Friday, 16 December 2011
သင်နှင့်တကွ အပေါင်းအပါများ သိသာရန်
“အမှန်ပဲ၊ မင်း ကိုယ့်လို ရင့်ကျက်ဖို့ အဆင့် နှစ်ဆင့်လောက် လိုနေသေးတယ်။ မင်းရဲ့ လက်အောက်က အမျိုးသမီးလေး တယောက် မီးဖွားခွင့်တင်တာကို မင်း အပြည့်အဝ လိုက်လျော နားလည် ပေးနိုင်ဖို့ အတွက် မင်းကိုယ်တိုင် အဲဒီ အဆင့်ကို ကျော်ဖြတ်ပြီးမှ ဖြစ်နိုင်မယ်..။ စာအုပ်တွေ ဖတ်ပြီး ခံစားလို့တော့ ရပါတယ်လို့ မင်းလာမပြောနဲ့။ အဲဒါက အတုအယောင်ပဲ၊ လူ့ဘဝကို အပြည့်အဝ နားလည်ဖို့ အိမ်ထောင်သည် ဘဝကို မဖြတ်သန်းဖူးပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး.။ မင်း ဘာသာ ပညာတွေ ဘယ်လောက် တတ်တတ် လူပီသတဲ့ စစ်မှန်တဲ့ ခံစားမှု ဆိုတာ တကယ်လောကရဲ့ အတွေ့အကြုံတွေကသာ ပေးနိုင်တာ ၊ ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ် မိသားစု တစုကို ဦးဆောင်မယ့် သူဟာ အပျိုကြီး လူပျိုကြီး ဖြစ်လို့ ကတော့ အဲဒီ မိသားစုဟာ အပြည့်အဝ တိုးတက်မှုကို ဘယ်တော့မှ မရနိုင်ဘူး.။
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment