Photobucket
ပင်မစာမျက်နှာ


N .
Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Thursday, 22 December 2011

အတောင်တွေဖွင့်လို့မင်းလည်းပျံသန်းနိုင်တဲ့ တစ်နေ့နေ့မှာ

ပုံပြင်လေးရဲ့အစမှာပေါ့ လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့ ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။ အင်းလေ ကွဲပြားမှူ့တွေဟာ အဲ့ဒီအချိန်က ဘာမှခြားနားတယ်လို့မမြင်ခဲ့ဘူးပေါ့။ တစ်ယောက်ရဲ့ရင်ခွင်ဟာ တစ်ခြားတစ်ယောက်အတွက် နန်းတော်တစ်ခုလိုကို ခန်းနား ရှင်းရှင်းပြောရရင် အဲ့ဒီအချိန်တုန်းက သူတို့ဟာ အပျော်ရွှင်ဆုံးပဲ။အဲ့ဒီအချိန်က သူတို့ရဲ့ကြား ဘာတစ်ခုမှခြားနားမှူ့မရှိအောင်ကို ထပ်တူကြခဲ့တယ်။

သူတို့ဘာကိုမှလည်း ဂရူမစိုက်ခဲ့ဘူးလေ ။ ဒါကိုရိုးသားတယ်လို့ကောက်ခြက်ခြရင်လည်း ဒီလိုသတ်မှတ်လို့ရတယ်။

အင်း ဒါပေမဲ့ အချစ်မှာ ချစ်နေရုံနဲ့မပြီးဘူး။သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့် ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။ လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။ ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်။ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။ အတတ်နှိုင်ဆုံး ကျိုးစားပါတယ်။ ပင်ပန်းသမျှတွေဟာ တစ်ချိန်ကြ ချစ်သူနဲ့ပျံသန်းဖို့ဆိုပြီး အမောတွေပြေခဲ့တယ်။ ငန်းဟာလည်း သူ့ချစ်သူရဲ့ကျိုးစားမှူ့နဲ့ နာကျင်ခြင်းတွေအတွက် ဘဲကလေးကို အရမ်းချစ်မိခဲ့တယ်။ အတောင်တွေနာပြီး မြေပြင်နဲ့ရိုက်မိတဲ့ ဒဏ်ရာတွေကြောင့် နာကျင်မှူ့တွေကို မခံနှိုင်တဲ့အဆုံးနောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။ဘဲလေးက မင်း ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။

ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ဒါပေမဲ့ အားအင်တွေ အရမ်းကုန်ခမ်းတယ်။ ခဏလေးပဲ ပျံသန်းနိုင်တယ်။

မြေပြင်ကို ရောက်တော့ ဘဲပြုံးတယ်။ ကောင်ကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို လှပတယ်။ ငန်းကို ချစ်မိတာ အရမ်းကောင်းတာပဲလို့ စဉ်းစားတယ်။အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး ပျံသန်းခိုင်းတယ်။ မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။ဟုတ်တယ်လေ အပျံသင်ခါစ ငန်းအတွက်က သူ့ဟာသူတောင် ကျိုးစားပျံသန်းနေရတာကို။

ဒါပေမဲ့ သူဟာ ဘဲကလေးကို အရမ်းချစ်တယ် အဲ့ဒီအတွက် သူဟာ သူရင်းနှီးနေတဲ့အရာတွေနဲ့ မိတ်ဆက်ပေးလိုက်တော့ ဘဲကအရမ်းစွဲလန်းသွားတယ်။ ဒီလိုနဲ့ ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။ ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့ တစ်ရက်မှာ ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး ဘဲက ထူးဆန်းနေတဲ့အချိန်မှာပဲ ဘဲကို ဆွဲထားတာကို တဖြည်းဖြည်း လွှတ်လိုက်တယ်………….ငန်းကမျက်ရည်တွေကြပြီး ကောင်းကင်ရဲ့အမြင့်ဆုံးကို ရောက်အောင် ဆက်ပြီး ပျံသန်းသွားတယ်။

ဒီလိုနဲ့ တနေ့နေ့မှာ ကောင်းကင်အမြင့်ကြီးမှာ ရင်ကွဲပက်လက်နဲ့ ပျံနေတဲ့ ငန်းတစ်ကောင်ကိုတွေ့လိမ့်မယ်။ သူပျံသန်းလိမ့်မယ် ။ ကြယ်တွေထက်မြင့်အောင် လဆီရောက်အောင်ထိပျံသန်းလိမ့်မယ် ။ ဘဝဆိုတာက သူ့အတွက် ပျံသန်းဖို့ပဲမဟုတ်လား အားလုံးဟာ ချစ်သူဆီက ရနိုင်တာလေးနဲ့ ကျေနပ်ရောင့်ရဲတင်းတိမ်တတ်ရင် ကောင်းတာပေါ့ ။ ရထားတာလေးကို မြတ်နိုးတတ်ရမယ်။ အဲ့ဒီအတွက်လည်း ကိုယ့်ချစ်သူကို ကျေးဇူးတင်တတ်ရမယ် ။ လိုချင်မှုတွေများလာတာ ချစ်သူရဲ့အရည်အချင်းကိုသာ မက်မောတာဟာ မစစ်မှန်ခြင်းပဲပေါ့......


Source : စင်္ကာပူရောက်မြန်မာများ
Related Posts Plugin for WordPress, Blogger...