Photobucket
ပင်မစာမျက်နှာ


N .

Monday 30 January 2012

Templateပြောင်းသည့်အခါWidget တွေပျောက်မသွားအောင်

ဥပမာ-
၁၊၊ဘလော့အသစ်တစ်ခုစဖွင့်မယ်Create new blogဒါကြတော့နမူနာပေါ့နော်၊
၂၊၊ဖွင့်လိုက်သည့်ဘလော့အသစ်မှာမိမိသုံးမည့် templateကိုUpload လုပ်လိုက်မယ်၊
၃၊၊လက်ရှိမိမိသုံးနေသည့်ဘလော့အဟောင်းကိုပြန်သွားမယ်နော်
Dashboardနိုပ်ပြီးLayoutဝင်မယ်>>>Edit HTMLထပ်ဝင်ပြီးရင်

အောက်ကCodeကိုရှာပါ
<div id='sidebar'>
တွေ့ပြီဆိုရင် အောက်ကိုဆက်ကြည့်ပြီးအောက်ကCodeအထိရောက်ပြီဆိုရင်
</div>
အဲဒီCodeနှစ်ခုကြားကCodeတွေကိုCopyလုပ်လိုက်ပြီး
၎၊၊မိမိဖွင့်ထားသည့်ဘလော့အသစ်ထဲမှာပြန်ဝင်ပြီးအပေါ်ကအတိုင်းပေါ့နော်
Dashboardနိုပ်ပြီးLayoutဝင်မယ်>>>Edit HTMLထပ်ဝင်ပြီးရင်
အောက်ကCodeကိုထပ်ရှာပါ
<div id='sidebar'> အပေါ်ကCodeနဲ့အတူတူပါဘဲ၊ တွေ့ပြီဆိုရင်အခုဏCopyလုပ်ထားတဲ့
Widget Codeတွေကိုအာက်မှာpasteပြန်လုပ်ပေးလိုက်ရင် မိမိဘလော့အဟောင်းက အတိုင်းပြန်ဖြစ်သွားမှာပါပြီးပါပြီ။။။



Source : Kp-3နည်းပညာ

Saturday 28 January 2012

Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်သော Program များ

Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်ဖန်တီးပေးနိုင်တဲ့ဆော့ဝဲလေးတွေနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ဒါပေမယ့် ဒီဆော့ဝဲများရဲ့ Tutorial ပြုလုပ်နည်းတွေကိုတော့ ကျနော်မတင်ပြနိုင်သေးပါ။ ကျနော် အချိန်မရတာတစ်ကြောင်း၊ နောက်ပြီး Edit သမားမဟုတ်တာတစ်ကြောင်းရယ်ပေါ့။ အဲဒါတွေအချိန်ပေးနိုင်တဲ့ တစ်နေ့ဆို ပို့စ်အဖြစ်ရောက်အောင် ကျနော်ကြိုးစားပေးမှာပါ။ ကျနော်တို့တတ်တဲ့ သိတဲ့အရာတွေဟာ အများအ တွက်ဖြစ်ဖို့ အာရုံထားဖို့လဲလိုတယ်မလား။

ကျနော်သိသလောက်ပြောရရင်တော့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်တဲ့ဆော့ ၀ဲများဟာ အောက်ပါ ပရိုဂရမ်များတွေပါပဲ။ တစ်ခုချင်းဆီ tutorial ပြုလုပ်နည်းတွေကို နောက်မှပဲရေးတော့မယ်။


Myanmar Calendar on Blogspot

မြန်မာ သက္ကရစ်ခုနှစ်၊ ရက်စွဲများ ဘလော့မှာပေါ်ချင်သူများအတွက် မာ့ခ်၏ ကိုယ်​ပိုင် အတ္တများ
နာမည်ကတော့မိုက်တယ်နော် (နာမည်တွေ့တာနဲ့ကြောက်စရာကြီး) ကျနော်တောင် အဲဒီဆိုက်ရောက်ရင် ကြောက်ကြောက်လာတယ်။သူ့ဆိုက်ကိုရောက်ရင် အသာလေးပြန်လှည့်လာရတယ်။ တော်ကြာဆော်ထည့်
လိုက်မှ ရှိစုမဲ့စုလေးတွေကြွကုန်အုံးမယ်။နောက်တာပါဗျာ....နာမည်ကြမ်းတယ်ဆိုပေမယ့် စိတ်ကောင်းမယ့်
ပုံပါဗျာ။ သူတို့တစ်တွေကိုကြည့်ပြီးအားကျခဲ့ရတယ်။

ကျနော်တို့လို ၀ါသနာမျှသာရှိပြီး နည်းပညာမရှိသူတွေအတွက် အဲဒီဆိုက်တွေကို အားကိုးရတယ်လေ။ တကယ်တော့
သူတို့တွေဟာ နည်းပညာတွေကို အဖိုးအခတစ်ပြားတစ်ချမယူပဲ စေတနာပြည့်ဝစွာဖြင့် ဝေငှတဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် နည်းပညာရေးသားသူအားလုံး ကျနော်က သူတို့ကို မတွေ့မမြင်ရပေမယ့် စိတ်ထဲမှာအမြဲကျေးဇူးတင်မိတယ်။
နောက်ပြီး သူတို့အားလုံးအဆင်ပြေကြပါစေ ထာဝရအောင်မြင်ကြပါစေဆိုပြီး မေတ္တာပို့ပေးခဲ့ပါတယ်။
အဓိကပြောလိုသည်မှာ သူ့ဆိုက်မှာဒီအကြောင်းကိုရေးထားပါတယ်။ အောက်ဆုံးကလင့်ပေးထားပါတယ်။

အော်မြန်မာ ပြက္ခဒိန်ထည့်နည်းက ဘယ်ရောက်နေပါလိမ့်၊ အဲ...ထည့်ချင်ရင် အောက်ပါအတိုင်းလုပ်ပါ....


Make a D'tree Menu at Blog



အချိန်ရတာနဲ့ ဘလော့နဲ့ဆိုင်တဲ့ပို့စ်တင်လိုက်အုန်းမယ်။ ဘလော့ဆိုက်ဘားမှာ dtree Menu လုပ်နည်းလေးပါ။ ဘလော့ဆိုက်ဘားမှာ dtree Menu ထည့်ထားခြင်းသည် ရှုပ်ထွေးတဲ့မိမိပို့စ် Label တွေကို စနစ်တကျရှိပြီး ဘ လော့ကိုလှပစေပါတယ်။ dtree Menu ဆိုတာ ဘာလဲလို့မသိသေးရင် ပုံကိုကြည့်လိုက်ပါ။ မသိသေးတဲ့
ပုဂ္ဂိုလ်များအတွက်ပြောတာနော်။ ဒီစတိုင်လ်သည် dtree Menu ရဲ့စတိုင်လ်လေးပါပဲ။ ကြိုက်ရင် အောက်ပါ
အဆင့်ဆင့်ဖြင့်လိုက်လုပ်ကြရအောင်...

၁။ Dashboard--->>Layout---->>Edit html ကိုသွားပါ။ Template ကို Backup လုပ်ခဲ့ပါ။ (Download Full Template)
၂။ </head>ဆိုတဲ့ Code ကိုတွေ့အောင်ရှာပါ။ တွေ့ရင် အဲဒီ</head>အပေါ်ကနေ အောက်မှာပေး ထားတဲ့ Code တွေကို ထည့်လိုက်ပါ။


Friday 27 January 2012

Window7 update ပေးရင် သတိထား

ကျနော်တို့ window တွေတင်ပြီးလို့ update တွေပေးလိုက်ရင် genuine မဖြစ်တော့ပဲ Update
ထဲမှာစစချင်း တင်ထားတဲ့ keyတွေကိုဖျက်လိုက်တဲ့ update ဖိုင်လေးကို
ဒေါင်းလိုက်မိလို့ပါပဲ၊၊အဲ့လိုဖြစ်သွားရင် activate လေးရမ်းဖို့ လုပ် ၊   မလုပ်ရသေးခင်
မိုက်ကရိုဆော့ essential က ဖျက်ဖြစ် ရွာကိုလည်နေတာပဲလေ၊၊
ဒီတော့ ကျနော်တို့ ဒီ update ဖိုင်လေးကို  အလွတ်မှတ်ထားသင့်နေပါပြီ၊၊အများဆုံးဖြစ်တတ်တာ
လကုန်ခါနီး ရက်တွေမှာ တောင်းတဲ့  updateတွေမှာ ပိုဖြစ်များတတ်ပါတယ်၊၊
အဲ့ Update file လေးနာမည်ကတော့       update KB971033     ပဲဖြစ်ပါတယ် ၊၊
ခုကတော့ သူ့ကို update ပေးမိတဲ့ စက်တွေတွက် ပြန်ပြီး ဖြုတ်တာလေးကိုပြောပြပေးလိုက်ပါမယ်၊၊


စစချင်း update history ထဲမှာ ခုနက ကျနော်ပြောခဲ့တဲ့ နာမည် KB971033
ဆိုတာလေးကိုရှာပါမယ်
  တွေ့ရင် တော့ Control panel ထဲက Control Panel\Programs and Features ထဲကိုဝင်လိုက်ပါ..
ပြီးရင်ဘယ်ဘက် နားမှာ view update history ဆိုတာလေးကို တွေ့ပါလေ့မယ်၊၊ သူ့ကို ထပ်ပြီး ဖွင့်လိုက်ပါ၊
 ကျနော်ပြောတဲ့ နာမည်နဲ့ ဖိုင်လေး တွေ့ရှိရင် ပြန်ပြီး uninstall လုပ်ပေးလိုက်ပါ၊၊

ဒီလောက်ဆို သဘောပေါက်ကျမှာပါ နောက်တခါ update ပေးခါနီးကျရင် တချက်လောက် စစ်ဆေးပြီးမှ စိတ်ချ လက်ချ ပေးစေချင်ပါတယ်
ဒါဆိုရင် အဆင်ပြေကျမှာပါ၊၊


ကျေးဇူးတင်ပါတယ်ခင်ဗျာ။



Source : ကောင်လေးငယ်

Thursday 26 January 2012

kaspersky anti virus 2012

ဒါကတော့ kaspersky anti virus (KAV) နောက်ဆုံးထွက် version ပါ. လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ် . ဖိုင်ဆိုက်က သိပ်မကြီးပါဘူး. တောင်းတဲ့သူများလို့ တင်ပေးလိုက်ပါတယ် . အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် . key ကတော့ ဘယ်လို ထည့်ရတယ်ဆိုတာကို ရေးထားပေးပြီးသားပါ။ ထည့်တတ် မယ်လို့ မျှော်လင့်ပါတယ် . ဆိုက်ရဲ့ ညာဖက်အခြမ်းမှာ kaspersky keys တွေကို version အားလုံးအတွက် အမြဲတမ်း up to date တင်ပေးနေပါတယ် .

Download mirrorcreator | Megaupload | Mediafire | Zshare | rapidshare | ifile.it


ကျေးဇူးတင်ပါတယ်ခင်ဗျာ။



Source : ညီနေမင်း(နည်းပညာ)

သိထားသင့်တဲ့ ကွန်ပျူတာဆိုင်ရာ အခြေခံအချက်အလက်များ



ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 


WinRAR ဆော့ဝဲ 32 bit / 64 bit


မိမိကွန်ပျူတာ System အလိုက် Download ချပါ။မကြည့်တတ်လျှင်ဒီမှာသွားလိုက်ပါ။


Download

Mediafire 32-bit

Mediafire 64-bit

အဆင်ပြေကြပါစေ။

ကွန်ပျူတာလက်ကွက်လေ့ကျင့်ရန်ဆော့ဝဲ


ကွန်ပျူတာစတင်သင်ကြားသူများအတွက်မရှိမဖြစ်လက်ကွက်လေ့ကျင့်ရန်ဆော့ဝဲဖြစ်ပါသည်။(၂)ပိုင်းစလုံးကို Download ချပြီးလျှင် အပိုင်း(၁)တစ်ခုကိုပဲ WinRar ဖြင့်ဖြည်လိုက်ပါ။ရရှိလာသောဖိုင်အသစ်ကို install လုပ်လိုက်လျှင်ရပါပြီ။
ဖိုင်ဖြည်နည်းကတော့အပိုင်း(၁)ကို Rightclick ထောက်ပြီး  Extractfiles... ကလစ်လိုက်ပါ။ပြီးလျှင် Keep broken files ကို အမှန် ခြစ်ပြီး Ok နှိပ်လိုက်ရုံပဲ။


Download
Mediafire Part-1
Mediafire Part-2

ဒါမှမဟုတ်တစ်ခါတည်းလိုချင်လျှင်ဒီမှာDownloadယူလိုက်ပါ။

အဆင်ပြေကြပါစေ။

Tuesday 24 January 2012

shortcut တွေ ပုံစံတူလိုက်ပွားနေတဲ့(folder, .exe) virus ကို ဘယ်လို သတ်မလဲ.


စိုင်းစိုးလှိုင် : မင်္ဂလာပါ ကိုညီ . ကျွန်တော်က ကိုညီနေမင်း သင်ပေးနေတဲ့ နည်းပညာတွေကို ခံယူနေတဲ့ ညီငယ်ပါ။ အခု ကျွန်တော့်စက်က ပြသနာတက်နေလို့ ကူညီပါဦး ကိုညီ... desktop နှင့် စက်ထဲရှိ ဖိုင်အားလုံး Shortcut တွေဖြစ်နေပါပြီ.... ဖွင့်လို့လဲမရတော့ဘူး... အဲ့ဒါ ၀င်းဒိုးမတင်ပဲနဲ့... ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းများရှိရင် ကျွန်တော့်ကို ကူညီပါဦး ကိုညီ....

အဲ့ဒီ့ virus ကို သတ်မယ့်အကြောင်း မပြောခင်မှာ အဲ့ဒီ့ virus ဘယ်လို အလုပ်လုပ်သလဲ အရင်ပြောပြပါ့မယ်.  ဖိုင်ဆိုက်သေးပြီး နာမည်မကြီးလို့များ သွားအထင်မသေးနဲ့နော် သုံးကြည့်လိုက်ဦး. အဲ့ ဒီ့ virus ၀င်လာရင် folder နာမည်တူ .exe format ဖိုင်နာမည်တူ စတဲ့ဟာတွေ အကုန်လျှောက်ပြီး ပေါ်လာပါတယ်. သတ်လို့လဲ မကုန်နိုင်လောက်အောင်ပါပဲ. ဒါပေမယ့် ဘယ်လောက်ပွားပွား စိတ်မပျက်ပါနဲ့ . သတ်လို့ရပါတယ်. ကျွန်တော်ကိုယ်တိုင်လည်း သတ်ခဲ့ပြီးတဲ့ အကောင်းဆုံးတစ်နည်းကို ပြောပြပါ့မယ်. အရင်တုန်းကတော့ antivirus ၂ မျိုးလောက်နဲ့ သတ်ရုံတင်မကဘူး registry ထဲကိုပါ ၀င်ပြီးပြင်ပေးရပါသေးတယ်. အခုတော့ မလိုတော့ပါဘူး. တစ်မျိုးတည်းနဲ့တင် သတ်လို့ရသွားပါပြီ. အောက်မှာ licence version ကိုပါ တင်ပေးလိုက်ပါတယ်. kaspersky နဲ့သတ်ဖို့ကြိုးစားတာ သိပ်အဆင်မပြေလိုက်ပါဘူး. ဘာလို့လဲဆိုတော့ တင်လို့ကို မရလို့ပါ. အဲ့ဒီ့နေရာမှာ မေးစရာရှိပါတယ်. အဲ့ဒါများဗျာ အဲ့ HDD ကို ဖြုတ်ပြီး kaspersky update ဖြစ်တဲ့ စက်မှာ သွားစစ်လိုက်ပေါ့လည်း မပြောပါနဲ့ ကျွန်တော် သတ်ခဲ့တုန်းက အဲ့ဒီ့ laptop က ၀ယ်ထားတာ မကြာသေးတဲ့အတွက် အာမခံ ရှိပါသေးတယ်. အဲ့အတွက်ကြောင့်မို့ အထဲက HDD ကို ဖြုတ်လို့မရပါ. virus တော်တော်များများဟာ သူတို့ ကွန်ပျူတာထဲကို ရောက်ပြီဆိုတာနဲ့ တင်ထားတဲံ (သို့)တင်မည့် antivirus program ကို အလုပ်မလုပ်နိုင်အောင် ပိတ်ထားတတ်ပါတယ်. အခုနည်းလေးနဲ့ ရှင်းပေးလိုက်ပါ. တစ်ခုပဲရှိပါတယ်. virus များရင် သတ်ရတာ လက်ညောင်းမယ် ဒါပါပဲ. ကဲအောက်မှာ ဘယ်လို လုပ်ရမလဲ ကြည့်လိုက်ပါ.

  • download လုပ်လိုက်ပါ. latest version ပါပဲ. အိန္ဒိယက programmar တစ်ယောက် ရေးထားတာပါ။
  • install လုပ်လိုက်ပါ. Settings ထဲကိုသွားပြီး General settings ကိုရွေးလိုက်ပါ. ညာဖက်အခြမ်းမှာ Name ..... , Key ........ ဆိုပြီးတော့ တွေ့ပါလိမ့်မယ်. ကျွန်တော် အခုထည့်ပေးလိုက်တဲ့အထဲက ကြိုက်တဲ့ တစ်ခုကိုရွေးပြီးတော့ activate လုပ်လိုက်ပါ လုပ်ပြီးရင်တော့ သူ့အောက်မှာရှိတဲ့ auto update ဆိုတာတွေကို ဖြုတ်ထားလိုက်ပါ.
  • ပြီးတာနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို ခဏရပ်ထားပြီးတော့ ဘာ program မှ မဖွင့်ပါနဲ့. C:/ ကို အရင်ဦးဆုံး စပြီးစစ်ပါ. virus ကိုပဲ ဖယ်ရှားပေးမှာ ဖြစ်တဲ့အတွက် ဘယ် program ဘယ်ဖိုင်ကိုမှ မထိခိုက်ပါဘူး. အဲ့အတွက် စိတ်ချလက်ချသာစစ်ပါ. My computer ကိုဖွင့် C:/ ကို ညာဖက်ကလစ်ထောက်ပြီးတော့ Scan with Smadav ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ သူ့ဟာသူ စစ်နေပါလိမ့်မယ်. တစ်ချို့ virus တွေဆိုရင် delete လုပ်ခိုင်းပါလိမ့်မယ်. အဲ့ဒီ့အခါကျရင်တော့ delete ကို နှိပ်ပေးလိုက်ပါ. တစ်ချို့ virus တွေကို Quarantine ထဲကို ပို့လိုက်ပါလိမ့်မယ်. အဲ့ virus မျိုးကျရင်တော့ အမှန်ခြစ်ပေးပြီးတော့ delete သာ လုပ်လိုက်ပါ.
 Smadav version.8.8 (2012) (software & key)
Download ifile.it | Mediafire | Download mirrorcreator

အပေါ်က ပါလာတဲ့ ကီးနဲ့ မလုံလောက်ရင် အောက်မှာ ထပ်ပြီးတော့ ကီးတွေ ထပ်တင်ပေးလိုက်ပါတယ်. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.

Download key (ကီးမျှသာ)
ifile.it | Mediafire





Source : ညီနေမင်း(နည်းပညာ)

Monday 23 January 2012

Photo Makeup Editor 1.85


အခုကျွန်တော် ဓာတ်ပုံအလွယ်တကူ ပြုပြင်ချင်တဲ့ သူတွေအတွက် Photo Makeup Editor လေးတင်ပေးလိုက် ပါတယ် .. ဒီကောင်လေးကို ကျွန်တော်တို့ ဘာအတွက် အသုံးပြုနိုင်လည်း ဆိုတော့ ပုံမှန်အတိုင်း ရှိနေတဲ့ ဓာတ်ပုံတစ်ပုံကို မိမိတို့စိတ်ကြိုက် အလှပြင်ယူလို့ ရတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ် .. အပြင်မှာ မိတ်ကပ်လိမ်း သလိုပဲပေါ့ဗျာ .. အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ အသုံးပြု လို့ရအောင် Serials Key လေးပါ ထည့်ပေးထားပါတယ် .. လိုအပ်လို့ အသုံးပြုချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..
 

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ




Source : ကောင်လေးငယ်

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်



ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 

အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 


ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..

အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..
Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..
ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..
ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် .. 
မြန်မာပြည်မှ Phone Verification လုပ်ဖို့  အခက်အခဲ ရှိသူများ ကူညီပေးပါမယ် ..  ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. nayminmaung89@gmail.com သို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် ..  ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်ကလင့်မှာ ယူလိုက်ပါ .. 
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..





Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

G-Mail အကောင့်ကို စိတ်ချလက်ချသုံးကြရအောင်




ကျွန်တော် ဒီအကြောင်းအရာ လေးကို ရေးပေးချင် တာတော့ ကြာပါပြီ .. ဒါပေမယ့် ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက် ဖြစ်နေလို့အခုမှပဲ ရေးဖြစ်သွားတာပါ .. ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးပေးချင်တာပါ .. ဘာပဲ ပြောပြော ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အလွယ်တကူ Recovey ပြန်လုပ် ပေးနိုင်ဖို့ အတွက် မိမိတို့ရဲ့ G-Mail အကောင့် Personal Setting လေးတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း သွားပြီး စိတ်ကြိုက် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ် .. အရင်ဆုံး မိမိတို့ G-Mail အကောင့်ကိုဝင်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Account Setting ကိုသွားလိုက်ပါ ..




ဒီအောက်က ပုံကတော့ Google + အသုံးပြုသူတွေရဲ့ Personal Setting ပုံဖြစ်ပါတယ် .. အောက်ပုံမှာ ပြထားတဲ့ အတိုင်း Change Recovery Option ကိုသွားလိုက်ပါ ..


အာက်ပုံကတော့ ပုံမှန်အတိုင်း Google + အသုံးမပြုတဲ့ သူတွေရဲ့ Personal Setting ပဲဖြစ်ပါတယ် .. ပုံမှာပြထားတဲ့အတိုင်း Recover your password ကိုသွားလိုက်ပါ ..


အောက်ပုံမှာပြထားတဲ့အတိုင်း Verify လုပ်ပေးလိုက်ပါ ..


အောက်မှာ ကျွန်တော် 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ် .. နံပါတ် ( )ကတော့ ကျွန်တော်တို့ recovery email address ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့ စိတ်ကြိုက် အကောင့်တစ်ခုကို ပြောင်းလို့ရပါတယ် .. ဒါမှသာ Recovery ပြန်လုပ်တဲ့ အခါမှာ Recovery Email Address ကိုအလွယ်တကူ ပြန်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..  နံပါတ် ( ) ကတော့ ကျွန်တော်တို့ Security question ကို မိမိတို့စိတ်ကြိုက် ပြောင်းပေးဖို့ ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့စိတ်ကြိုက်ပြင်လို့ ရပါတယ် ..


အောက်ပုံအတိုင်း Recovery Email နဲ့ Security question ကို မိမိတို့စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..

ဒါကတော့ မိမိတို့ G-mail အကောင့် Password ပျောက်သွားလို့ ပဲဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်နိုင်အောင် ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါတယ် . အပေါ်မှာ ပြင်ခဲ့တဲ့ အချက်တွေကို ကျွန်တော်တို့ အကောင့်စဖောက်ထဲက ဖြည့်ခဲ့ရတာပါ .. ဒါပေမယ့်မဲ့ အကောင့်ဖောက်တဲ့ အချိန်မှာ အများစုက အမှု့မဲ့ အမှတ်မဲ့ပဲ ထည့်လိုက်ကြတာ ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်လို့ ရအောင် ဖော်ပြပေးတာ ဖြစ်ပါတယ် ..  ဒါဆိုရင်တော့ ပြင်ဆင်ခြင်း အပိုင်းပြီးပါပြီ ..

ဆက်ပြီးတော့ ကျွန်တော် Recovery ဘယ်လို လုပ်ရမယ် ဆိုတာကို ပြောပြပေးပါမယ် .. မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် Recovery ပြန်လုပ်ဖို့ အတွက် အရင်ဆုံး အောက်မှာ ဖော်ပြပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ ..


ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း မိမိတို့ Recovery လုပ်ချင်တဲ့ အကောင့်ကို ရိုက်ထည့်ပြီး Submit ပေးလိုက်ပါ .. 



ပြီးရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း စာလုံးလေးတွေကို ဖြည့်ပေးလိုက်ပါ .. ပြီးရင်Continue ပေးလိုက်ပါ ..



ဒီအောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အပေါ်က  Personal Setting မှာမိမိတို့ စိတ်ကြိုက် ပြင်ဆင်ခဲ့တဲ့ Recovery Email  နဲ့ Security question ကိုဖြည့်ခိုင်းပါလိမ့်မယ် .. ကြိုက်တဲ့ တစ်ခုကို ဖြည့်ပေးလိုက်ပါ .. Recover Email ကိုရွေးချယ်တယ် ဆိုရင်တော့ Pessword Rest တဲ့လင့်ကို မေးလ်ထဲကို Recovery Email ဆိုပြီး ဖြည့်ခဲ့တဲ့ မေးလ်ထဲကို ပို့ပေးမှာဖြစ်ပါတယ် .. ပြီးရင်တော့ Continue ပေးလိုက်ပါ .. 


အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် Password အသစ်ကို ရိုက်ထည့်ပြီး  .. Rest Password ပေးလိုက်ယုံပါပဲ ..


ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့ Gmail Account Pasword ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲ ဖြစ်ဖြစ် အလွယ်တကူနဲ့ Recovery ပြန်လုပ်လို့ ရမဲ့ နည်းလမ်းလေးကို သိသွားပြီလို့ ထင်ပါတယ် .. 


ဒီပို့စ်လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင် အောက်ကလင့်မှာ ယူပါ ..

Download  Ifile.it Downlaod  ZidduDownlaod  Mediafire

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..







Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

Saturday 21 January 2012

Facebook အပါအဝင် ပုံများကို Zoom ဖြင့် ကြည့်ရအောင်

ပထမဦးဆုံး ပြောချင်တာကတော့ ဒီပို့စ်ဟာ Mozilla Firefox သုံးသူများ အတွက်သာ ဖြစ်ပါတယ်။ ကျန်သော ဘရောက်ဇာများ အတွက် မဟုတ်ပါဘူး။ ဒါကြောင့် တခြားသော ဘရောက်ဇာ သုံးသူများကိုတော့ ကြိုပြီးတော့ တောင်းပန် ထားရမှာပါပဲ။

ဒါဆိုရင် မော်ဇီလာ သုံးသူများ အတွက်ကို ပြောပြပေးပါ့မယ်။ ဒါလေးကို ဘာကြောင့် သုံးသင့်လဲ ဆိုတော့ အထူးသဖြင့် နှေးကွေး လေးလံလှသော မြန်မာနိုင်ငံရဲ့ အင်တာနက် အနှေးနှုန်းနဲ့ ဆိုရင် google မှာ ကိုယ်ရှာနေသော ပုံတစ်ပုံကို မြင်ရအောင် ၊ Facebook မှာ ကိုယ်ကြည့်ချင်သော ပုံတစ်ပုံကို ကြည့်လို့ရအောင် ဆိုတာ ထိုပုံဆီကို ရောက်အောင် သွားနေတာနဲ့ အချိန် အလွန်ကုန်ပါတယ်။

ဒါကြောင့် ဒီပုံပြီး နောက်တစ်ပုံကို သွားကြည့်တဲ့ အချိန်ဟာ အလွန်ကြာလို့ Facebook အပါအဝင် တခြားသော နေရာများမှ ပုံများကို အသေးစိတ် မြင်ဖို့ အတွက် တစ်ပုံပြီး တစ်ပုံ ကလစ်နှိပ်ကာ သွားရောက် ကြည့်ရှု့ရန် မလိုတော့ခြင်းပါပဲ။ မောက်စ်ရဲ့ ကာဆာလေးကို ကိုယ်ကြည့်ချင်သော ပုံလေးပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သူ့ဖာသာ Zoom ဆွဲပြီး ပုံကြီး ချဲ့ပေးမှာ ဖြစ်ပါတယ်။




ဒီမှာ ကိုယ်ကြိုက်တာကို ရွေးခြယ်ခွင့် ရှိပါတယ်။ အခု သုံးစွဲမဲ့သူဟာ Facebook မှ ပုံတွေကိုပဲ Zoom ဆွဲကြည့်မှာလား ၊ ဒါမှမဟုတ် google image မှ ပုံတွေ အပါအဝင် တခြားသော ( ၁၇ ) မျိုးသော နေရာများမှ ပုံတွေကို Zoom ဆွဲကြည့်မှာလား ဆိုတာကိုတော့ ကိုယ့်ဖာသာ ရွေးရပါလိမ့်မယ်။ ဒီအတွက် ပထမဦးဆုံး အောက်က ပုံလေးကို နှိပ်ပြီး အဲဒီနေရာကို သွားလိုက်ပါ။




အဲဒီနေရာကို ရောက်ပြီ ဆိုရင် များလှစွာသော add on တွေထဲမှ ရွေးစရာ နှစ်ခု ရှိပါတယ်။ အပေါ်ဆုံးသော နှစ်ခုကိုပဲ ကျွန်တော်တို့ အသုံးပြုပါ့မယ်။ အောက်က ပုံလေးကို ထပ်ကြည့်ပါ။



ဒီနေရာကို ရောက်ပြီ ဆိုရင် ကိုယ်က Facebook အတွက်ပဲ သုံးမယ် ဆိုရင်တော့ အပေါ်က ကျွန်တော် နံပါတ် ( ၁ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။ ဒီလို မဟုတ်ဘဲ ကိုယ်ကတော့ Facebook , google , Twitter , Wikipedia အစရှိသော ( ၁၇ ) မျိုးသော ဆိုက်တွေမှာ ရှိတဲ့ ပုံတွေကို Zoom ချဲ့ကြည့်ဖို့ သုံးမယ် ဆိုရင်တော့ ကျွန်တော် နံပါတ် ( ၂ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။

ကျွန်တော်ကတော့ Facebook တစ်ခုတည်း အတွက် မဟုတ်ဘဲ ၊ ( ၁၇ ) မျိုးလုံး ကြည့်ဖို့အတွက် ဆိုတော့ နံပါတ် ( ၂ ) ကိုပဲ နှိပ်လိုက်ပါမယ်။ အားလုံးကိုလည်း နံပါတ် ( ၂ ) ကိုပဲ နှိပ်ဖို့ အကြံပြုလိုပါတယ်။ ဒါဆိုရင် အောက်က ပုံပါ အတိုင်း Install လုပ်ရန် အကွက်လေး ထပ်ပေါ်လာပါ့မယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပုံလေးနဲ့ အောက်မှာ ထပ်ရှင်းပြထားပါတယ်။


ဒါလေးကို နှိပ်လိုက်တယ် ဆိုရင် သူ့ဖာသာ Install လုပ်ပါလိမ့်မယ်။ Install လုပ်လို့ ပြီးရင် ဒီအတိုင်း သုံးလို့ မရသေးပါဘူး။ အခု ဖွင့်ထားသော မော်ဇီလာကို Restart လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီ Add on လေးကို သွင်းတော့မယ် ဆိုရင် ကိုယ့်ဖွင့်ထားတဲ့ မော်ဇီလာက အရာတွေကို ( ဥပမာ - ဘလော့ ရေးနေရင် အရင် save ထားဖို့ လိုပါတယ်။ ) ခဏ မသုံးတာ ကောင်းပါတယ်။ ဒီနေရာမှာ ကျွန်တော် ခဏခဏ ပြောနေရလို့ နည်းနည်းလောက် ပြောချင်ပါတယ်။ မော်ဇီလာ Restart ဖြစ်တယ် ဆိုတာ စက်ကြီးပိတ်ပြီး Windows Restart ဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်ဖွင့်ထားသော ဘရောက်ဇာ မော်ဇီလာသာ Restart ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပိုရှင်းရန် အောက်က ပုံလေးကို ကြည့်ပါ။


ဒါဆိုရင် မော်ဇီလာ ဘရောက်ဇာက ဖွင့်ထားသမျှတွေကို သူ့ဖာသာ ပိတ်ပြီးတော့ သူ့ဖာသာ Restart လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ခုနက ကိုယ်ဖွင့်ထားသမျှ Tab တွေ အတိုင်း မော်ဇီလာ ပြန်ပွင့်လာပါလိမ့်မယ်။ ဒါဆိုရင် သုံးလို့ အဆင်သင့် ဖြစ်ပါပြီ။ မော်ဇီလာရဲ့ Navigation Toolbar မှာ အပြာရောင်နဲ့ Z ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ အဲ . . . Navigation Toolbar ဆိုတာ www. ဆိုပြီး ရှာတဲ့ Reload , Stop , Home , Address စတာတွေ ပါတဲ့ ဘာတန်းလေးပေါ့ဗျာ။ အခုတော့ အိမ်ပုံစံလေးရဲ့ ဘေးမှာ အပြာရောင်လေးနဲ့ Z ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။



    

ဒါဆိုရင် Photo Zoom ကို စပြီး သုံးလို့ ရပါပြီ။ ဒီ Z ကလေးရဲ့ ညာဘက်ဘေး အောက်စိုက်နေတဲ့ မြားလေးကို နှိပ်လိုက်မယ် ဆိုရင် သူ့မှာ ပါတဲ့ အသုံးဝင် အလုပ်လုပ်သော ဆိုက်တွေကို ဖော်ပြထားပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။


ဒီလို ပေါ်လာရင်တော့ အဲဒီဘောင်လေးရဲ့ အောက်ဆုံးမှာ ရှိတဲ့ Setting ကို နှိပ်လိုက်ရင်တော့ အောက်က ပုံလေး အတိုင်း ပေါ်လာမှာပါ။


ဒါဆိုရင်တော့ ကိုယ်က ဘယ်ဆိုက်က ပုံကိုတော့ Zoom နဲ့ ကြည့်မယ်။ ဘယ်ဆိုက်ကိုတော့ မကြည့်ဘူး ဆိုပြီးတော့ အမှန်ခြစ်လေးတွေ ခြစ်လိုက် ဖြုတ်လိုက် လုပ်ပြီးတော့ ချိန်းလို့ ရပါတယ်။ အပေါ်မှာလည်း Setting အနေနဲ့ ပါပါသေးတယ်။ ဒါတွေက သိပ်မလိုအပ်လို့ ဘာမှ မရေးတော့ပါဘူး။ ကိုယ့်ဖာသာ ကလိကြည့်ပါ။ ဒါဆိုရင် Add on Install လုပ်လို့ အလုံးစုံ ပြီးပြည့်စုံသွားပါပြီ။ ဒါကို ကျွန်တော်တို့ အသုံးပြုတဲ့ အခါမှာ ဘယ်လို အသုံးဝင်တယ် ဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်။ ပထမဦးဆုံး Facebook နဲ့ စမ်းကြည့်ရအောင်။ Facebook ရဲ့ Home မှာ ပေါ်နေတဲ့ ပုံတွေပါ။ အောက်က ပုံကို ကြည့်ပါ။




မူရင်းမြင်နေရသော ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာ မြားလေးကို တင်ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ်တင်လိုက်တဲ့ ပုံက အလိုလို Zoom ဆွဲပြီး တတ်လာပါလိမ့်မယ်။ အောက်က ပုံလေး အတိုင်းပေါ့။


ဒီပုံကတော့ ပုံတွေ သိမ်းထားတဲ့ ဖိုင်တစ်ခုကို ဖွင့်လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း ပုံတွေ ရှိသလောက် အသေးလေးတွေနဲ့ ပြထားပါလိမ့်မယ်။ အောက်က ပုံအတိုင်းပေါ့။



ဒါကို ပုံကြီးနဲ့ ကြည့်ချင်တယ် ဆိုရင် ပုံကို ကလစ်နှိပ်ပြီး ချဲ့ကြည့်ရပါမယ်။ အခုတော့ မလိုတော့ပါဘူး အဲဒီလို မြင်နေရတဲ့ ပုံသေးသေးလေးတွေပေါ်မှာ မောက်စ်ရဲ့ ကာဆာကို တင်လိုက်တာနဲ့ ပုံတွေက အလိုလို Zoom ဆွဲပြီး ကြီးလာပါလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။


လူတစ်ယောက်ရဲ့ Profile Picture ကိုလည်း မသဲကွဲလို့ ၊ အပြည့်မပေါ်လို့ ဆိုပြီး ကလစ်နှိပ်ကြည့်စရာ မလိုပါဘူး။ အခုလိုပဲ မောက်စ် ကာဆာလေး တင်လိုက်တာနဲ့ သူက Zoom ဆွဲပြီး အကြီး ချဲ့ပေးပါတယ်။


အိမ်မှာ ချက်ပြုတ်ပြီး Facebook မှာ ချက်ပြုတ်ထားသမျှတွေကို တင်ကာ သူများတွေကို သွားရည်ကျစေသော ပုံများကိုလည်း အခုလို မောက်စ် ကာဆာလေး တင်ကာ သွားရည်ကျနိုင်ပါတယ်။ အွန်လိုင်းပေါ်မှ နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ :) :)



ဒီလောက် ဆိုရင် Facebook မှ ပုံတွေ အတွက် အဆင်ပြေလောက်ပြီလို့ ယူဆပါတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။ အတော်ကို ကောင်းမွန်ပြီး လွယ်ကူတာ တွေ့ရပါလိမ့်မယ်။ တစ်ခု ရှိတာက “ အဓိက ကတော့ အင်တာနက် ကွန်နက်ရှင် အနှေး ၊ အမြန်ကို လိုက်ပြီးတော့ ပုံတွေ ပေါ်ဖို့ကတော့ ကြာပါလိမ့်မယ် ” ဆိုတာကိုတော့ အထူး ပြောဖို့ မလိုပေမဲ့ ထပ်ပြီးတော့ သတိပေး ပြောလိုက်ပါရစေ။

ဒါဆို အခု ထပ်ပြီးတော့ Google Image က ပုံတွေကို စမ်းကြည့်ရအောင်။ ထုံးစံ အတိုင်း Google ကို ဝင်ပါ။ ပြီးရင် Images ကို ထပ်သွားပါ။ ရောက်ပြီ ဆိုရင် ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးပြီး ရှာလိုက်ပါ။ ကျွန်တော်ကတော့ ပုရွက်ဆိတ် ဆိုပြီး ( ant ) လို့ပဲ ရှာလိုက်ပါတယ်။ ဒီတော့ ပုရွတ်ဆိတ်နဲ့ ပတ်သတ်တဲ့ ပုံတွေ အကုန် ကျလာပါလိမ့်မယ်။

အဲဒီလို ပုံတွေထဲက ကိုယ်ကြည့်ချင်တဲ့ ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာလေး ချလိုက်ရင် သူ့အလိုလို Google Image က Zoom ဆွဲကာ ပုံကို ချဲ့ပြပါလိမ့်မယ်။ ဒါပေမဲ့ သူချဲ့ပြတဲ့ ပုံက အနည်းငယ်သာ ဖြစ်လို့ သေးငယ်ပါတယ်။ ဒါကို ဒီ Add on လေး ထည့်ထားရင်တော့ သူက Google Image က ချဲ့ပေးတဲ့ Zoom ထက် တင်ထားသော ပုံရဲ့ နဂိုမူလ အရွယ်အစားအတိုင်း ချဲ့ပြပါလိမ့်မယ်။ အောက်က ပုံကတော့ Google Image မှ ချဲ့ပြထားသော ပုံနှင့် ထပ်၍ ချဲ့ရန် အတွက် Loading လုပ်နေသော ပုံလေးပဲ ဖြစ်ပါတယ်။


ဒီပုံကတော့ Google Image မှ ချဲ့ပေးသော ပုံနှင့် Z Zoom က ချဲ့ပေးသော ပုံကို ယှဉ်ပြထားတာ ဖြစ်ပါတယ်။


ဒီ Add on လေးကို ဘာလို့ သုံးရလဲဆို အဓိက အားဖြင့်တော့ စာမျက်နှာ တစ်မျက်နှာမှ တစ်မျက်နှာသို့ ကူးပြောင်းသော အချိန်ကုန်မှုကို သက်သာစေပါတယ်။ တန်းစီ မြင်နေတဲ့ ပုံတွေပေါ်မှာ မောက်စ်ရဲ့ ကာဆာလေးကို တင်လိုက်တာနဲ့ သူ့ဖာသာ Zoom ဆွဲပြီး ချဲ့ပေးတာကို ကြည့်နိုင်ပါတယ်။ ပုံတစ်ပုံကို အကြီးချဲ့ပြီး မြင်ရအောင် စာမျက်နှာ တစ်မျက်နှာကနေ နောက်ထပ် တစ်မျက်နှာ ပြောင်းနေစရာ မလိုတော့ဘူးပေါ့။

ကျွန်တော့် အတွက်ကတော့ အရမ်းကို အဆင်ပြေပါတယ်။ အားလုံးကိုလည်း အဆင်ပြေပြေ နဲ့ အချိန်ကုန် သက်သာစွာ အင်တာနက် သုံးစေချင်လို့ ဒီ Add on လေးကို သုံးစေချင်ပါတယ်။ စမ်းသုံးကြည့်ပါ။

သုံးလို့ အဆင်မပြေဘူး ဆိုရင် အရှေ့က မော်နီတာကို တူနဲ့ ထုပါ။ အဆင်ပြေတယ် ဆိုရင်တော့ “ ကျေးဇူးတင်ပါတယ် ကိုဇော် ” လို့ ပြုံးပြီး ပြန်ပြောခဲ့ယုံပါပဲ။ ဘယ်ကို ရောက်နေနေ ကျွန်တော့် ဘလော့ကို ဝင်မရရင်လည်း အဆင်ပြေအောင်လို့ ကျွန်တော် pdf လေးပါ လုပ်ပြီး တင်ပေးထားပါတယ်။ လိုချင်သူများ ဒေါင်းပြီး သိမ်းထားလိုက်ပါ။ pdf မှာ ရှိနေတဲ့ လင့်တွေကို နှိပ်ပြီးတော့လည်း လိုရာကို ရောက်နိုင်ပါတယ်။

pdf ဖြင့်


အားလုံးပဲ အဆင်ပြေကြပါစေ။



လေးစားစွာဖြင့်
ကိုဇော်
26.2.2011

Avast AntiVirus 5.0.5 + Serial Key

ကျွန်တော် Avast AntiVirus 5.0.5  ကို Serials Keys လေးနဲ့တင်ပေးလိုက်ပါတယ်။ကျွန်တော်စက်ကိုဒီတိုင်း
ပစ်ထားတာတစ်ပါတ်လောက်၇ှိပြီ..။အ၇င်၇ှိပြီးသား Antivirus ကိုဖြုတ်ပြီးပြန်တင်မယ်တင်မယ်နဲ့ဒီတိုင်းထား
လိုက်တာဒီနေ့တော့ Antivirus လေးတော့ပြန်တင်ထားလိုက်ပါအုံးမှဆိုပြီးလိုက်၇ှာလိုက်တာဒီကောင်လေး
ကို Serials Keys လေးနဲ့၇လာလို့တင်ပေးလိုက်ပါတယ်။ Avast ကြိုက်နှစ်သက်သူတွေအတွက်တော့အဆင်
ပြေမှာပါ။ Trail Version သုံးစ၇ာမလိုတော့ဘူးပေါ့ဗျာ..။ကျွန်တော် Keys ထည့်နည်းလေးကိုတော့အောက်မှာ
ပုံလေးနဲ့၇ှင်းပြပေးထားပါတယ်။ဒီကောင်လေးကိုဘယ်လိုအသုံးပြု၇မယ်ဆိုတာတော့သိမယ်ထင်ပါတယ်။
လိုအပ်၇င်တော့ကျွန်တော်ပြောပြပေးပါမယ်။နောက်မှပဲ virus နဲ့ပါတ်သတ်ပြီးကျွန်တော်ဖတ်ထားတာလေး
တွေကိုပြန်ပြီးစုစည်းပြီးေ၇းပေးတော့မယ်ဗျာ.။Key ထည့်နည်းလေးကတော့..
1.အ၇င်ဆုံး Avast Antivirus လေးကိုဖွင့်လိုက်ပါ။ပြီး၇င် Maintenance ကိုသွားပါ။ Registration ကိုထပ်
   ပြီးသွားလိုက်ပါ။

 2.Registration ကိုေ၇ာက်ပြီဆို၇င် Offline Registration ၇ဲ့အောက်မှာ Registration Form နဲ့ Insert the
   license key  ကိုတွေ့ ၇ပါလိမ့်မယ်။ Insert the license key ကိုနှိပ်လိုက်ပါ။
3.ပြီး၇င်ကျလာတဲ့ Box လေးထဲမှာကျွန်တော်တင်ပေးထားတဲ့ Key file ထဲက Key တစ်ခုကိုယူပြီးထည့်ပေး
   လိုက်ပါ။ပြီး၇င် Active ကိုနှိပ်လိုက်ပါ။ဒါဆို၇င်ကျွန်တော်တို့ Avast AntiVirus 5.0.5 ကို Registration
   လုပ်ပြီးသုံးလို့၇သွားပါပြီ။လိုအပ်တဲ့သူများအောက်မှာဒေါင်းလော့လင့်လေးပေးထားပါတယ်ခင်ဗျာ..။


အားလုံးပဲအဆင်ပြေကြပါစေ........ကျေးဇူးတင်ပါတယ်ခင်ဗျာ....


Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

Avast! Pro Antivirus 6 + License Key Expiry Date 2038




ကျွန်တော် ဒီတစ်ခါ Avast Antivirus Pro လေးကိုတင်ပေးလိုက်ပါတယ်။ သူ့ License key ရဲ့ Expiry Date 
ကတော့ ခေါင်းစဉ်မှာ ပြပေးထားတဲ့ အတိုင်းပါပဲ 2038 အထိပါ။ Avast ကိုအသုံးပြုနေတဲ့သူတွေအတွက်အဆင်ပြေ
အောင်တင်ပေးလိုက်ပါတယ်။ Update ထွက်လာတိုင်းလဲ တင်တင်ပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်ကတော့ 70 MB ရှိပါတယ်။
အောက်မှာ ယူသွားလိုက်ပါဗျာ။

အခုတော့ ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါဗျာ။
Avast! Pro Antivirus 6 


Downlaoding from ifile.it




Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

win rar ဖြင့် ဖိုင်ဖြေနည်း

Khine Pan Sone : အစ်ကိုရေ ဖိုင်တွေက ဘယ်လိုဖြေရမှာလဲ မသိဘူး . ms 2003 က Download လုပ်ပြီးပါပြီ . ဘယ်လိုဆက်လုပ်ရမှာလဲ ပြောပြပေးပါဦး .

ကျွန်တော် ဒါကို လွယ်လို့မရေးတာပါ . တော်တော်များများက ဖိုင်ဖြေနည်းကို မသိကြဘူး ဖြစ်နေတယ် . အဲ့ဒါကြောင့် ရေးလိုက်တာပါ . လွယ်ပါတယ် . ဖိုင်ဘာ့ကြောင့် အများကြီးခွဲပြီး တင်ရသလဲလို့ မေးချင်တဲ့ သူများအတွက် တစ်ခါတည်း ဖြေပေးပါ့မယ် . ဖိုင်တစ်ဖိုင်ကို 250 MB ရှိကြတယ်စိုပါစို့ဗျာ . အဲ့ဖိုင်ကို မခွဲပဲနဲ့ 250 MB တစ်ဖိုင်တည်း hosting site မှာ upload လုပ်ပြီး တင်လိုက်မယ်ဗျာ . တင်တဲ့သူဖက်က speed ကောင်းရင်တော့ အိုကေမယ် . အဲ့လိုတင်လိုက်ခြင်းအားဖြင့် ဆိုးကျိုးတွေ ဘာတွေဖြစ်လာမလဲ
(၁) Download လုပ်တဲ့သူဖက်မှ အချိန်ကြာမြင့်စွာ Download လုပ်ယူရခြင်း
(၂) ဖိုင်တင်သည့် သူဖက်မှလဲ ဖိုင်ဆိုက်ကြီးသည့်အတွက် ၀ဘ်ဆိုက်တွေက လက်မခံခြင်း (၀ဘ်ဆိုက်တိုင်း အများဆုံး 200 MB လောက်အထိပဲ လက်ခံတတ်ပါတယ်)
(၃) ၀ဘ်ဆိုက်မှ သတ်မှတ်ထားသော အချက်ထဲတွင်ပါဝင်သည့် ဖိုင်ဆိုက် 100 MB နှင့်အထက်ဆိုလျှင် တစ်ပတ်အတွင်း တစ်စုံတစ်ယောက်မှ Download လုပ်ယူမှုမရှိလျှင် အဆိုပါဖိုင်သည် ဖိုင်ဆိုက်ကြီးသောကြောင့် server မှာ ဖျက်ပစ်ခြင်းခံရပါသည် . ဥပမာ ... ifile.it ဆိုက်မှာဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်ပါ





ဖိုင်ဖြေနည်း
(၁) ပုံ-၁ အတိုင်း ဖိုင်တစ်ဖိုင်ကို Download လုပ်ပြီးလို့ရလာတာနဲ့ ဘာနဲ့ဆုံးလဲ ကြည့်ရပါမယ် . rar နဲ့ ဆုံးလား .001, .002, 003 နဲ့ ဆုံးလားဆိုတာကို သေချာကြည့်ပါ . အခု .rar နဲ့ ဆုံးအတွက်အတွက်ကြောင့် win rar (သို့မဟုတ်) win zip နဲ့ ဖြေပါမယ် . ကျွန်တော်ကတော့ win rar နဲ့ ဖြေပြလိုက်ပါတယ် . Guest user အနေနဲ့ တင်ထားတဲ့ဖိုင်ဆိုရင် တစ်ပတ်ကြာလို့မှ Download လုပ်မယ့်သူမရှိရင် ပယ်ဖျက်ပစ်ပါတယ် . Free registered user အနေနဲ့ဆိုရင်တော့ အောက်မှာ ရေးပြထားပါတယ် . ဖတ်ကြည့်ပါ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဒါ့ကြောင့်မို့ Download လုပ်တဲ့သူလဲ အဆင်ပြေအောင် ၊ server မှာလဲ ရေရှည်ရှိနေအောင်လို့ ဖိုင်ဆိုက်ကို 50 လောက်အထိပဲ အများဆုံးထားပြီး တင်ပေးတာပါ .

How long are my files kept?
* Guest users, 7 days after last download
* Free registered users:
.... 90 days after last download for files below 100MB
.... 30 days after last download for files above 100MB
.... 14 days after last download for files above 200MB

(၂) ပုံ-၂ ပါအတိုင်း ကိုဖြေမယ့် ဖိုင်နံပါတ်(၁) (သို့) ဖိုင်တစ်ဖိုင်ဖိုင်ကို rightclick ထောက်ပြီး extract here ကို နှိပ်ပါမယ် .

(၃) ပုံ-၃ ပါအတိုင်း ဖိုင်တွေဖြေနေတာကို တွေ့ရမှာပါ ..

(၄) အားလုံးပြီးဆုံးသွားရင်တော့ ပုံ-၄ အတိုင်း ဖိုင်ဖြေထားပြီးသား အသစ်တစ်ဖိုင် ထပ်ပေါ်လာတာကို တွေ့ရမှာပါ . ကျွန်တော်တို့လိုချင်တာ အဲ့ဒီ့အသစ်ထပ်ပြီး ပေါ်လာတဲ့ ဖိုင်ကိုပါ . သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် .






Source : ညီနေမင်း(နည်းပညာ)
Related Posts Plugin for WordPress, Blogger...