Photobucket
ပင်မစာမျက်နှာ


N .
Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Friday, 16 December 2011

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်

“အမှန်ပဲ၊ မင်း ကိုယ့်လို ရင့်ကျက်ဖို့ အဆင့် နှစ်ဆင့်လောက် လိုနေသေးတယ်။ မင်းရဲ့ လက်အောက်က အမျိုးသမီးလေး တယောက် မီးဖွားခွင့်တင်တာကို မင်း အပြည့်အဝ လိုက်လျော နားလည် ပေးနိုင်ဖို့ အတွက် မင်းကိုယ်တိုင် အဲဒီ အဆင့်ကို ကျော်ဖြတ်ပြီးမှ ဖြစ်နိုင်မယ်..။ စာအုပ်တွေ ဖတ်ပြီး ခံစားလို့တော့ ရပါတယ်လို့ မင်းလာမပြောနဲ့။ အဲဒါက အတုအယောင်ပဲ၊ လူ့ဘဝကို အပြည့်အဝ နားလည်ဖို့ အိမ်ထောင်သည် ဘဝကို မဖြတ်သန်းဖူးပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး.။ မင်း ဘာသာ ပညာတွေ ဘယ်လောက် တတ်တတ် လူပီသတဲ့ စစ်မှန်တဲ့ ခံစားမှု ဆိုတာ တကယ်လောကရဲ့ အတွေ့အကြုံတွေကသာ ပေးနိုင်တာ ၊ ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ် မိသားစု တစုကို ဦးဆောင်မယ့် သူဟာ အပျိုကြီး လူပျိုကြီး ဖြစ်လို့ ကတော့ အဲဒီ မိသားစုဟာ အပြည့်အဝ တိုးတက်မှုကို ဘယ်တော့မှ မရနိုင်ဘူး.။


Source : Read More

Thursday, 15 December 2011

ငွေ

တစ်ခါက အင်မတန် ကပ်စေးနည်းတဲ့ သူဌေးကြီး တစ်ယောက်နဲ့ သူတောင်းစားတစ်ယောက် ဆုံပါတယ် . .

သူတောင်းစား က "ငွေလေး တစ်ပြားတစ်ချပ်လောက် စွန့်ကြဲပါ ခင်ဗျာ . . . "

သူဌေးကြီး က "ငါ့မှာငွေမရှိဘူးကွာ . . . ."

သူတောင်းစား က "ဟာဗျာ . . . သူဌေးကြိး က ဒီလောက်ချမ်းသာတာ မလိမ်ပါနဲ့ . . ခင်ဗျာ . . . "

သူဌေးကြီး က "တကယ်ပါ. . . . .ငါ့မှာ ငွေမရှိဘူး . . . သွား. . . သွား . . . "

အဲဒီမှာ လူတစ်ယောက် က မနေနိုင်တာနဲ့ ၀င်ပြောလိုက်ပါတယ်. . .

"ဟေ့ လူ သူဌေးကြီး က အမှန်ပြောနေတာဗျ. . . "

သူတောင်းစား က "ဒီလောက်ချမ်းသာတဲ့ လူဆီမှာ ငွေမရှိဘူးဆိုတာ . . . "

လူတစ်ယောက် "သြော် ဒီလူ့နှယ် . ခက်ပါရော ငွေဆိုတာ သုံးလိုက်မှ ငွေ လို့ခေါ်တာဗျ. . . မသုံးစွဲရင် စက္ကူပဲ . . . ."

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


Source : ဧရာဝတီစာကြည့်တိုက်

Thursday, 1 December 2011

ပြတင်းပေါက် - ဂျူး

ဒါကြောင့် သူ့မှာ တိုက်မရှိဘူး၊ ကားလဲ မရှိဘူး၊ အလုပ်ရုံလဲ မရှိဘူး၊ ဂိုဒေါင်လဲ မရှိဘူး"


သူ နောက်သို့ မသိမသာ ဆုတ်လိုက်သည်။


"ဒါပေမဲ့ . . . သူ့မှာ အချစ်ရှိတယ်"


"တော်တော့ . . . "

Read More

ခဲတံ နဲ့ လူ့ဘ၀ - နိုင်းနိုင်းစနေ

.




ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို အမြဲမှတ်ထားပါ။


လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို မှတ်သားရပါတယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။

(၂) ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေက သင်ပိုင်ဆိုင်မှာဖြစ်တယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။

(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။

(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

မူရင်း-- http://www.rs66.com/a/1/86/qianbiyurensheng_78753.html

Source : နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Related Posts Plugin for WordPress, Blogger...