Photobucket
ပင်မစာမျက်နှာ


N .

Sunday 4 March 2012

TuneUp Utilities 2012 with keygen



ကဲအရင်တုန်းက တင်ပေးထားတာက ကီးနဲ့ပဲ တင်ပေးထားတာပါ. အဲ့အတွက်ကြောင့် အခန့်မသင့်လို့ key ကို block ဖြစ်သွားခဲ့ရင် key ပြန်ရှာဖို့ မလွယ်ကူပါဘူး. အဲ့အတွက်ကြောင့် အခု အားလုံးအဆင်ပြေအောင်လို့ keygen ကို ရအောင် ရှာပေး လိုက်ပါတယ်. အဲ့ထဲမှာ ကီးတွေအများကြီးပါတဲ့အတွက် လုံးဝအဆင်ပြေသွား လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကျွန်တော်လည်းအခု TuneUp Utilities 2012 ကိုပဲ သုံးနေပါတယ်. ကွန်ပျူတာ သုံးတာ မြန် ဆန်စေ ဖို့ကတော့ တခြား software တွေထက် TuneUp Utilities 2012 က ပိုပြီးအဆင်ပြေစေပါတယ်.

 ကွန်ပျူတာ မြန်ဆန်စေဖို့ နည်း လမ်းတွေကို သီးသန့်ရေးထား ပါတယ်. အပြီးမသတ်ရသေးလို့ မတင်ပေးသေးတာပါ. စာအုပ်အနေနဲ့ ထုတ်ပေး မှာ ဖြစ်ပါတယ်။ နည်းနည်းတော့ များတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်. အခု ကျွန်တော့မှာ သင်တန်းက တဖက်နဲ့ဆိုတော့ စာအုပ်လုပ်ဖို့ကို နည်းနည်းအားတဲ့ အချိန်မှသာ ရေးနိုင်ပါတယ်. သင်တန်းသားတွေက ပထမ course တက်ပြီးရင် နောက်ထပ် course ကို တက်ဖို့အတွက် စိတ်အားထက်သန်နေတော့ ကျွန်တော့်မှာ အတော်လေး ပင်ပန်းပါတယ်. တစ်ယောက်က photoshop, တစ်ယောက်က service special course, တစ်ယောက်က web design, တစ်ယောက်က စာစီစာရိုက်နဲ့၊ သူတို့တွေအတွက် စာအုပ်တွေ ထုတ်ဖို့အတွက် အားလုံးညီတယ် ဆိုရင်တော့ ပြဿနာမရှိပေမယ့်. တစ်ယောက် တစ်မျိုး ၀ါသနာချင်း မတူညီတော့ ကျွန်တော့်မှာ အတော်လေးကို ပင်ပန်းရပါတယ်. အားလုံးလည်း နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကျွန်တော် ဒီနေရာမှာ တသက်လုံးနေမှာ မဟုတ်ပါဘူး။ နှစ်အပိုင်းအခြားလောက်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်. နောက်တစ်နေရာကို မပြောင်းခင်အချိန်မှာ ကွန်ပျူတာ ကျွမ်းကျင်တဲ့လူငယ်လေးတွေကို မွေးထုတ်ပေးခဲ့ချင်တာပါ။ ကွန်ပျူတာ မြန်ဆန်စေမည့် နည်းလမ်းနှင့် နှေးရသည့် အကြောင်းရင်းလေးတွေ ကို ခြုံငုံပြီးရေးပေးသွားမယ့် စာအုပ်အပြင်၊ အင်တာနက်သုံးတဲ့နေရာမှာ ဘယ်လိုနည်းလမ်းမျိုးနဲ့ ကိုယ့်ရဲ့ data တွေနဲ့ အချက်အလက်တွေကို မကျန်ခဲ့အောင် လုပ်ခဲ့ရမယ်ဆိုတာကိုပါ စာအုပ်လုပ်ပြီးတော့ တင်ပေးမှာဖြစ်ပါတယ်။ ကျွန်တော့်ဆီကို အပ်ထားတဲ့ ၀ဘ်ဆိုက်တွေကိုလည်း အခု တစ်ပတ်အတွင်းပြီးအောင် အဆုံးသတ်ရပါမို့၊ အားတဲ့အချိန်လေးတွေမှာ ရသလို ၀င်ဝင်ပြီးတော့ တင်ပေးသွားပါ့မယ်. ကျွန်တော့် ၀ဘ်ဆိုက် တွင် နည်းပညာပိုင်း ရေးသားချင်သူများ၊ ဖြန့်ဝေချင်သူများကို ဖိတ်ခေါ်ပါတယ်. ရေးသားသည့် အကြောင်းအရာများသည် သူများရေးသားထားသည့် ပို့စ်များကို ကူးယူပြီး မတင်ပြရပါ။ ကိုယ်ကိုယ်တိုင် ရေးသားထားသည့် ပို့စ်ဖြစ်ရပါမယ်။ ဖိုင်များကိုလည်း ကိုယ်ကိုယ်တိုင် တင်ရမှာဖြစ်ပါတယ်။ အရေးအသားနှင့်ပို့စ်တင်နိုင်မှု့ပေါ်မူတည်ပြီးတော့ web admin နှင့် chatbox admin ရာထူးကို ပေးမှာဖြစ်ပါတယ်။ အားလုံးပဲ ကွန်ပျူတာ မြန်ဆန်စေ ဖို့ ပြုလုပ် ရာမှာ မပါမဖြစ် ပါဝင်ရမည့် TuneUp Utilities 2012 software ကို ကြိုပြီးတော့ Download လုပ်ထားပါလို့ တိုက်တွန်းချင်ပါတယ်. စာအုပ်ထွက်လာသည့် အချိန်ကျမှ download လုပ်မရတာမျိုးနဲ့ ကြုံရင် အစကနေ ပြန်ဒေါင်းနေရမှာ မို့ ကြိုပြီး လုပ်ခိုင်းထားတာပါ။

Download ifile.it
Part1 | Part2

Download Up4vn
Part1 | Part2

Download Mediafire
Part1 | Part2

Download Mirrorcreator
Part1 | Part2 Source : ညီနေမင်း(နည်းပညာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...