Photobucket
ပင်မစာမျက်နှာ


N .

Thursday 12 January 2012

အပြာရောင်ဖြစ်သွားတဲ့ မိမိကွန်ပျူတာ folder text တွေကို မူရင်းအတိုင်း ပြောင်းနည်း

ကျနော်လည်း အင်တာနက် အဆင်မပြောတကြောင့် ပို့စ်တွေ သိပ်မတင်ဖြစ်တော့ပါဘူး၊ဒါကြောင့် လာလည်တဲ့ သူငယ်ချင်းများ နားလည်ပေးနိုင်မယ်လို့ မျော်လင့်ပါတယ်၊ဒီတစ်ခါတော့ မိမိကွန်ပျူတာမှာ folder text တွေအားလုံး အပြာရောင်ဖြစ်သွားတာကို မူရင်းအရောင်အတိုင်းပြန်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ပြောပြချင်ပါတယ်၊ ဗဟုသုတအဖြစ်ပါ၊ တစ်ခါတစ်လေကျတော့ ကိုယ်က သတိမထားမိဘဲ computer setting တွေ ကလိလွန်လို့ folder အရောင်ပြောင်းသွားတာကို သတိမထားမိဘဲ ဖြစ်သွားတတ်ပါတယ်၊ အဲဒီ folder တွေ အပြာရောင်ဖြစ်သွားတာကို မူရင်းအရောင်အတိုင်း ပြန်ဖြစ်အောင် ပြန်လုပ်တဲ့နည်းပါ၊
ဘာမှတော့ မဟုတ်ပါဘူး၊ လွယ်လွယ်လေးပါ၊ folder တစ်ခုချင်း အရောင်ပြောင်းတဲ့နည်းပါ..ပြောပြပါ့မယ်၊ မသိရင်တော့ အခက်ကြီးထင်နေမှာပေါ့၊ သိတော့လည်း ဘာမှ မဟုတ်တော့ဘူးလေ၊ မသိသေးတဲ့ သူများအတွက်ပါ.၊ ကျနော်လည်း အရင်က ဦးနှောက်ခြောက်ဖူးတယ်.၊ ဗိုင်းရပ်ကိုက်သွားတယ်လို့ ထင်ခဲ့ဖူးတယ်လေ..။ အမှန်တော့ files/directories to be compressed နဲ့ file to be uncompressed အပြောင်းအလဲကြောင့် ဖြစ်ရတာပါ။



အိုကေ...စကြရအောင်...folder text အားလုံး မူရင်း အရောင် ပြန်ပြောင်းတာကို ပြောပါ့မယ်။
အောက်က ပုံကို ကြည့်ပါ..




အပြာရောင်ဖြစ်သွားတဲ့ ကွန်ပျူတာ အပိုင်းကို ဖွင့်ပါ။
(1)window explorer>
(2)folder option>
(3)click on the view tab>
(4)Scroll down the list of Advanced Settings>
(5)Uncheck the "Show encrypted or compressed NTFS files in color" option>
(6)apply> ok.
ဆက်ဖတ်ရန်...

ဒါဆိုရင် မူရင်းအတိုင်း ပြန်ဖြစ်သွားပါပြီ။

နောက် folder တစ်ခုချင်းကို ပြောင်းချင်ရင်...အောက်က ပုံအတိုင်း လုပ်သွားရုံပါပဲ။


(1)Right-click on the file/directory and select the "Properties" option>
(2)Click on the "Advanced" button>
(3)Uncheck the "Compress contents to save disk space" option>
(4)Click the "OK" button>
(5)Click the "Apply" button, followed by the "OK" button.


ဒါဆိုရင် folder text တစ်ခုချင်းကို အရောင်ပြောင်းချင်ရင် ပြောင်းလို့ရသွားပါပြီ။
အားလုံးအဆင်ပြေ ပျော်ရွင်ပါစေ..





Source : မောင်ပညာ

1 comment:

  1. အရမ်းကိုကျေးဇူးတင်ပါတယ်...ရှေ့ဆက်ပြီးအောင်မြင်ပါစေဗျာ........

    ReplyDelete

Related Posts Plugin for WordPress, Blogger...