Photobucket
ပင်မစာမျက်နှာ


N .
Showing posts with label ဖုန်း. Show all posts
Showing posts with label ဖုန်း. Show all posts

Tuesday, 28 August 2012

Smart Stay v1.3.4.3 for Android



Samsung S3 မှာပါတဲ့ Smart Stay လို့ခေါ်တဲ့ feature ကိုတခြား android ဖုန်းတွေမှာအသုံးပြုချင်သူတွေအတွက်ပါ။ Smart Stay ဆိုတာကတော့ ဖုန်း screen ကိုကိုယ်က ကြည့်နေသရွေ့ ဖုန်း screen ကိုလက်နဲ့မထိရင်တောင် ဖုန်းက screen ကိုဒီအတိုင်းပဲထားပေးမှာပါ။ အကယ်၍ ဖုန်းကိုမကြည့်ဘဲထားလိုက်မယ် ဒါမှမဟုတ် မျက်လုံးမှိတ်အိပ်ပျော်သွားတယ်ဆိုရင်တော့ Screen ကို auto မှိတ်ပေးမှာပါ။
အခု အဲဒီ features ကို တခြား Android ဖုန်းတွေမှာသုံးချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ apk လေးကိုသွင်းလိုက်ပါ။

Monday, 27 August 2012

ProXimity Talk v1.24 for Android





Android ဖုန်းတွေအတွက် တကယ့်ဆော့ဝဲအလန်းစားလေးပါ။ Proximity Talk လို့ခေါ်ပါတယ်။ နောက်ဆုံး version လေးကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကဘာတွေလုပ်ဆောင်ပေးနိုင်လဲဆိုတော့

* ဖုန်းလာတဲ့အခါ ဖုန်းလက်ခံနားထောင်ဖို့ဖုန်းကိုခလုတ်နှိပ်စရာမလိုဘဲ ဖုန်းကိုနား နားကပ်လိုက်လိုက်တာနဲ့ auto ဖုန်းကိုင်ပြီးသားဖြစ်စေပါတယ်။
* အဲဒီလိုဖုန်းပြောနေရင်းနဲ့ ဖုန်းကို နား နားလေးကနေခွာလိုက်တာနဲ့ ဖုန်းကို auto speaker ဖွင့်ပေးပါတယ်။
* ဖုန်းကို speaker ဖွင့်ပြောနေရင်းနဲ့ နား နားလေးကိုကပ်လိုက်တာနဲ့ speaker auto ပိတ်ပေးပြီး ပုံမှန်အတိုင်းဖုန်းပြောလို့ရမှာပါ။
* ဖုန်းပြောပြီးသွားလို့ ဖုန်းချချင်တဲ့အခါမှာ ဖုန်းကို ခလုတ်နှိပ်ချစရာမလိုဘဲ ဖုန်းမျက်နှာပြင်ကို အောက်ဘက်ကိုမျက်နှာမူပြီးမှောက်လိုက်တာနဲ့ ဒါမှမဟုတ် ဖုန်းကိုလှုပ်ခါလိုက်တာနဲ့ auto ဖုန်းချပြီးဖြစ်စေပါတယ်။

Photo Studio PRO v0.9.4 for Android




Android ဖုန်းနဲ့ အရည်အသွေးကောင်း ရုပ်ထွက်လန်းတဲ့ ဓာတ်ပုံတွေကိုရိုက်ချင်သူတွေအတွက် Photo Studio PRO v0.9.4 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲကိုအသုံးပြုခြင်းအားဖြင့် သာမန် camera ဆော့ဝဲတစ်ခုအနေနဲ့မဟုတ်ဘဲ ကွန်ပျူတာပေါ်မှာဓာတ်ပုံပြင် stuido ဆော့ဝဲအလန်းစားကိုသုံးနေရသလိုမျိုးကိုခံစားရစေမှာပါ။ အရမ်းကောင်းတဲ့ ဓာတ်ပုံဆော့ဝဲလေးပါ။


Monday, 26 March 2012

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)

1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net




မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။

“1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ ”



Wednesday, 21 March 2012

Samsung Galaxy အမျိုးအစားဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်မြင်ရအောင်လုပ်နည်း

amsung Galaxy Series ဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့ application လေးပါ။ Galaxy S နဲ့ Galaxy S2 တွေမှာသွင်းလို့ရပါတယ်။ သွင်းပုံသွင်းနည်းကိုပါပြောပြပါမယ်။ အောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုလုံးကို download လုပ်ပါ။
Fontomizer အားရယူရန်
zawgyi font application အားရယူရန်
ဖုန်းရဲ့ settings> applications ထဲကိုသွားပြီး unknown sources ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက download လုပ်ထားတဲ့ application နှစ်ခုစလုံးကို install လုပ်လိုက်ပါ။ install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ Setting > Display > Font ထဲကိုသွားပါ။ အဲဒီမှာ ခုနသွင်းထားတဲ့ zawgyi font ကို font list
ထဲမှာမြင်ရပါလိမ့်မယ်။ font list ထဲက zawgyi font ကိုရွေးပေးလိုက်ပါ။

အခုဆိုရင် Samsumg Galaxy Series ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တကယ်လို့ ဇော်ဂျီ ဖောင့် အပြင် တခြားဖောင့်တွေကိုလည်း ထပ်ထည့်ချင်တယ်ဆိုရင်တော့ Fontomizer application ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ A to Z အထိ font နာမည်အမျိုးမျိုးနဲ့ font တွေကို direct download လုပ်လို့ရပါတယ်။ ဇော်ဂျီ font ကိုတောင် အဲဒီထဲကနေ download လုပ်လို့ရပါတယ်။

Wednesday, 11 January 2012

Android မှာ Gmail Account အဆင့်ဆင့် ထည့်သွင်းနည်း

Email services provider ထဲမှာ gmail ကတော့ အကောင်းဆုံးပါပဲ။
google services တွေထဲက တခုအပါဝင်ဖြစ်တဲ့
Gmail အစောပိုင်းစပြီး ပေါ်လာကထဲကတိုင် Account လုပ်ဖို့တွက် registrator လုပ်တာကလဲ အရမ်းကြီးမခက်ခဲပါဘူး။
အခုဆိုရင် Google ရဲ့ အကျိုးကျေးဇူးကြောင့် Android mobile တွေမှာလဲ gmail ကို လွယ်ကူသွား ထည့်သွင်းပြီုးအသုံးပြုလို့ရနေပါပြီ

သင့်မှာ Gmail account များများရှိနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ Google free ပေးထားလို့ပါ။
သင့် Android device တွေမှာလဲ Gmail account အဆင့်ဆင့် ထည့်သွင်းပြီး အသုံးပြုလို့၇ပါတယ်။

Gmail account များများထည့်သွင်းပြီးသုံးတဲအတွက် အခြား Gmail account တွက် ဆိုကျိုးမသက်ရောက်ပါဘူး။
Gmail Multiple Account ထည့်သွင်းနည်လမ်းလေးက လွယ်ကူပါတယ်။

Android mobile phone မှာ Gmail latest version သွင်းထားဖို့တော့လိုပါတယ်။
သင့် မိုဘိုင်းဖုန်း Gmail latest version သွင်းဖို့ Android Market ကနေ ယူလို့၇ပါတယ်။
အောက်ကနည်းလမ်းလေးက Gmail account တွေကို အဆင့်ဆင့် ထည့်သွင်း အသုံးပြုနည်းလမ်းလေးပါ။



Related Posts Plugin for WordPress, Blogger...