frameset>
ကျွန်တော်တို့ အပေါ်ဆုံးက rows ကို ထပ်ပြီး cols ခွဲတာပါ။ ဒါကြောင့် အပေါ်ဆုံး rows မှာ columns နှစ်ခု ဖြစ်သွားပါပြီ။ ဒါကြောင့် <frame> နှစ်ခု ရေးရတာပါ။ တကယ်လို့ ဒုတိယ rows မှာပဲ colums ထပ်ထည့်ချင်ရင် တော့ code က ဒီလိုလေးဖြစ်သွားမှာပါ။
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows=”20%,30%,*”>
<frame src=”frame1.html” />
<frameset cols=”*,50%” framespacing=”0" frameborder=”NO” border=”0">
<frame src=”frame2.html” />
<frame src=”frame2.html” name=”right Frame” scrolling=”NO” noresize>
</frameset>
<frame src=”frame1.html” />
</frameset>
<noframes><body>
</body>
</noframes></html>
ရှင်းရှင်းလေးပါ။ ဒုတိယ rows မှာ ဖြစ်စေချင်လို့ ဒုတိယ rows မှာ frameset တစ်ခုထပ်ထည့်ရတာပါ။ အဲလိုမျိုးပဲ columns တွေထဲမှာ rows တွေ ခွဲလို့ရပါတယ်။ အတူတူပါပဲ။ အပေါ်က rows နေရာမှာ cols ပြောင်းပြီး တော့ cols နေရာမှာ rows ပြောင်းလိုက်ရင် သိမှာပါ။ ကျွန်တော် မရေးပြတော့ဘူး။ ကိုယ်တိုင်ပဲ ရေးပြီး စမ်း ကြည့်လိုက်ပေါ့။
အခု ဒီစာအုပ်ရဲ့ နောက်ဆုံးအခန်းက နောက်ဆုံး အကြောင်းပါပဲ။ ဘာလဲဆိုရင်တော့ Link And Frame ပါ။ Frame တစ်ခုက Link က နှိပ်လိုက်ရင် နောက် frame တစ်ခုက ပြောင်းသွားဖို့ပါ။ ကျွန်တော် အကုန်လုံးကို အခြေခံလောက်ပဲ ပြောနိုင်မှာပါ။ Web ပိုင်းမှာ လေ့လာ စရာတွေ အများကြီးပါ။ HTML ဆိုတာ လုံးဝစ,ကာစ အခြေခံအဆင့်လေးပါ။ 



Source : Knowledge Bridge

HTML မိတ်ဆက် Link & Frame အကြောင်း


Link And Frame



HTML ရဲ့ နောက်ဆုံး ဆောင်းပါးပါ။ အဲဒါက ဘာလဲဆိုရင်တော့ Link And Frame ပါ။ Frame တစ်ခုက Link က နှိပ်လိုက်ရင် နောက် frame တစ်ခုက ပြောင်း သွားဖို့ပါ။ ကျွန်တော် အကုန်လုံးကို အခြေခံလောက်ပဲ ပြောနိုင်မှာပါ။ Web ပိုင်းမှာ လေ့လာစရာတွေ အများ ကြီးပါ။ HTML ဆိုတာ လုံးဝစ,ကာစ အခြေခံအဆင့် လေးပါ။
ကျွန်တော်အရင်လက ပြောခဲ့ပါတယ်။ ဘယ် ဘက်က Link ကို နှိပ်လိုက်ရင် ညာဘက်မှာ သက်ဆိုင်ရာ Page ကို ပြောင်းသွားမယ်ဆိုပြီးတော့။ အခုအဲလိုမျိုး ဘယ် ဘက်က frame ကနေ နှိပ်လိုက်ရင် ညာဘက်က frame မှာ သက်ဆိုင်ရာ Page ပြောင်းသွား အောင်လုပ်ပါမယ်။ ပထမဆုံး frame ၂ ခုအတွက် index.html ကိုစရေးပါ့မယ်။


<html>
<head>
<title>Menu</title>
</head>
<frameset cols=”100,*”>
<frame src=”menu.html” id=”menu”>
<frame src=”home.html” name=”main”>
</frameset>
<noframes></noframes>
</html>
အဲမှာ.. name=”main” လို့ပေးခဲ့တာကို တွေ့မှာ ပါ။ အဲလိုမျိုးနာမည်ထည့်ခဲ့မှ menu ကနေ အဲဒီ frame မှာ သွားပေါ်ဆိုပြီးပြောလို့ရမှာ။ ကဲ.. အခု menu.html မှာရေးထားတာကို ကြည့်လိုက်ရအောင် ...
<html>
<head>
<title>Menu</title>
</head>
<body>
<a href=”home.html” target=”main”> Home </a><br>
<a href=”download.html” target=”main”> Download</a><br>
<a href=”link.html” target=”main”>Link</a><br>
</body>
</html>
အဲမှာ link တွေအကုန်လုံးမှာ target ဆိုတာလေး ပါတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ index.html မှာ name = ”main” ဆိုတဲ့ frame မှာ သွားပေါ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ download ဆိုတာကို နှိပ်လိုက်ရင် ညာ ဘက်က frame မှာ download.html ဆိုတဲ့ page လေးပေါ် သွားပါမယ်။ Home ကိုနှိပ်လိုက်လည်း home.html ဟာ ညာဘက်က frame မှာပဲ သွားပေါ်ပါမယ်။
အဲဒီလောက်ဆိုရင် နားလည် သိရှိပြီလို့ ထင်ပါ တယ်။
အခုဆက်ပြီး နည်းနည်းအပိုလေး ထည့်ပြောပြ ရစေ။
menu.html page ထဲမှာပဲ home.html လေးကို လှမ်းပြီး ခေါ်ပြတဲ့နည်းပါ။ အဲဒါလေးကတော့ အသုံးဝင်ပါ တယ်။ Home Page မှာ news တွေကို ဖော်ပြတဲ့အခါမှာ အသုံးဝင်လှပါတယ်။

<html>
<head>
<title>Menu</title>
</head>
<body>
<iframe src=”home.html” width=”500" height=”200"></iframe>
</body>
</html>

code လေးက ရှင်းပါတယ်။ <iframe> ပါ။ src ကတော့ ဘယ် page ကို ချိတ်မလဲဆိုတာပါ။ width နဲ့ height ကတော့ ကိုယ်ဖော်ပြချင်သလောက်ပေါ့။ အခုဆို ရင်တော့ ကျွန်တော်တို့တွေ HTML အခြေခံလေးကို လေ့ လာလို့ ပြီးသွားပါပြီ။ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ ဘာ code က ဘာကိုပြောတာလဲဆိုတာပဲ သိနိုင်မှာပါ။ ဘာလို ချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မိမိရဲ့ လေ့လာမှု စွမ်းအားပေါ် မူတည်ပါတယ်။ စာအုပ်ဖတ်ရုံနဲ့ မရပါဘူး။ လိုက်တွေးပါ။ စမ်းကြည့်ပါ။ ဒါမှ တိုးတက်မှုကို ရမှာပါ။ မျက်စိနဲ့ကြည့်ရုံနဲ့တော့ တိုးတက်မှုရှိမှာ မဟုတ်ပါဘူး။ ဒီစာအုပ် ဖတ်ပြီးရင်တော့ “အော် ... ဒီ code က ဒါ အတွက် ရေးထားတာ”
အဲလောက်ပဲ စွမ်းဆောင် ပေးနိုင်မှာပါ။ ငါဒီလို ဆွဲချင်တယ်။ ဒါကြောင့် ဒါကို သုံးရမယ် ဆိုတာကတော့ မိမိရဲ့ အာရုံကွန့်မြူးမှုနဲ့ ဒီစာအုပ်ကို ပေါင်းပြီး အသုံးချရ ရင် ရနိုင်မှာပါ။
ကျွန်တော်တို့တွေ ဘာတွေ ဆက်ပြီးလေ့လာဖို့လို သေးလဲဆိုတော့ အများကြီးပါ။ HTML ကို ဒီစာအုပ် အဆင့်လောက်သိသွားပြီဆိုရင်တော့ CSS ကိုဆက်ပြီး လေ့လာဖို့လိုပါတယ်။ အဲဒီနှစ်ခုတတ်ပြီးရင်တော့ နည်း နည်းလေး ရေးဆွဲရတာ လွယ်သွားအောင် Dreamweaver သုံးပြီးဆွဲစေချင်ပါတယ်။ ပြီးရင်တော့ Javascript ပေါ့။ အဲဒီဟာတွေ ပြီးသွားရင် photoshop နဲ့ Flash နည်းနည်း သုံးတတ်ဖို့လိုပါတယ်။ Webdesigner တစ်ယောက်အနေ နဲ့ လေ့လာဖို့ပြောတာပါ။ web developer အနေနဲ့လည်း CSS, Javascript, Phtoshop, Flash တို့ကို အနည်းအကျဉ်း လေး သိရှိနားလည်ထားဖို့ လိုပါတယ်။ ပြီးရင် web programming တွေ လေ့လာရမှာပါ။ .NET သမားတွေ ဆိုရင်တော့ ASP.NET ပေါ့။ Java သမားဆိုရင်တော့ JSP ရှိပါတယ်။ အခြားလွယ်ကူစွာ လေ့လာချင်ရင်တော့ php က အလွယ်ဆုံးပါ။ နောက်ဆုံး technology တွေနဲ့ ကောင်း ကောင်းရေးလို့ရတဲ့ Ruby On Rails နဲ့ python တို့ကိုလည်း လေ့လာနိုင်ပါသေးတယ်။ အများကြီး လေ့လာဖို့တွေ ရှိပါ တယ်။ ဦးစွာတော့ HTML ကို သေသေချာချာ တတ်ကျွမ်း ထားဖို့ လိုပါတယ်။

Source : Knowledge Bridge

Friday 30 December 2011

အန္တရာယ်ရှိသော ကြက်တောင်ပံများ..

အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..

ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက ကျမ သူငယ်ချင်းမ တယောက် သူ့ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…
အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...

သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ပဲ ထင်ခဲ့တာပေါ့..

ဒါပေမယ့်.. သူထင်တာနဲ့တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်..ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…



ဒုက္ခပါပဲနော်..
သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..

ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..
ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....
ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက်စားသလား .. တဲံ့...

သူမက.. စားပါတယ် လို့ပဲဖြေတယ်.. စားလဲ စားတာကိုး..

သူမ ကြက်တောင်ပံကြော်အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့ တောင်အံ့သြတကြီးပြန်မေး မိသေးတယ်..

ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..
ဒီနေ့ခေတ်မှာ
ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို့ Steroids ဟိုမုန်းတွေပါတဲ့ကြီးထွားဆေးတွေ သုံးလာကြပါတယ်.. .

Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့.တောင်ပံနဲ့ လည်ပင်းနေရာတွေမှာ
ပဲ အမြဲထိုးပေးလေ့ရှိတယ်..
ဒါကြောင့်. Steroids ဟိုမုန်းတွေအများဆုံးစုနေတဲ့နေရာကတော့တောင်ပံနဲ့ လည်ပင်းတွေမှာပါပဲ..
ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..

ဒါဟာဘာအတွက်လဲ..
တကယ်တော့ သူတို့ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ ပဲမဟုတ်လား… .
ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ…
အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်..

ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..

ကျမတို့မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..
ကျမတို့ရဲ့ ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ရာ ပိုပြီိးအရေးကြီးပါတယ်..

ဒါကြောင့် မမတို့ကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ခန္ဒာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံ် ကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ...

အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်ခင်မင်စွာဖြင့်..


Source : Friendsdaygroup

Zawgyi-One


Click




Firefox ကိုဖွင့်....
Tool-> Content ကို ၀င်လိုက်ပါ..
Font And Colour တွင် Advanced ကိုဝင်ပါ...
Font တွေကို Zawgyi-one လို့ပြောင်းလိုက်ပါ...
Font Size ကိုလည်း သင့်တော်ရာပြင်လိုက်ပါ....
UTF-8 ကိုသုံးပါ...
ပြီးရင် OK ပေါ့...



Internet explorer မှာဇော်ဂျီ သုံးချင်ရင်
အရင်ဆုံး notepad ကိုဖွင့်ပါ...

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် C:\ie.css နဲ့သိမ်းလိုက်ပေါ့....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified on web pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
C:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
မြန်မာလို... IE တစ်ခုလုံး Zawgyi font ဖြစ်သွားမယ်

Thursday 29 December 2011

Download လုပ်နည်းများ - နေမင်းမောင်

                                                    Mediafire အတွက်ဒေါင်းလုတ်ယူနည်း



ဒီမှာနှိပ်ပြီး
သွားလိုက်ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

PEEKABOO ပို့စ်ခေါက်နည်း - ညီနေမင်း (နည်းပညာ)

ပို့စ်ခေါက်နည်းကို ကျွန်တော်ပြောပြပါ့မယ် .
မပြောချင် template ကိုတော့ back up လုပ်ထားဖို့ မမေ့ပါနဲ့ .. ဒါမှ ကိုလုပ်တာ မှားယွင်းသွားရင် အရင် Blog ပုံစံအတိုင်း ပြန်ရမှာပါ .

(၁) blogspot ကို log in ၀င်လိုက်ပါ ..
(၂) Layout >> Edit HTML ကိုသွားပါ ..
(၃) </head> ကို ရှာပါ </head> မဆုံးခင်လေးမှာ အောက်မှာ မှင်အနီနဲ့ ပြထားတဲ့ script ကို ကူးထည့်လိုက်ပါ။



<script src="http://www.sigmirror.com/files/27055_aeosc/myhacko.js" type="text/javascript" />

(၄) ပြီးတာနဲ့ save လုပ်ပါမယ် ..

နောက်တစ်ဆင့်ထပ်သွားပါမယ် .
(၅) layout >> Html မှာ Expand widget Templates ဆိုတာလေးကို check လုပ်ထားပေးပါ။
(၆) Ctrl+F ကို နှိပ်ပြီး ပေါ်လာတဲ့ search box မှာ id='post' လို့ ထည့်ရှာလိုက်ပါ။ ပြီးတာနဲ့ အောက်ပါအတိုင်း ဟုတ်ရဲ့လားဆိုတာကို လိုက်စစ်ကြည့်လိုက်ပါ . မဟုတ်ဘူးဆိုရင် အောက်ကအတိုင်း လိုက်ပြင်ပေးပါ . တူညီအောင် သေချာလိုက်စစ်ပြီး ပြင်ပေးလိုက်ပါ . အဲ့လို မလုပ်ချင်ရင်လဲ နံပါတ် (၇) နည်းအတိုင်း လုပ်ကြည့်လိုက်ပါ...


<b:includable id='post' var='post'>
<div class='post uncustomized-post-template' expr:id='"post-" + data:post.id'>
<a expr:name='data:post.id'/>
<b:if cond='data:post.title'>
<h3 class='post-title'>
<b:if cond='data:post.url'>
<a expr:href='data:post.url'><data:post.title/></a>
<b:else/>
<data:post.title/>
</b:if>
</h3>
</b:if>

<div class='post-header-line-1'/>

<div class='post-body'>
<b:if cond='data:blog.pageType == "item"'>
<p><data:post.body/></p>

<b:else/>
<style>#fullpost {display:none;}</style>
<p><data:post.body/></p>
<span id='showlink'>
<p><a expr:onclick='"javascript:showFull(\"post-" + data:post.id + "\");"' href='javascript:void(0);'>
Read More...</a></p>
</span>
<span id='hidelink' style='display:none'>
<p><a expr:onclick='"javascript:hideFull(\"post-" + data:post.id + "\");"' href='javascript:void(0);'>
Thank...</a></p>
</span>
<script type='text/javascript'>
checkFull("post-" + "<data:post.id/>");
</script>
</b:if>

<div style='clear: both;'/> <!-- clear for photos floats -->
</div>


အပေါ်က စာလုံးအနီပြထားတဲ့နေရာမှာ မြန်မာလိုလဲ အစားထိုးလို့ရပါတယ် .
Read More နေရာမှာ ဆက်လက်ဖတ်ရှု့ရန် (သို့) သင်ကြိုက်နှစ်သက်ရာ
Thank နေရာမှာ ကျေးဇူးတင်ပါတယ် (သို့) သင်ကြိုက်နှစ်သက်ရာ ကိုပြောင်းနိုင်ပါတယ် .

(၇) အပေါ်ကလို ပြန်ပြင်နေရမှာ ကြောက်နေရင် အောက်ကတစ်နည်းနဲ့ စမ်းကြည့်လိုက်ပါ ..
<b:includable id='post' var='post'> နှင့် <div style='clear: both;'/> <!-- clear for photos floats --> </div> ကြားထဲမှာ ရှိတဲ့ စာသားတွေအကုန်လုံးကိုဖျက်ပြီး အပေါ်က ပေးထားတဲ့အတိုင်း အစားထိုးလိုက်ရင်လဲဖြစ်ပါတယ် ....

(၈) အားလုံးပြီးသွားရင်တော့ Setting >> Formatting Tab ကိုသွားပြီး Post-Template နေရာမှာ အောက်က မှင်နီနဲ့ ရေးထားတဲ့ စာသားလေးများကို ရိုက်ပါ။

Type your summary here.
<span id="fullpost">
Type the rest of your post here.
</span>


(၉) ပြီးတာနဲ့ Save လုပ်ပါ။


ပို့စ်တင်တဲ့နေရာမှာ ကိုက တစ်ခု သိထားရမှာရှိပါတယ် .Type your summary here. ဟာ နိဒါန်း တစ်နည်းအားဖြင့် ပို့စ်တင်တဲ့အခါမှာ ပြထားမယ့် စာအနည်းငယ်ပါ ..
Type the rest of your post here. ကတော့ ကျန်တဲ့ စာအကုန်လုံးကို ရိုက်ထည့်ရမှာပါ .. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် .




Source : ညီနေမင်း (နည်းပညာ)

Wednesday 28 December 2011

တကယ်လို့ တစ်နေ့နေ့မှာ..... - နိုင်းနိုင်းစနေ

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ "ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။ နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။ ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။ တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...






တကယ်လို့ တစ်နေ့နေ့မှာ နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။ ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။ ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။

တကယ်လို့ တစ်နေ့နေ့မှာ နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။ ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။ ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။ နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။ နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။ ခံစားချက်ကမ္ဘာထဲမှာ "မျှတ"တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။ နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ။

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။ နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။ ဒါတွေဟာ ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်းငါသိတယ်။ ဒါတွေက နေ့တိုင်း နင်ရနေတတ်တဲ့ ငါ့ရဲ့ဖုန်း၊ ငါ့ရဲ့voice message၊ ငါ့ရဲ့နားပူနာဆာ၊ ငါ့ရဲ့မှီတွယ်ချင်စိတ်တွေမှာ နင်အကျင့်ပါနေလို့ပါ။ လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတော့တဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ခဲ့ပါတယ်။

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့ရှေးဘဝ၊ ဒီဘဝမှာလည်း ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲ မသိခဲ့ဘူး! နင်ကတော့ နင်ပါပဲ... ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား! နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား! နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။ နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။ အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်။

ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။ ငါဟန်ဆောင်ကောင်းခဲ့တယ်၊ ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ကောင်းခဲ့ပါတယ်။ နင်ပြောခဲ့ဖူးတယ်... နင့်ဘဝမှာ ငါမရှိတော့တဲ့တစ်နေ့ နင်ဘာဖြစ်မယ်ဆိုတာကို နင်မသိဘူးတဲ့! ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့သင့်ဘူး။ နင့်ကို တိတ်တခိုးချစ်၊ အရာရာကို ကျိတ်မှိတ်ခံ၊ နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကိုတစ်ယောက်ထဲလွမ်းတဲ့သူပဲ ဖြစ်သင့်ခဲ့တာ။ ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ ခံစားသွားတယ်.... အဲဒီနောက်တော့ နင့်ကိုငါ ခွဲထွက်သွားတယ်။

မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်......


မူရင်း... http://www.duwenzhang.com/wenzhang/aiqingwenzhang/shanggan/20080723/13157.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ (ဘာသာပြန်ရင်းနဲ့တောင် ငိုချင်လာတယ် အဟင့် !_! )

Source : နိုင်းနိုင်းစနေ

ကွန်ပျူတာ မြန်အောင်ပြုလုပ်နည်း - Htun May

ကွန်ပျူတာ speed မြှင့်ခြင်းအကြောင်းလေးပါ။
ကဲလုပ်ကြည့်ရအောင်

(1) Start > Run သွားပါ။ prefetch ရိုက်ထည့်လိုက်ပါ။အဲဒီမှာတွေ့တဲ့
folder ထဲက file တွေကို delete လုပ်လိုက်ပါ။ပြီးရင် ပြန်ပိတ်လိုက်ပါ။
နောက် Run မှာပဲ regedit ဆိုတာရိုက်လိုက်ပါအုန်း။ Registry Editor box
ပေါ်လာပါလိမ့်မယ်။အဲဒီမှာ HKEY_CURRENT_USER >>Control Panel >> Desktop
Desktop ကို click ပေးလိုက်ပါ။ အဲဒီမှာ MenuShowDelay ကိုရှာ ။ပြီးရင်right click>>Modify
လုပ်လိုက်ရင် ပေါ်လာမဲ့ box မှာ from 400 to 0 ကိုပြောင်းပေးပါ။ပြီးရင်ပိတ်လိုက်ပါ။

(2) My Computer ကိုright click>> properties >>Advanced >>Settings >>visual Effects မှာ -
Adjust for best appearance ကိုရွေးပေးပါ။ ကိုယ့်စက်ကိုတော်တော်ကြီးကိုမြန်ချင်တဲ့သူကတော့
Adjust for best performance ကိုရွေးပေးပါ။ပြီးရင် အောက်ကဇယား အောက်ဆုံးက
Use visual styles on windows and buttons ကိုပဲ click လုပ်လိုက်ပါ။ကျွန်တော်ကတော့
screen စာသားလေးတွေမှိန်သွားတာကိုမကြိုက်လို့ Adjust for best appearance ကိုပဲရွေးလိုက်ပါတယ်။
မြန်ချင်သူများအတွက်ပြောတာပါ။ ပြီးရင် apply လုပ်ပါ။

(3) Advanced >> change မှာ Custom size မှာ initial size ကို
2000 Maximum size ကို 4000 ပေးပါ။ ပြီးရင် set , ok ပေးပါ။ပြီးရင် Apply , ok ပေးပါ။


Read More...

Tuesday 27 December 2011

ကွန်ပြူတာ Memory သန့် ရှင်းအောင်လုပ်နည်း - ပုသိမ်သားလေးဖြိုးဝေ

၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊
၂. Type the location of the item လိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊

%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

ကွန်ပျူတာသိသိတာတာမြန်ဆန်လာလိမ့်မည်!အားလုံးလည်းကြိုက်ကြမယ်လို့မျော်လင့်ပါတယ်။


Source : ပုသိမ်သားလေးဖြိုးဝေ

Blog - မိုးထက်မြင့် (နည်းပညာ)


Click

Blog and Html - ညီနေမင်း(နည်းပညာ)


Click

ဘလော့ - နေမင်းမောင်


Click

how to remove trojan-dropper vbs agent ? - နေမင်းမောင်

ညကပေါ့ဗျာ ကျနော့်စက်ကို USB stick လေး ထိုးလိုက်တာ Extra HDD ထဲက DATA တွေ အကုန်

trojan dropper ဆိုတာကိုက်ပါရော..သူငယ်ချင်းစက်မှာက Microsoft Essential သုံးတယ် သူ့ကို

မတွေ့ဘူးတဲ့လေ သူက ဘယ်လိုမျိုးလဲ ဆိုရင် သုံးနေတဲ့ Window ကိုဘာမှမဖြစ်ပဲ ကျနော်တို့ Extra

HDD တို့ တခြား တခုခု တပ်ထားရင် အဲ့မှာသွားပြီးတော့ Effect ဖြစ်တယ်ထင်တာပဲ.stick လေးကို

တပ်လိုက်တော့ လက်ရှိသုံးနေတဲ့ kaspersky 2011 က alarm ပေးတယ်.ကျနော် သတိမထားလိုက်ဘူး

လေ.ပြီးလဲ ပြီးရော HDD ထဲမှာ Shortcut လေးတွေ အကုန်ဖြစ်ပြီး folder တွေအကုန်ပျောက်ကုန်တယ်

ဘာမှလဲ လုပ်လို့မရတော့ဘူး (တခုသတိပေးချင်တာက virus ကိုက်တယ်လို့ သံသယရှိနေရင် တခြား


partations တွေကိုလုံးဝမဖွင့်ပါနဲ့ 



ဥပမာ ကျနော့်ဆီမှာ C,D,E,F ပါတေးရှင်း ၄ခုရှိတယ်ထား C ထဲကဖိုင်
တွေ မူမမှန်ဘူး Folder အပိုတွေ ရောက်နေတာ တို့ ဖိုင်တွေက shortcut တွေဖြစ်ပြီးဖွင့်မရတော့ဘူးဆို
ရင် နောက်ထပ် ပါတေးရှင်း ၃ခုကိုထပ်ပြီးတော့မဖွင့်မိပါစေနဲ့ ဘာလို့လဲဆိုတော့ autorun ဆိုတဲံအမျိုး
က ပါတေးရှင်းတွေ ဖိုဒါတွေကိုကို ၂ချက်ကလစ်လုပ်ပြီး ဖွင့်လိုက်တာနဲ့ တန်းပြီးတော့ အလုပ်လုပ်ပြီလေ)


အဲ့ဒါနဲ့ ကျနော်လဲ ဘယ်လို remove ပြန်လုပ်ရမလဲဆိုတာ online မှာလိုက်ရှာကြည့်တယ်.အမျိုးမျိုး
သော antivirus seller တွေက သူတို့ ဆော့ဝဲနဲ့ရှင်းမှရမယ် ဘာညာဆိုပြီးရေးတာပေါ့ဗျာ.Dr.Web တို့
ဘာတို့ သုံးမလားဆိုပြီး ဖတ်ကြည့်တော့ သူ့ဆော့ဝဲအကြောင်းရေးထားတာပဲ ဘယ်လိုသုံးတယ် ပေါ့
ကောင်းကောင်းရှင်းပြထားတဲ့ ဆိုဒ်ကိုမတွေ့ဘူး.


ဒါနဲ့ ကျနော် အရင်က သုံးဘူးနေတဲ့ combofix လေးကိုသွားပြီးတွေ့တယ်.သူ့ဆိုဒ်ကိုသွားပြီးတော့
tutotial လေးကိုတချက်လောက်ပြန်ကြည့်ပြီး လုပ်ကြည့်လိုက်တယ် စက် လဲ restart ကျပြီးတော့ ကျနော်
ကိုက်ခံရတဲ့ trojan လစ်သွားရောလေ ဖိုင်တွေ အကုန်ပြန်ရတယ်ခုနဖြစ်နေတဲ့ shortcut တွေကို အကုန်
ဖျက်ပစ်လိုက်တယ်.အဲ့တော့မှပဲ နဲနဲအသက်ရှူချောင်တော့တယ် မဟုတ်ရင် Extra HDD ထဲမှာပဲ ကျနော်က
အကုန်စုထားတာဆိုတော့ ပြန်ရလိုက်လို့ ကံကောင်းသွားတယ်၊၊ :)



ဒီပို့လေးကိုလဲ ကျနော်လို ဖြစ်တဲ့ သူတွေအလွယ်တကူရှင်းနိုင်အောင် ကျနော် ဖြစ်ခဲ့တာလေးကိုပြန်ရှယ်ပေး
လိုက်တာပါ.
Download Combofix
Combofix Guide
Trojan dropper အကြောင်းကိုသိချင်ရင် အောက်မှာသွားကြည့်ပါ
Virus Name : Trojan-Dropper.Agent.21
Named By : VirusBlokAda
click here




မူရင်း : Link

Monday 26 December 2011

Microsoft Windows 7 complete - နေမင်းမောင်


Click

ကျွန်တော် ဒီစာအုပ်လေးကို တင်ပေးလိုက်ရတာကတော့ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ကွန်ပျူတာကို အမြဲလိုလို အသုံးပြုနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီဝင်းဒိုးမှာ ရှိတဲ့ Tools လေးတွေ နဲ့အစိတ် အပိုင်း လေးတွေရဲ့ အခေါ်အဝေါ်တွေကို သိသင့်သလောက်လဲသိမယ် ပေါ့ဗျာ။ မသိတာတွေလည်း အများကြီးရှိပါတယ်။ ဒီစာအုပ်လေးထဲမှာ ကျွန်တော်တို့ကို အသေးစိတ်ပုံလေးတွေနဲ့ပါ ရှင်းပြပေးထားပါတယ်။

FormatFactory 2.80 Portable Multilingual - နေမင်းမောင်


Source : နေမင်းမောင်

အခု ကျွန်တော်တို့ အားလုံးပဲသိတဲ့ အတိုင်း FormatFactory ရဲ့ နောက်ဆုံးထွက်လာတဲ့ Update လေး ဖြစ်ပါတယ်။ ကျွန်တော်လည်း Portable လေးပဲသုံးပါတယ်။ သုံးရတာလည်း အဆင်ပြေတာကြောင့် Portable လေးကိုပဲ တင်ပေးလိုက်ပါတယ်။ သုံးနေတဲ့သူအများစုကတော့ ဒီကောင်လေးရဲ့ Features လေးတွေကိုသိကြမှာပါ။ ကျွန်တော်တို့ Video ဖိုင်တွေ Music ဖိုင်တွေ နဲ့ Photos လေးတွေကိုပါ ပြောင်းလဲပေးနိုင်တဲ့ Converter လေးတစ်ခုပဲဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 48.3 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.. ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ..

FormatFactory 2.80 Portable Multilingual



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Saturday 24 December 2011

ချစ်တော့ချစ်တယ်


Click


Slide Show ဆော့ဝဲ - ကိုကြီးလေး


Source : ကိုကြီးလေး
ဓါတ်ပုံတွေနဲ့ SlideShow တွေ ဗီဒီယိုတွေကို ရုပ်ရှင်ပြန်လုပ်တဲ့ဆော့ဝဲလေးပါခင်ဗျာ။ကောင်းတာကတော့ဓါတ် ပုံ SlideShow တွေအတွက်တော်တော်ကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ Transition တွေနဲ့ Effect တွေ ကအများကြီးပါခင်ဗျာ။ဆိုင်မှာအလုပ် လုပ်တဲ့သူတွေအတွက်ကတော့တော်တော်လေး အသုံးဝင်မယ်လို့ထင်...
ဗားရှင်းအသစ်လေးကိုဒေါင်းပြီးတော့ Key အဟောင်းနဲ့ပြန်စမ်းကြည့်ပါတယ်။အားလုံးအိုကေတယ် ဆိုလို့တင် ပေးလိုက်တာ။အသုံးလိုနေတဲ့သူတွေအတွက်အောက်မှာဒေါင်းလိုက်ပါခင်ဗျာ။မနက်ဖြန်ကျရင် ပိုစ့်များများတင် ပါမယ်။စောင့်၍ဖတ်ကြပါလို့။
 
FileSize : 28.4MB

Download Here

Windows 7 - မိုးထက်မြင့် (နည်းပညာ)


ဒီမှာ
သွားလိုက်ပါ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Thursday 22 December 2011

အတောင်တွေဖွင့်လို့မင်းလည်းပျံသန်းနိုင်တဲ့ တစ်နေ့နေ့မှာ

ပုံပြင်လေးရဲ့အစမှာပေါ့ လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့ ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။ အင်းလေ ကွဲပြားမှူ့တွေဟာ အဲ့ဒီအချိန်က ဘာမှခြားနားတယ်လို့မမြင်ခဲ့ဘူးပေါ့။ တစ်ယောက်ရဲ့ရင်ခွင်ဟာ တစ်ခြားတစ်ယောက်အတွက် နန်းတော်တစ်ခုလိုကို ခန်းနား ရှင်းရှင်းပြောရရင် အဲ့ဒီအချိန်တုန်းက သူတို့ဟာ အပျော်ရွှင်ဆုံးပဲ။အဲ့ဒီအချိန်က သူတို့ရဲ့ကြား ဘာတစ်ခုမှခြားနားမှူ့မရှိအောင်ကို ထပ်တူကြခဲ့တယ်။

သူတို့ဘာကိုမှလည်း ဂရူမစိုက်ခဲ့ဘူးလေ ။ ဒါကိုရိုးသားတယ်လို့ကောက်ခြက်ခြရင်လည်း ဒီလိုသတ်မှတ်လို့ရတယ်။

အင်း ဒါပေမဲ့ အချစ်မှာ ချစ်နေရုံနဲ့မပြီးဘူး။သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့် ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။ လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။ ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်။ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။ အတတ်နှိုင်ဆုံး ကျိုးစားပါတယ်။ ပင်ပန်းသမျှတွေဟာ တစ်ချိန်ကြ ချစ်သူနဲ့ပျံသန်းဖို့ဆိုပြီး အမောတွေပြေခဲ့တယ်။ ငန်းဟာလည်း သူ့ချစ်သူရဲ့ကျိုးစားမှူ့နဲ့ နာကျင်ခြင်းတွေအတွက် ဘဲကလေးကို အရမ်းချစ်မိခဲ့တယ်။ အတောင်တွေနာပြီး မြေပြင်နဲ့ရိုက်မိတဲ့ ဒဏ်ရာတွေကြောင့် နာကျင်မှူ့တွေကို မခံနှိုင်တဲ့အဆုံးနောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။ဘဲလေးက မင်း ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။

ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ဒါပေမဲ့ အားအင်တွေ အရမ်းကုန်ခမ်းတယ်။ ခဏလေးပဲ ပျံသန်းနိုင်တယ်။

မြေပြင်ကို ရောက်တော့ ဘဲပြုံးတယ်။ ကောင်ကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို လှပတယ်။ ငန်းကို ချစ်မိတာ အရမ်းကောင်းတာပဲလို့ စဉ်းစားတယ်။အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး ပျံသန်းခိုင်းတယ်။ မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။ဟုတ်တယ်လေ အပျံသင်ခါစ ငန်းအတွက်က သူ့ဟာသူတောင် ကျိုးစားပျံသန်းနေရတာကို။

ဒါပေမဲ့ သူဟာ ဘဲကလေးကို အရမ်းချစ်တယ် အဲ့ဒီအတွက် သူဟာ သူရင်းနှီးနေတဲ့အရာတွေနဲ့ မိတ်ဆက်ပေးလိုက်တော့ ဘဲကအရမ်းစွဲလန်းသွားတယ်။ ဒီလိုနဲ့ ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။ ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့ တစ်ရက်မှာ ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး ဘဲက ထူးဆန်းနေတဲ့အချိန်မှာပဲ ဘဲကို ဆွဲထားတာကို တဖြည်းဖြည်း လွှတ်လိုက်တယ်………….ငန်းကမျက်ရည်တွေကြပြီး ကောင်းကင်ရဲ့အမြင့်ဆုံးကို ရောက်အောင် ဆက်ပြီး ပျံသန်းသွားတယ်။

ဒီလိုနဲ့ တနေ့နေ့မှာ ကောင်းကင်အမြင့်ကြီးမှာ ရင်ကွဲပက်လက်နဲ့ ပျံနေတဲ့ ငန်းတစ်ကောင်ကိုတွေ့လိမ့်မယ်။ သူပျံသန်းလိမ့်မယ် ။ ကြယ်တွေထက်မြင့်အောင် လဆီရောက်အောင်ထိပျံသန်းလိမ့်မယ် ။ ဘဝဆိုတာက သူ့အတွက် ပျံသန်းဖို့ပဲမဟုတ်လား အားလုံးဟာ ချစ်သူဆီက ရနိုင်တာလေးနဲ့ ကျေနပ်ရောင့်ရဲတင်းတိမ်တတ်ရင် ကောင်းတာပေါ့ ။ ရထားတာလေးကို မြတ်နိုးတတ်ရမယ်။ အဲ့ဒီအတွက်လည်း ကိုယ့်ချစ်သူကို ကျေးဇူးတင်တတ်ရမယ် ။ လိုချင်မှုတွေများလာတာ ချစ်သူရဲ့အရည်အချင်းကိုသာ မက်မောတာဟာ မစစ်မှန်ခြင်းပဲပေါ့......


Source : စင်္ကာပူရောက်မြန်မာများ

အင်္ဂလိပ် - မြန်မာ - အင်္ဂလိပ် အဘိဓာန် - ညီနေမင်း(နည်းပညာ)


Click
 english - myanmar , myanmar-english dictionary ပါ . နှစ်မျိုးစလုံးသုံးလို့ရပါတယ် . ctrl + shif နှိပ်ပြီးတော့ ပြောင်းသုံးနိုင်ပါတယ် . ကျွန်တော်ကတော့ သဘောကျပါတယ် . စာဖတ်ပရိတ်သတ်များ အဆင်ပြေမယ် ထင်လို့ တင်ပေးလိုက်ပါတယ် . အားလုံးပဲ အဆင်ပြေနိုင်ပါစေဗျာ . ကဲ အောက်မှာ download လုပ်ယူလိုက်ပါ .

Download ifile.it | Download mediafire | Download ziddu | Download zshare

မိန်းကလေးရင်ထဲက စကား - နိုင်းနိုင်းစနေ

(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။

ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။


(၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။

တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ

(၃) ယောက်ျား
သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ်
ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။

(၄) မိန်းမ
သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။

(၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။

လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။

(၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး စိမ်းစိမ်းသွားတော့တယ်။

(၇) အချစ်မှာ လူကိုအနာကျင်စေဆုံးက "အမှတ်တရ"ဖြစ်တယ်။
တကယ်လို့ အမှတ်တရတွေသာ မရှိခဲ့ရင် ဒီလောက်နာကျင်လိမ့်မှာ မဟုတ်ဘူး။

(၈)လမ်းခွဲလိုက်ပြီဆိုတာနဲ့ သူ့ဘဝကို သွားမနှောင့်ယှက်နဲ့တော့... ပြန်လည်တွေ့ဆုံခဲ့ရင်လည်း အမုန်းရန်ငြိုးမထားနဲ့..... ခေါင်းတစ်ချက်ညိတ် ပြုံးပြလိုက်ပါ။

(၉) မိန်းကလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ ချောခဲ့ချောခဲ့၊ ဘယ်လိုပဲ မာနာကြီးခဲ့ကြီးခဲ့ နောက်ဆုံးမှာ ယောက်ျားတစ်ယောက်အတွက် ဖြစ်သွားတယ်။

ယောက်ျားလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ လွတ်လပ်ခဲ့လွတ်လပ်ခဲ့၊ ဘယ်လောက်ပဲ ထကြွခဲ့ထကြွခဲ့ နောက်ဆုံးမှာ မိန်းမတစ်ယောက်အတွက် ရုန်းကန်ရတော့တယ်။

(၁ဝ) မိန်းကလေးများ တစ်ခုခု စိတ်ကြိုက်ဖြည့်စွက်ပါ...

အင်တာနက်ပေါ် ရှာဖွေဘာသာပြန်သည်။


Source : နိုင်းနိုင်းစနေ

"ကောင်းရော" - စင်္ကာပူရောက် မြန်မာသူနာပြုများ

အများသုံးအိမ်သာထဲတစ်ခုထဲဝင်ပြီး ကမုတ်ထဲဝင်ထိုင်ကာရှိသေးတယ် ဟိုဘက်အိမ်သာထဲက

" နေကောင်းလား " တဲ့ လှမ်းနှုတ်ဆက်တယ် ။

ဒီနေရာမျိုးမှာ အလာပ သလာပ စကားပြောရတာ စိတ်မသက်သာရှိလှသည် ။ ဒါပေမယ့် မကောင်းတတ်တော့ . . .

" နေကောင်းပါတယ် "

ဟုသာပြန်ပြောလိုက်သည် ။ ဘာပဲဖြစ်ဖြစ်လေ . . . .

ကိုယ့်ကိစ္စကိုယ်ဆက်ရှင်းမယ်ကြံကာရှိသေး . . . . ဟိုဘက်ကထပ်မေးလာပြန်သည် ။

"ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ" တဲ့

ဘယ်လိုလဲဟ . . ဒီနေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းမျိုးကို ဘယ်လိုလုပ်ဖြေရမလဲ ။

"ခင်ဗျားလိုပဲပေါ့ဗျာ" လို့ပြန်ဖြေလိုက်ပါတယ် ။

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့စိတ်ကူးလိုက်တယ် ။ ဒါပေမယ့် နောက်မေးခွန်းတစ်ခုထပ်ထွက်လာပြန်သည် ။

"ကျွန်တော်လာခဲ့ရမလား" တဲ့

ဘာတွေမေးနေတာလဲဟ ။ စိတ်ထဲမှာတော်တော်လေးအံ့သြစိတ်ညစ်ဖြစ်သွားတယ် ။ ဒါပေမယ့် အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ်။

" မလုပ်ပါနဲ့ဗျာ ကျွန်တော်လဲဒီမှာအလုပ်ရှုပ်နေတယ်လို့ပေါ့ "

ဟိုဘက်ကလဲထပ်မေးလာပြန်တယ် ။

" စားပြီးပြီလားတဲ့ "

စိတ်ထဲမှာတော်တော်လေး ဘုသွားတယ် ။ ဘယ်လိုလူလဲရိုင်းလှချည်လားဆိုပြီး ပြန်ပြီးရန်တွေ့မယ်လုပ်တော့ . . . . . . . . . .
ဟိုဘက်ကအသံတစ်ခု ထပ်ပြန်ကြားလိုက်တယ် ။

" နောက်မှပဲပြန်ဆက်လိုက်မယ်နော် ။ သူငယ်ချင်းကို ကိုယ်မေးနေသမျှ ဟိုဘက်ခန်းက
ဘယ်က ငကြောင်လဲမသိဘူး ရူးကြောင်မူး ကြောင်နဲ့ ငါပြောသမျှလိုက်လိုက်ဖြေနေတာတဲ့လေ "

" ကောင်းရော "


Source : စင်္ကာပူရောက် မြန်မာသူနာပြုများ

Wednesday 21 December 2011

Genuine Activators For Window Xp, Vista, 7 (x86/x64) - နေမင်းမောင်


Source : နေမင်းမောင်
 
Genuine Activators For Window Xp, Vista, 7  



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ.ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Window 7 activated မဖြစ်သူများနှင့် Genuine မဖြစ်သူများအတွက် - ညီနေမင်း(နည်းပညာ)


Source : ညီနေမင်း(နည်းပညာ)
 
အခုဒီနေ့အထိ ထွက်သမျှ loader ထဲက အကောင်းဆုံးနဲ့ အဆင်အပြေဆုံး loader တွေကို ပေါင်းပြီးတော့ တင်ပေးလိုက်ပါတယ်. version 2.0.2,5,6,8 လေးမျိုး တင်ပေးလိုက်ပါတယ်. 2.0.8 ကတော့ နောက်ဆုံးထွက်ပါ. အရင်က တင်ပေးတဲ့ window 7 loader နဲ့ အဆင်မပြေသူများ အခုတင်ပေးလိုက်တဲ့ loader နဲ့ စမ်းလိုက်ပါ ရကို ရသွား ပါလိမ့်မယ်. သုံးနည်းကတော့ အရင်အတိုင်းပါပဲ. install လုပ်လိုက်ပြီး ခဏစောင့်လိုက် ကွန်ပျူတာကို restart တောင်းရင် restart ပေးလိုက်ပါ. window activated ဖြစ်သွား ပါလိမ့်မယ်. အထဲမှာ license key ပါ ထည့်ပေးထားပါတယ်. window 7 version အားလုံးအတွက် ပါပါတယ်. loader တွေကတော့ မကြာခဏ အဖျက်ခံရပါတယ်. ဒါပေမယ့် ကိစ္စမရှိပါဘူး. တင်ထားတာ အဖျက်ခံရလဲ ထပ်တင်ပေးပါ့မယ်. အမြန်ဆုံးသာ အောက်မှာ Download လုပ်လိုက်ပါ. မရှိမဖြစ် ဆောင်ထား သင့်ပါတယ်.

Download mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload

Tuesday 20 December 2011

ဆင်ဆာဖြတ်ကြမယ်

Word 2010 အသုံးပြုနည်း(မြန်မာလို) - ညီနေမင်း(နည်းပညာ)


Source : ညီနေမင်း(နည်းပညာ)
 
ဒါကတော့ microsoft office word 2010 အသုံးပြုနည်းစာအုပ်ပါ. ဒါကတော့ မေးလ်ကနေ ပို့ပြီးတော့ တောင်းထားတာလေးပါ. အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. အဆင်ပြေတဲ့ link ကနေသာ Download လုပ်လိုက်ကြပါဗျာ.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Excel 2010 အသုံးပြုနည်း(မြန်မာလို) - ညီနေမင်း(နည်းပညာ)


Source : ညီနေမင်း(နည်းပညာ)
 
ဒါကတော့ Excel 2010 ကို အသုံးပြုနည်းစာအုပ်ပါ. ဟိုတစ်ရက်က ညီလေး တစ်ယောက် တောင်းထားတာ တွေ့လို့ တင်ပေးလိုက်ပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်. အောက်မှာ Link တွေအများကြီးကနေ တင်ပေးထား ပါတယ်. အဆင်ပြေတဲ့ Link ကနေသာ Download လုပ်ကြပါ.

Mirrorcreator | ifile | mediafire | Zshare | Ziddu | Megaupload

Monday 19 December 2011

Window 7 အတွက် Zawgyi - မောင်စေတနာ


Source : မောင်စေတနာ
 Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

A-PDF Office to PDF 5.5.0 - ကိုမြတ်


Source : ကိုမြတ်
 
A-PDF Office to PDF 5.5.0 | 26.7 MB
 Key Features
- Convert Microsoft Office documents (.docx, .doc, .xls, .ppt, .rtf, .wri etc) to PDF files easily
- Convert One File: Quickly convert one office file to PDF via shortcut menu
- Convert a batch of Files: Support drag-and-drop feature to convert multiple Office files to PDF
- Add watermarks, properties, security and page number with one step
- The original texts, images, graphics, tables, layouts and formatting are exactly retained after convert Office documents to PDF files
- Separate graphics from tables and text after convert Office documents (Word, Excel, PPT, etc) to PDF files with Hot Directories Monitor
- Able to set up a monitored directory and save all MS Office files written to that directory to PDF
- Able to recode all of the conversion in log files
- Standalone, need no PDF Acrobat installed in advance
- Support Command line operation in Windows console utility
- Support over 100 languages

Support Various File Formats
- MS Word File: .DOCX, .DOC, .DOT, .TXT, .RTF, .WRI
- MS Powerpoint File: .PPTX, .PPT, .POT, .PPS
- MS Excel File: .XLSX, .XLS, .XLT, .XLC, .XLA, .XLW, .XLM
- MS Publisher File: .PUB
- MS Infopath File: .XML, .XSN
- MS Visio File: .VSD, .VDX
- Image File: .TIF, .TIFF, .FAX, .G3N, .G3F, .XIF, .GIF, .JPG, .JPEG, .JPE, .JIF, .PCX,
- .BMP, .DIB, .RLE, .PNG, .DCM, .DIC, .DICOM, .WMF, .EMF, .TGA, .TARGA, .VDA, .ICB, .VST,
- .PIX, .PXM, .VBMP, .JP2, .J2K, .DCX, .CRW,.PSD, .IEV, .LYR






Related Posts Plugin for WordPress, Blogger...