Photobucket
ပင်မစာမျက်နှာ


N .

Monday 26 March 2012

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)

1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net




မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။

“1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ ”



Thursday 22 March 2012

အမေစု

ဘာတွေပဲပြောပြော အမေက အမေပါပဲ။


Wednesday 21 March 2012

Samsung Galaxy အမျိုးအစားဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်မြင်ရအောင်လုပ်နည်း

amsung Galaxy Series ဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့ application လေးပါ။ Galaxy S နဲ့ Galaxy S2 တွေမှာသွင်းလို့ရပါတယ်။ သွင်းပုံသွင်းနည်းကိုပါပြောပြပါမယ်။ အောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုလုံးကို download လုပ်ပါ။
Fontomizer အားရယူရန်
zawgyi font application အားရယူရန်
ဖုန်းရဲ့ settings> applications ထဲကိုသွားပြီး unknown sources ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက download လုပ်ထားတဲ့ application နှစ်ခုစလုံးကို install လုပ်လိုက်ပါ။ install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ Setting > Display > Font ထဲကိုသွားပါ။ အဲဒီမှာ ခုနသွင်းထားတဲ့ zawgyi font ကို font list
ထဲမှာမြင်ရပါလိမ့်မယ်။ font list ထဲက zawgyi font ကိုရွေးပေးလိုက်ပါ။

အခုဆိုရင် Samsumg Galaxy Series ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တကယ်လို့ ဇော်ဂျီ ဖောင့် အပြင် တခြားဖောင့်တွေကိုလည်း ထပ်ထည့်ချင်တယ်ဆိုရင်တော့ Fontomizer application ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ A to Z အထိ font နာမည်အမျိုးမျိုးနဲ့ font တွေကို direct download လုပ်လို့ရပါတယ်။ ဇော်ဂျီ font ကိုတောင် အဲဒီထဲကနေ download လုပ်လို့ရပါတယ်။

Tuesday 20 March 2012

Babylon 8

မြန်မာပြည်ရဲ့ Policy က အမျိုးမျိုး ပြောင်းလဲနေတော့ လုပ်ရကိုင်ရတာ ခက်သား။ အခုလဲ ဘလော့တွေကို လုံးလုံး ၀င်မရအောင် ပိတ်လိုက်ပြန်ပြီး အရင်ကမှ နည်းနည်းကျော်ခွရင် ၀င်လို့ရသေး။ ခဲရာခဲဆစ်နဲ့ပဲ ပို့စ်တစ်ပုဒ် ဖော်ပြလိုက်ပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ နာမည်ကြီးတဲ့ Babylon ကို စာဖတ်သူများအတွက် ဖော်ပြလိုက်ပါတယ်။ ဘလော့တိုင်းမှာလဲ ရှိလိမ့်မည် ဖြစ်သော်လည်း လိုရမယ်ရ ဖော်ပြ လိုက်ပါတယ်။
အခု Babylon က Version 8 ပါ။ အမြဲတမ်းသုံးနိုင်ဖို့ Crack File ပါ ထည့်သွင်းပေးထားပါတယ်။ သုံးနည်းကို အောက်ပါအတိုင်း ပြုလုပ်ပါ။
(၁) Babylon ကို အင်စတောလုပ်ပါ။
(၂) Babylon ကို အမြဲတမ်းသုံးနိုင်ရန်အတွက် Start bar တွင် ပေါ်နေသော Babylon Icon ကို Exit လုပ်ပါ။
(၃) Crack File ကို Copy ယူပါ။ C:\Program Files\Babylon\Babylon-Pro ထဲကို Past ချပြီး Run လိုက်ပါ။
(၄) Babylon Icon လေး Start bar တွင် ပြန်ပေါ်လာလိမ့်မည်။
(၅) ZWT License file ထဲက ZWT License file ကို Run ပါ။
(၆) ပြီးလျှင် Padonma-english-myanmar ဖိုင်ကို Run ပါ။
အမြဲတမ်း အသုံးပြုနိုင်ပါပြီ။ အဆင်ပြေနိုင်ပါစေ။

မောင်စေတနာ

အင်္ဂလိပ်စကားပြောခိုင်းမယ်

ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

မောင်စေတနာ

Botton Page ပြုလုပ်နည်း


မေးထားတာတော့ ကြာပါပြီ။ မိမိ မအားတာနဲ့ မရေးဖြစ်တာပါ။ အမှန်တော့ ဒီလုပ်နည်းကို မရေးချင်ပါဘူး။ ဘလော့ တော်တော်များများမှာ ရေးသားထားတာ မြင်ဖူးလို့ပါ။ ဒါပေမယ့် အဲဒီဘလော့တွေကို ညွှန်းဖို့အတွက် လင့်တွေ မေ့နေတာနဲ့ မိမိလုပ်ထားတာကို ရေးသားဖော်ပြလိုက်ပါတယ်။ အောက်က အဆင့်တွေအတိုင်း လုပ်ပေးပါ။

၁) Layout မှာ Add a Gadget က HTML/JAVA ကို Click လုပ်ပါ။
၂) အောက်က ကုဒ်တွေကို ကော်ပီ ကူးထည့်ပါ။



၃) Save လုပ်ပါ။
၎) Blog Posts အောက်ခြေကို ရွှေ့လိုက်ပါ။ ဒါဆို ရပါပြီ။



 Source : မောင်စေတနာ

Monday 19 March 2012

Inbox ထဲက မေးလ်အကုန်လုံးကို တစ်ခါတည်းနှင့် ဘယ်လိုဖျက်ရလဲ



thantzinwin123@googlemail.com : အကိုညီ့ကို တခု ကူညီပေးပါလား ညီ့မေးလ် inbox ထဲမှာ မေးလ်တွေ အရမ်းများနေလို့ပါ အကုန်လုံးကို တခါတည်း ပျက်လို့ရမယ့် နည်းလေးပြောပေးပါလား ခင်မင်လျက်ပါ အကို ကျေးဇူးပြုပြီး ပြောပြပါနော် ..

ကဲကိုသန့်ဇင်ဝင်းရေ ဘာလို့ တစ်ခါတည်း ဖျက်ချင်တယ် ဆိုတဲ့အကြောင်းကို မသိပေမယ့် ဖျက်လို့ရတဲ့ နည်းလမ်းကို ပြောပြပေး လိုက်ပါ့ မယ်. အောက်မှာ သေချာရှင်း ပြပေးထားပါတယ်. တစ်ပုံချင်းစီ လိုက်ကြည့်လိုက်လို့ ပါတယ်. video file နဲ့ မရှင်းပြတာက ဒီ ကွန်ပျူတာထဲမှာ recoder software မရှိလို့ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. 

Window တင်ရာတွင် ဖြစ်ပျက်တတ်သည့် ပြဿနာများကြောင့် မဖြစ်မနေ ပြောင်းလဲပြုပြင်ပေးရမည့် အချက်များနှင့် လိုအပ်သည့် software များ

sawnaybwe : hi bro, i would like to ask you about my Window problem. I using window 7 ultimate edition. The problem is when my computer is start it's always showing the message that Your Computer is Not Geuine. When i checked in properties it's activated. I tried to solve that problem by activated with the several Activators but it's not working.Could you pls help me how to solve it.
Looking forward to hearing from you. Thanks in Advance,

Sunday 18 March 2012

Windows 7 Home Basic နှင့် Starter အသုံးပြုသူများ အတွက်

အရင်က မေးထားတာလေးတွေ ရှိပါတယ် .. ကျွန်တော်တို့ Windows Home Basic တို့ Windows Starter တို့မှာ Ultimate တို့မှာပါတဲ့ Personalize မပါတဲ့ အတွက် ဘယ်လို အသုံးပြုလို့ ရမလည်း ဆိုပြီး မေးထားတာလေး ရှိပါတယ် .. ကျွန်တော် အခု အဲ့ဒီ အဆင်မပြေတဲ့ သူများအတွက် .. Personalization Panel v1.2.1  လေး တင်ပေးလိုက်ပါတယ် ..

Advanced SystemCare Pro 5.2.0.223


ကျွန်တော် ဒီလိုကောင်လေးတွေ အရင်က လည်း အများကြီး တင်ပေးခဲ့ပြီးပါပြီ။ အခုနောက်ဆုံးထပ်ထွက် လာတဲ့ Update လေးဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ OS တွေကတော့ Microsoft® Windows® 7 (32-bit and 64-bit) Starter/ Home Basic/Home Premium/Professional/Ultimate ,Microsoft® Windows® Vista (32-bit and 64-bit) Starter/Home Basic/Home Premium/Business /Ultimate ,Microsoft® Windows® XP (32-bit and 64-bit) with SP2/SP3 or Home/Professional/Media Center,Microsoft® Windows® 2000 စတဲ့ OS တွေကို Support လုပ်ပေးနိုင်ပါတယ်။ အောက်မှာ သူ့ရဲ့ Features လေးတွေကိုလည်း ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့   30.6 MB ပဲရှိပါတယ်.။ အောက်မှာ ယူသွားလိုက်ပါဗျာ။.
သူ့ရဲ့ Features လေးတွေကတော့ .....................

PDFCreator 1.3.1


ကျွန်တော်အခု PDF Creator ကိုအသုံးပြုနေသူများအတွက် နောက်ဆုံးထပ်ထွက်လာတဲ့  ကောင်လေးတင်ပေး လိုက်ပါတယ်။ ကျွန်တော်တို့ Microsoft word ကနေ PDF ချိန်းနေသူများ နဲ့ လိုအပ်နေသူများအတွက် တင်ပေးလိုက်ပါတယ်။ ကျွန်တော်အများကြီးတော့ မပြောပြတော့ပါဘူး။ သုံးနေတဲ့သူအများလဲ သိကြမယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်က 17.3 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။။
PDFCreator 1.3.1



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ .။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။


Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

ArcSoft Perfect365 1.1.0.12


ကျွန်တော်တို့ ဓါတ်ပုံလေးတွေကို အကောင်းဆုံးနဲ့ အလွယ်ဆုံးပြုပြင်ပေးနိုင်ဖို့အတွက် ဒီ Tools လေးတစ်ခု တင်ပေးလိုက်ပါတယ်။ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ကလစ်တစ်ချက်နဲ့တင်ကို ကျွန်တော်တို့ရဲ့ မျက်နှာက အမဲစက် တွေ အချိုင့်တွေ နဲ့ တခြား မျက်ကွင်းညိုတာကအစ ပေါ့ပေါ့ပါးပါးနဲ့  အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မိန်းကလေးတွေအတွက်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ မျက်တောင်အတုထည့်ပေးတာက အစ ပါဝင်ပါတယ်။ အသုံးပြုနည်းကတော့ ရိုးရှင်းပါတယ်။ 13.9 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ဗျာ။

ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူသွားလိုက်ပါဗျာ.။

Tuesday 13 March 2012

Angry.Birds.Seasons.v1.5.1



Angry.Birds.Seasons.v1.5.1 >>> 26.6Mb

မေးလ်ကနေတောင်းဆိုလာတဲ့သူအတော်များလာလို့ ပါ။ Angry.Birds စီးရီးရဲ့ဗားရှင်းအသစ်ပါ
သူ့ မှာကအရင်ဗားရှင်းထက်အခန်းတွေပိုပါလာပါတယ်။ခရက်ဖိုင်ပါထဲပေးထားပါတယ်။
ခရက်ဖိုင်ဖြေပြီးနောက်ထပ်ရီဂျစ်စတာကီးတောင်းလာရင် komyat ဆိုပြီးရိုက်ထဲပေးလိုက်ပါ။
ဂိမ်းဆော့ပြီးအပျင်းပြေကြပါစေဗျာ။








Source : ကိုမြတ်

TFTTEST for to check screen

ဒီနေ့ ပိုက်ဆံလေးစုမိတုန်း Dell studio notebook လေးသွားဝယ်ဖြစ်ခဲ့တယ်
ကိုယ်တိုင်တော့ မ၀ယ်တက်ဘူးဝယ်တက်တဲ့သူငယ်ချင်းတစ်ယောက်ကို

အကူအညီတောင်းပြီးသွားဖို့လုပ်တော့ သူငယ်ချင်းက ဆော့ဝဲလေးတစ်ခုယူအုံးမယ်
ဆိုပြီး TFTTEST ဆိုတဲ့ဆော့ဝဲကို USB Drive လေးနဲ့ထည့်ခဲ့တယ်..ဟိုရောက်တော့
notebook လည်းရပြီးတော့ Flash screen လေးကိုစစ်တဲ့အခါ ဒီဆော့လ်ဝဲလေးကအသုံးဝင်တာကို
တွေ့ရတယ် ဆော့ဝဲလေးက portable လေးပါ screen မှာအစက်အပြောက်တွေပေါ်မပေါ်ကြည့်နိုင်ပါတယ်
color တွေအမျိုးမျိုးပြောင်းပြီး ကြည့်နိုင်တဲ့ဆော့လ်ဝဲလေးပါ အစက်အပြောက်တွေမရှိဘူး Complete
ဖြစ်တယ်ဆိုရင်တော့ screen view အတွက်စိတ်ချသွားရပြီပေါ့
ကဲကြွားလုံးထုတ် လေများတာများပြီထင်တယ် မသိသေးတဲ့သူတွေအတွက်
share ပေးလိုက်ပါတယ်..

DOWNLOAD




Source : မောင်ပညာ

Let to lookup about Hardware with Myanmar

Computer Hardware အကြောင်းကို မြန်မာလိုရှင်းပြထားတဲ့
Micromedia projector လေးဖြစ်ပါတယ်
အခန်းလိုက် Computer Hardware Device အစိတ်အပိုင်းများ၊
တည်ဆောက်ပုံများ၊တပ်ဆင်ပုံများကို မြန်မာသံ မြန်မာစာလေးတွေနဲ့ရှင်းလင်းတင်ပြထားပါတယ်
Micromedia projectorနဲ့တည်ဆောက်သွားပုံကို စိတ်ဝင်စားဖွယ်တွေ့နိုင်ပါတယ်
ဆရာဇော်လင်း ဦးစီးပြီးတော့ Youth ကုမ္ပဏီ ဖန်တီးထားပါတယ်
မသိသေးသူတွေအတွက် ကို့ဘလော့ဂ်ကနေပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်
ဒေါင်းလွတ်ချရန်

















Reference : ကဗျာစမ်းရေ




Source : မောင်ပညာ

Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း


မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...

Sunday 11 March 2012

How to Fix Explorer.exe Problem When Taskbar Disappears

ဒီနည်းလမ်းလေးကတော့ ကျနော့မိတ်ဆွေ သူငယ်ချင်းတယောက်ကိုယ်တိုင်ကြုံတွေ့ ခဲ့တဲ့ ပြဿနာလေးပါ. ဘာဖြစ်တာလဲဆိုတော့ သူ့ ရဲ့ laptop ကို တစ်နေကုန်အသုံးပြုနေပြီး ပါဝါကိုအရင်မ ပိတ်မိဘဲ laptop battery charger ကြိုးကို တစ်ခါထဲပိတ်လိုက်မိလို့  စက်ပြန်ဖွင့်တဲ့အခါမှာ desktop ကြီးတစ်ခု လုံးပျောက်နေပြီး.ဘာမှလဲနှိမ့်လို့ မရ ကာလာအမဲကြီးဘဲပေါ်နေပြီး  taskbar နှင့်  start menu တွေ ဘာမှမပေါ်တော့ တဲ့အ တွက် တခြားမိတ်ဆွေများလဲ အခုလို ဘယ်ကနေဘာ စလုပ်ရမှန်း မသိတဲ့ ပြဿနာမျိုးကြုံလာခဲ့ရင်ဖြေရှင်းလို့ ရအောင် ဒီပို့ စ်လေးကို ရေးသား လိုက်ခြင်းဖြစ်ပါတယ်. ဒီလိုပြဿနာမျိုးကကိုယ်တိုင်မဖြေရှင်းနိုင်လို့  ဆိုင်သွားပို့ မယ်ဆိုရင်တော့ ရိုက်စား ဆိုတဲ့စကားအတိုင်း ခံရပြီသာမှတ်တော့ဘဲ။ သူတို့ ပြောတာကလွဲပြီး ဘာများတက်နိုင်အုံးမှာလဲ.ပြန်ရောင်းမယ် ဆို ရင်လဲ အဟောင်းဈေးနဲ့ အနှိမ်ခံရအုံးမယ်.ဆိုတော့ ဒီနည်းလမ်းလေးနဲ့ ဘဲဖြေရှင်းလိုက်ကြပါ.စိတ်ရှုပ်ငွေကုန် စရာ မလိုတော့ပါဘူး။

အဆင့်( ၁ ) Ctrl+Shift+Esc (သို့ ) Ctrl+Alt+Delete  key ကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
အဆင့်( ၂ ) task manager ပေါ်လာရင် File \  New Task (run...) ကိုသွားပြီး ဘောက်စ်ထဲမှာ c:\windows ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ အောက်ပုံ...

ဘလော့တခုပြုလုပ်ရန်

 ဒီနည်းလမ်းလေးကတော့မိမိမသိသေးတဲ့အချိန်မှာမလွယ်ကူဘူးဆိုတဲ့
အလုပ်လေးတွေကိုအခုမှစလုပ်မည့်မိတ်ဆွေသူငယ်ချင်းများကိုအလွယ်တကူသိရှိနား
လည်စေရန်အတွက်ရေးသားရခြင်းဖြစ်ပါတယ်.ဘလော့တစ်ခုပြုလုပ်ရန် ပုံလေးတွေနဲ့ အကြမ်းဖျင်းတင်ပြပေးပါမယ်.

၁. http://www.blogger.com  ကိုဝင်လိုက်ပါ.
၂. မိမိအသုံးပြုမည့် Gmail အကောင့်ဖြင့်ဝင်ပါ.


Friday 9 March 2012

Hardware ပိုင်းများကိုတနေရာတည်းမှာ လေ့လာနိုင်ရန်

ဒါကတော့ ကျွန်တော့်အကို .. ကိုသန့်ဇင်ဌေး တင်ထားတဲ့ U-Tube Channel လေးကို ဟိုနေ့က အကိုနဲ့တွေ့တုန်း အားလုံးအတွက်လည်း အသုံးဝင်တာမို့ အကို့ဆီကနေ ခွင့်တောင်းပြီး ပြန်ရှယ် ပေးလိုက်တာပါ ..  Hardware တွေအကြောင်း Excel TutorialSimple AutoCAD 2006 TutorialCSharpTutorialJoomla! 1 5 Essential Training Introduction အစရှိတဲ့ Video Tutorial တွေအားလုံးကို တစ်စုတစ်စည်းတည်း လေ့လာနိုင်အောင် တင်ပေးထားတာပါ .. အားလုံးပေါင်း Video Tutorial ပေါင်း ( ၆၀ ) ကျော် ရှိပါတယ် .. U-Tube ကနေ တင်ပေးထားတာ ဖြစ်တဲ့အတွက် မြန်မာပြည်က လူတွေ အနေနဲ့တော့ အဆင်မပြေပါ့ မလားတောင် မသိပါဘူး .. ဘာပဲပြောပြော Hardware နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ အားလုံးကို တစ်စုတစ်စည်းတည်း တင်ပေးထားတာ ဖြစ်တဲ့အတွက် အားလုံးအတွက် အသုံးဝင်မှာ ဖြစ်လို့ ပြန်ပြီးတော့ မျှဝေပေးလိုက်တာ ဖြစ်ပါတယ် .. 

စိတ်ပါဝင်စားလို့ လေ့လာချင်တဲ့ သူတွေကတော့ အောက်မှာပေးထားတဲ့ လင့်လေးကနေ သွားလိုက်ယုံပါပဲ ..

 အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 



Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

Task Manager ကိုခေါ်လို့မရတော့ဘူးဆိုရင်

ကျွန်တော်အခု ရေးပေးမဲ့ နည်းလမ်းလေးကတော့ မိမိစက်ကို Virus ၀င်ရောက်လာတဲ့ အခါမှာ Virus ကသူတို့ကို အလွယ်တကူ ဖယ်ရှားလို့ မရအောင် Task Manager ကိုပိတ်လိုက်တဲ့ အခါမှာ Task Manager ကိုပြန်ပြီး ဖွင့်လို့ရအောင် လုပ်လို့ရမဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. တစ်ခုခုကို သိချင်ရင်တော့ ကိုယ်တိုင် လိုက်လုပ်ပေးမှ ရမှာပါ .. ကျွန်တော် လွယ်လွယ်ကူကူ လုပ်တက်အောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့ ရှင်းပြပေးတက်ပါတယ် .. တစ်ခုခုကို ဘာမှတောင် မလုပ်ကြည့်ရသေးပဲနဲ့ မရဘူးပဲ အော်နေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး .. ကျွန်တော် Virus က Task Manager ကိုပိတ်သွားတဲ့ အခါမျိုးမှာ Registry ထဲကနေပြီး ဒီကောင်လေးကို ပြန်ဖွင့်လို့ရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 

Thursday 8 March 2012

software တွေကို License version ဖြစ်အောင် လုပ်နည်းများ - ညီနေမင်း(နည်းပညာ)

လိုင်စင် version ဖြစ်အောင် လုပ်နည်း (၄)နည်းရှိပါတယ်. serial, patch, crack, keygen မသုံးတတ်တဲ့သူများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. ဒီ video ဖိုင် (၄) ဖိုင်ဟာ လူတိုင်းအတွက် မသိမဖြစ် သိထားရမယ့် အရာတွေဖြစ်ပါတယ်. software တစ်ခု download လုပ်လို့ရလာပြီဆိုရင် ဒီ(၄)နည်းထဲက တစ်နည်းနည်းနဲ့လာမှာ ဖြစ်ပါတယ်. အဲ့ဒါကြောင့် ၄ နည်းစလုံးကို နားလည်ထားရင် ဘာနဲ့ပဲလာလာ license version ဖြစ်အောင်လုပ်နိုင်သွားပြီ ဖြစ်ပါတယ်. အဲ့လေးနည်းကတော့

~~~~ Crack tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator

~~~~ Keygen tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator

~~~~ Patch tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator

~~~~ Serial Number tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator



Source : ညီနေမင်း(နည်းပညာ)

Computer connector များအကြောင်း

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D


AutoCAD with myanmar Ebooks

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4kMiUKJVs4NTLTOqdKG5lhlGLCCnfoNpxRE2laslFfB-B1tYPMqT52QJG9QvJLzNWTBzGMdNVtDJjKHUm94gEroxSHNxEsGukacpozhRqh04VcFZ852c3QhIBg8NsUxpIcdylxs9VExyi/s1600/AUTOCAD+2002.jpg


မြန်မာလို ထွက်ရှိပြီးတဲ့ AutoCAD စာအုပ်လေးတွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်..။
စလေ့လာနေတဲ့သူတွေအတွက်ကော လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
အောက်မှာယူလိုက်ပါ........Thank

AutoCAD (2005)
Auto CAD (2002)
AutoCAD (2010)



Source : မောင်ပညာ

Sunday 4 March 2012

Windows အသစ်တင်ပြီးရင်လုပ်ဆောင်သင့်သည့် Back Up and Restore Point


 ကျွန်တော်ဒီနေ့တော့ဘာ Backup Tool ကိုမှမသုံးပဲ Windows မှာပါတဲ့ Function ကနေပြီးတော့ Backup
and restore လုပ်နည်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။ကျွန်တော်တို့ကွန်ပျူတာကို Windows အသစ်
တင်ပြီးပြီဆိုတာနဲ့ Backup ဆိုတာကိုမဖြစ်မနေလုပ်ထားသင့်ပါတယ်..။တကယ်လို့ကွန်ပျူတာမှာအကြောင်း
တစ်စုံတစ်ရာကြောင့် System Restore ပြန်လုပ်ရမဲ့အခြေအနေမျိုးရောက်လာခဲ့မယ်ဆိုရင် Backup လုပ်ခဲ့တဲ့
အကျိုးကျေးဇူးကိုခံစားရမှာဖြစ်ပါတယ်..။ကျွန်တော်တို့ကွန်ပျူတာကို Windows အသစ်တင်ပြီးလို့လိုအပ်တဲ့
Application တွေအားလုံးကို Install လုပ်ပြီးပြီဆိုတာနဲ့ Backup system ကိုစပြီးလုပ်ဆောင်သင့်ပါတယ်..။
ဒါမှ Windows ဟာသုံးရတာကြာလို့လေးလာလို့ Windows အသစ်ပြန်မတင်ချင်လို့ Repairs လုပ်ချင်တာပဲဖြစ်
အခြေအနေတစ်ခုကြောင့် Windows ကိုပြန်ပြီး Restore လုပ်၇မဲ့အခြေအနေမျိုးနဲ့ကြုံလာခဲ့ရင်ပဲဖြစ်ဖြစ်၊
Backup လုပ်ခဲ့တဲ့ဖိုင်လေးကိုပြန်ခေါ်ပြီးတော့ Windows ကိုမိမိတို့ Backup လုပ်ခဲ့တဲ့အခြေအနေကနေပြန်ပြီး
အသုံးပြုလို့ရမှာဖြစ်ပါတယ်..။ကျွန်တော် Windows Restore လုပ်နည်းလေးကိုလည်းအောက်မှာပုံလေးနဲ့ရှင်း
ပြပေးထားပါတယ်..။


TuneUp Utilities 2012 with keygen



ကဲအရင်တုန်းက တင်ပေးထားတာက ကီးနဲ့ပဲ တင်ပေးထားတာပါ. အဲ့အတွက်ကြောင့် အခန့်မသင့်လို့ key ကို block ဖြစ်သွားခဲ့ရင် key ပြန်ရှာဖို့ မလွယ်ကူပါဘူး. အဲ့အတွက်ကြောင့် အခု အားလုံးအဆင်ပြေအောင်လို့ keygen ကို ရအောင် ရှာပေး လိုက်ပါတယ်. အဲ့ထဲမှာ ကီးတွေအများကြီးပါတဲ့အတွက် လုံးဝအဆင်ပြေသွား လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကျွန်တော်လည်းအခု TuneUp Utilities 2012 ကိုပဲ သုံးနေပါတယ်. ကွန်ပျူတာ သုံးတာ မြန် ဆန်စေ ဖို့ကတော့ တခြား software တွေထက် TuneUp Utilities 2012 က ပိုပြီးအဆင်ပြေစေပါတယ်.

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်




ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

Windows Media Player Error


အခု ကျွန်တော် မေးလ်ထဲမှာလည်း အကိုတစ်ယောက် မေးထားတာလေး ရှိလို့ တစ်ခြား အဆင်မပြေတဲ့ သူများ ရှိရင်လည်း အဆင်ပြေအောင် ဖြေရှင်း နည်းလေးကို ရေးပေးလိုက်ပါတယ် .. ကျွန်တော်တို့ U-Tube ကနေ ဒေါင်းလော့ ချထားတဲ့ Video File တွေကိုပဲ ဖြစ်ဖြစ် Windows Media Player နဲ့ ဖွင့်ချင်တဲ့ အခါမှာ တစ်ချို့ File Type တွေက ဖွင့်လို့မရပဲ Windows Media Player cannot play the file. The Player might not supportthe file type or might not support the codec that was used to compress the file. ဆိုပြီး Error Code လေးတွေ ပြနေတဲ့ သူတွေအတွက် ဖြေရှင်းလို့ရမဲ့ နည်းလမ်းလေးတွေကို ကျွန်တော် ရေးပေးသွားပါမယ် .. 

Samsung Galaxy Ace / W / Y / Note / S / SII တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း

ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..

IDM V6.09 Build 3 (Fullversion)


Inetnet Download manager least version လေးတင်ပေးပါဆိုလို့..နောက်ဆုံးထွက် 6.09 တင်ပေးလိုက်ပါတယ်။ Crack ပါထည့်ပေးလိုက်ပါတယ်... Crack ကတော့ V6.08 ပါပဲ ဒါပေမယ့် အလုပ်လုပ်တုန်းပါပဲ။ Crack မလုပ်ခင် IDM ကို Exit လုပ်ထားလိုက်ပါ။ Crack လုပ်နည်းကတော့ Internet download manager အင်စတောလုပ်ထားတဲ့ နေရာမှာ Crack ကို paste လုပ်ပြီးတော့..Crack ကို run as admin လုပ်ပီး crack လုပ်လိုက်ပါ။ ပြီးရင်IDM ကိုပြန်ဖွင့်လိုက်ပါ၊ FullVersion ဖြစ်နေလိမ့်မယ်ဗျ။ ဒေါင်းပြီးတော့ စမ်းကြည့်လိုက်ပါဦးဗျ..အဆင်မပြေရင်တော့ မေးသာပို့ပေတော့...။ တောင်းထားတဲ့အစ်ကိုလည်း အဆင်ပြေစေဗျာ...။
FileSize : 4.23 MB





Source : ကိုကြီးလေး
Related Posts Plugin for WordPress, Blogger...