Photobucket
ပင်မစာမျက်နှာ


N .

Sunday 15 January 2012

Fb အကောင့်ကို Hack တာဖြစ်နိုင်ရဲ့လား - သန့်ဇင်ဌေး

ကျွန်တော် ဒီနေ့ အင်တာနက်ပေါ်ရှောက်သွားရင်းနဲ့ သတိထားမိရာကနေ ဒီစာလေး ရေးဖို့ ဖြစ်လာတာပါ။ အမှန်တကယ်ကို -၀င်ခံရရင် FB မှာ အဟတ်ခံရလို့ပါဆိုပီး ရေးထားတဲ့ ဒီဘလော့ပိုင်ရှင် ရဲ့ ပိုစ့်လေးကနေ ဒီစာတွေ ရေးဖို့ ဖြစ်လာတာပါ။ကျွန်တော် မယုံနိုင်စရာလေးတခုကိုတော့ ကျွန်တော့ရဲ့ စာဖတ်ပိရိတ်သတ်တွေကိုပြောပြချင်တယ်။ Hack တယ်ဆိုတာ ဘာလည်းလို့လည်း အရင်မေးလိုက်ချင်တယ်။ ဘာကို ဟတ်တာလည်း ဘယ်လို Hacking မျိုးလည်း။ ဘာကြောင့် Hack တာလည်း။ အကြောင်းအရာတွေကတော့ အများကြီးပဲ့  ဒါတွေကို မြန်မာတွေက တကယ်ကို ထင်ရောင် ထင်မှားဖြစ်နေကြတယ်။ နိုင်ငံခြားတွေ ရောက်နေတဲ့ အသိအမြင်ကျယ်တဲ့ မိသားစုတွေစီကပါ ဒီသတင်းတွေ ကြားရတော့ ရင်ထဲ့တော့ မကောင်းဖြစ်ရသေးတယ်။

ကျွန်တော်တို့ အမိမြေမှာနေခဲ့တဲ့ မိသားစုတွေကတော့ အင်တာနက်နဲ့ အလှမ်းဝေး စာတွေဖတ်နိုင်ဖို့ အချိန်တွေ မပေးနိုင်ကြပေ့မယ် ရေခြားမြေခြားရောက်နေတဲ့ မိသားစုတွေကတော့ တနေ့ကို တပုတ်လောက်တော့ အနည်းဆုံးစာတွေဖတ်ဖြစ်ကြတယ်။ ဒါပေ့မယ့် ဒီအသိတွေကို တိုးပွားယူပီ ကိုယ့်လူမျိုးကို ပြန်လည်မျှဝေပေးဖို့ စိတ်ကူးသိပ်မရှိကြဘူး။အဲ့တာထက် ဆိုးတာက ကိုယ်ကိုတိုင်မှန်လား မှားလားဆိုတာကို ဝေခွဲဆုံးဖြတ်မူဆိုတာကို မလုပ်ကြပဲ့ ဆိုဒ်တခုခုမှာ ရေးထားတာတွေ့ ရင် အကုန် အမှန်ပဲလို့ ထင်နေကြတယ်။ ဒါနဲ့ ပဲ့ ခေတ်တွေနောက်ကျ ကျန်နေတဲ့ အမိမြေကလူတွေက ပဲ အသိတိမ်သလိုလို မှားသလိုလို ဖြစ်နေကြရပြီ။ ဒါကို ကျွန်တော်တို့ အသိပညာ အတက်ပညာ လက်ဆင့်ကမ်းရင်း မျှဝေပေးကြပါလို့ တောင်းဆိုရင်း Hacking ဆိုတာ ဘာလည်းကို ကျွန်တော် အရင်စပြီး ပြောပြပါရစေ။




Hacking ကို ဘယ်လို နားလည်ကြလည်းတော့ ကျွန်တော် မသိဘူး။ ဒါပေ့မယ် Hacking attack တွေရဲ့ သဘောကိုတော့ လေ့လာထားဘူးတယ်။ ဘာလို့လေ့လာတာလည်းဆိုရင် ကိုယ်ကို့ attack လုပ်လာတဲ့ အချိန်တွေမှာ ကာကွယ်နိုင်အောင်လို့ ဆိုတာထက် မပိုခဲပါဘူး။ ခုနောက်ပိုင်း မြန်မာပြည်မှာတော့ အဲ့လိုတွေ မဟုတ်တော့ဘူး မကွေး Virus တို့ တောင်ကြီး Hacker တို့ Cyber waz Myanmar တို့ အမျိုးမျိုးကြားနေရတယ်။ ဒါတွေကို ဘယ်သူတွေက စခဲ့တာလည်းဆိုတာ မသိပေ့မယ် နည်းလမ်းမှားတွေကို လူငယ်တွေ မလိုက်ကြပါနဲ့လို့ အရင်ဦးဆုံးပြောချင်ပါသေးတယ်။ ဒါကတော့ ပထမဆုံးပြောချင်တဲ့ အချက်ပေါ့။
ကျွန်တော်တို့ ဘာကြောင့် Hack ခံရတာလဲ?

ဒီခေါင်းစဉ်ကနေ ကျွန်တော် စပြောပါရစေ.. တကယ်တော့ တိုးတက်လာတဲ့ နည်းပညာခေတ် ရေစီးကြောင်းနဲ့ အတူ လူငယ်တွေလမ်းမှားရောက်တာတွေရော လမ်းမှန်ပေါ်မှာ မားမားရပ်နေတဲ့ လူငယ်တွေပါ ခေတ်ရဲ့ နည်းပညာကို အမှီလိုက်လာကြတာလူတိုင်း သတိထားမိလိမ့်မယ်ထင်တယ်။ တချို့ကတော့ ဘာမှ မသိသလို internet လောကထဲ့ကို ရောက်လာပေ့မယ် chatting လောကထဲ့ကနေ မထွက်နိုင်တဲ့ လူငယ်တွေကိုကြည့်ပီး ရင်လေးမိတယ်ပြောရင် ကျွန်တော့ကို အပြစ်မြင်ကြမှာ အသေအချာပဲ့။ဘာပဲ့ပြောပြော ဒါကို မလုပ်ပါနဲ့ chat မတက်ပါနဲ့လို့ မတားမြစ်ပါဘူး။ တားမြစ်ချင်တဲ့ စိတ်လည်း ကျွန်တော့မှာ မရှိဘူး။ Chat တက်တော့မယ်ဆိုရင် အရင်ဆုံး Google account တခုကို အနည်းဆုံးတော့ ဖောက်ရတယ်။ ဒါမှမဟုတ် Fb အကောင့်ပေါ့။ ဒါကိုတော့ မြန်မာလူငယ်အများစု အသုံးပြုပါတယ် ကျန်တာတွေလည်း ရှိပါသေးတယ်။ ဒီမှာ အစပြုတယ်လို့ ဆိုရမှာပဲ့ ကိုယ် အကောင့်လုပ်တဲ့ အပိုင်းကိုလုပ်ဆောင်ပြီးပြီ။ ပြင်ဆင်ပြီးပြီ သူငယ်ချင်းတွေလည်း များနေပြီ။ ဒီချိန်မှာ ချစ်သူတွေ ရသူလည်း ရပေါ့။ ဒီကနေပြီး တယောက်ကို တယောက် Pass ပေး ဘာပေးပေါ့။ ဒါ ပြသနာမဟုတ်ဘူး ပြသနာက Security လုံခြုံမူ လိုအပ်တာပဲ့။ အထင်နဲ့ ပြောတာ လူငယ်တွေကို နားယောင်စေတာပဲ့ ဒီလို လူမျိုးတွေ ရှိလာလို့ Hack တာ Hack တာ ဆိုပြီး မြန်မာ လူငယ်တွေ ပါးစပ်ဖျားရေပန်းစားလာရတယ်။

Hack ခံရတယ်လို့ ပြောတဲ့ သူကရော ဘာတွေ Hack ခံရတာလည်းလို့ ကျွန်တော် အရင်မေးလိုက်ချင်တယ်။ အခု တလောကြားနေရတာ ရှိတယ်။ Facebook အကောင့် Hack ခံရလို့တဲ့ ။ အင်း ကျွန်တော် အနေနဲ့ ပြောရရင် ကျွန်တော် Hacking ပိုင်းကို လေ့လာ ဘူးသလောက်တော့ Personal data တွေကို ခိုးယူတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေ့မယ် Personal data ဆိုတာ ဘာမျိုးတွေလည်းလို့ သေချာ သိစေချင်တယ်။ Personal data ဆိုတာ Gmail တို့ Yahoo တို့ လောက်အသေးအမွှားလေးတွေ မဟုတ်ပါဘူး။ Personal data တွေထဲ့မှာ ဘဏ် စာရင်းတွေ ငွေစာရင်းတွေနဲ လုပ်ငန်းပိုင်းဆိုင်ရာတွေ ပါဝင်ပါတယ်Hack ခံရတဲ့ သူက Hack ခံရပြီဆိုတာကို ချက်ချင်း ရက်ပိုင်းအတွင်း မသိနိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ နောက်ကွယ်ကနေ ခိုးစရာရှိတာတွေကို Hacker က ခိုးနေတုန်းမလို့ပါ။ (ဒါက ရိုင်းရိုင်းပြောတာပါ။)
သာမာန် Gmail . facebook အကောင့်လောက်ကို ဘယ် Hacker မှ အချိန်ကုန်ခံပြီး မခိုးကြ Attack လုပ်ကြတာ မရှိပါဘူး။ ပြီးတော့ တခုခုကို Attack လုပ်တော့မယ်ဆိုရင် Hacker တယောက်က ကြိုတင်ပြင်ဆင်ရသလို ကြိုတင်မျှော်တွေးရပါတယ်။ အချိန်နဲ့ Security ကို စောင့်ရသလို သာမာန်ထက် အများကြီးပိုပင်ပန်းပါတယ်။ စိတ်ပင်ပန်းတယ် လူပင်ပန်းပါတယ်။ အဲ့တော့ အကျိုးမရှိတဲ့ Gmail . facebook အကောင့်လောက်ကို ဘယ်သူမှ Hacking မလုပ်ကြပါဘူး။
ဒီလို Hack ခံရတယ်ဆိုပြီးပြောနေသူတွေကို ကျွန်တော် မျက်နာချင်းဆိုင်ပြီး တိုက်ရိုက်မေးလိုက်ချင်တယ်။ ဘယ်လိုမျိုး Hack ခံရတာလည်းဆိုပြီးတော့။ နောက်ထပ် ရှိသေးတယ် ကိုယ်ပိုင် သုံးနေတဲ့ Password ကို ဘယ်လိုမျိုးများ သုံးပါသလဲ? Complex တွေပဲ့လား အလွယ်တကူတွေလား ? မြန်မာ လူမျိုးတယောက်ရဲ့ FB အကောင့်ကို Hack ပြီးတော့ Hacker က ဘာလုပ်မှာလည်း ဘာလုပ်လို့ ရမှာလည်း Hacker က အဲ့လိုမျိုးတွေ လိုက် Hack တယ်လို့ ဘယ် နိုင်ငံခြားဆိုဒ်မှာမှ မတွေ့ဘူးသေးဘူး။ Spy လိုမျိုး ၀င်တာတွေတော့ ကြားဘူးတယ်။ ဒီထက်တော့ မပိုခဲ့ဘူး။
အဲ့တော့ Gmail ဟတ်ခံရတာတို့ FB ဟတ်ခံရတာတို့ဆိုတာကို ကျွန်တော် လုံးဝ မယုံပါဘူး။ ပြီးတော့ မြန်မာ လူငယ်တွေ အထင်မှားနေတာကိုလည်း ပြောပြချင်တာကြောင့် ဒီပိုစ့်ကိုရေးဖြစ်တာပါ။ တကယ်တော့ FB အကောင့်ကို Hack ခံရတယ်ဆိုပြီးပြောလို့ ကျွန်တော် အကောင့် တခုကိုကြည့်ပေးဘူးတယ်။ လိုက်ကြည့်တော့ အဲလို မဟုတ်ဘူး FB မှာ အကောင့် တခုတည်းကို IP နှစ်ခုကနေ တပြိုင်တည်း ၀င်တာဖြစ်သွားလို့ Lock ကျသွားတာမျိုး Password နဲ့ ၀င်မရတော့တာမျိုးတွေ ပေါ်နေတာကိုတွေ့လို့ မေးကြည့်တော့မှ ဟုတ်တယ် တဲ့ သူငယ်ချင်းကိုပါ တချိန်တည်း ဖွင့်ဖို့ Pass ပေးလိုက်မိတယ်ဆိုတာမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။
[justify]ဘာကြောင့် Hack ခံရတာလည်းလို့ မပြောတောင် မပြောချင်ပါဘူး။ FB အကောင့် ဟတ်ခံရတယ်လို့ ပြောရင် Hacker သိက္ခာကျလို့ပါ။ရိုးရိုး သာမာန် အကောင့်ကို ဘယ် Hacker မှ စိတ်မ၀င်စားကြပါဘူး။ အဲ့တော့ ကျွန်တော်ပြောချင်တာက သာမာန်ရိုးရိုး သုံးနေတဲ့ အကောင့်ကို Hack ခံရတာ လုံးဝ လုံးဝ (လုံးဝx) မဖြစ်နိုင်ပါဘူး။ နောက်ထပ် စိန်ခေါ်ချင်ပါသေးတယ်။ ကျွန်တော့ Personal data တွေ ပါတဲ့ အကောင့် နာမည် gmail ဖြစ်တဲ့ geek.thantzinhtay@gmail.com ကို Hack ကြည့်ပါ။ Hack နိုင်လားလို့ ။ အဓိကကတော့ ကိုယ်ဘက်ကနေ Security ပိုင်း လုံခြုံမူရှိရဲလား ဆိုတာကို အရင်ဆုံး သုံးသပ်ပါ။ နောက်မှ စိတ်ကြိုက် သုံးစွဲပါ။ ဒီလို မဟုတ်ပဲ့ အလွယ်ပေးထားတဲ့ Pass မျိုးကို သုံးမိတာပဲ့ ဖြစ်ဖြစ် တခြားစက်မှာ ကိုယ် အကောင့်ကို ဖွင့်သုံးမိတာပဲ့ ဖြစ်ဖြစ် ၀င်လို့ မရတော့တာတို့ ဘာတို့ ဖြစ်သွားတာကလွဲရင် ဘယ် Hacker ကမှ Gmail . Fb အကောင့်လောက်ကို စိတ်မ၀င်စားဘူးဆိုတာ ပြောကြားရင်း
အဓိကပြောချင်တာကတော့ ကိုယ်ကိုတိုင်ညံ့ဖျင်းမူ ၊ ကိုယ့်သုံးနေတဲ့ Data တွေကို လက်လွတ်စပယ် သတိမထားမူ ၊ ကိုယ့်ဘာသာ ဖွင့်မရတာကို သေချာ စစ်ဆေးမူ မရှိပဲ Hack ခံရတယ်လို့ ပြောကြားနေသူတွေကနေ မြန်မာလူငယ်တွေကို နားယောင်စေမူ. Password လွယ်တာမျိုးကို သုံးတာမျိုးတို့ နှင့် အခြားသော ကိုယ်ကိုတိုင် နိုင်ငံခြား Hacking ဆိုဒ်တွေမှာ အကောင့်ဖောက်ရကနေ ပျောက်ဆုံးပျက်စီးသွားတာမျိုးကလွဲလို ကျန်တာတွေကိုတော့ထက်မပြောတော့ပါဘူး။ မိမိ FB အကောင့်က ဘယ်လောက်တောင် တန်ဖိုးရှိတာတွေ များနေလို့ Hacker က Hack မလဲ့ဆိုတာ ကိုယ့်ဘာသာလည်း စဉ်းစားတွေးတောကြည့်ကြပါဦး။
ကျွန်တော် နည်းပညာလောကထဲ့ ရောက်လာတာ ကြာပါပြီ။ မြန်မာတွေ ဆီမှာပဲ့ FB အကောင့် Hack ခံရတယ်လို့ ကြားဘူးတယ်။ ဘယ်နိုင်ငံခြားဆိုဒ်တွေမှာမှ မကြားဘူးသေးဘူး ။ Shopping လုပ်နေတဲ့ ဆိုဒ်တွေမှာတောင် မကြားဘူးသေးပါဘူး။ ရိုင်းရိုင်းပြောရရင် Personal သုံးနေတဲ့ Fb အကောင့်လောက်ကို ဘယ် Hacker ကမှ အချိန်ပေးမဟတ်ကြပါဘူး။ ဒါကို မြန်မာ လူငယ်တွေ နားယောင်အောင် ရှောက်မပြောပါနဲ့လို့ ပြောကြားရင်း ဒီနေရာကနေ မြန်မာ လူငယ်တွေ အမြင်မှန်ရဖို့ စာများများ ဖတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်တော် အယူလွဲနေတဲ့ မြန်မာလူငယ်တွေ အတွေးတွေကို ဖျောက်ဖျက်စေဖို့ နီးစပ်ရာတွေ မှာ ဖျန့်ပေးကြပါလို့ တောင်းဆိုရင်း နိဂုဏ်းချုပ်ပါတယ်။

စဉ်းစဉ်းစားစားလည်း ပြောကြပါလို့ ပြောလိုပါတယ်။





Ref : သန့်ဇင်ဌေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...