Photobucket
ပင်မစာမျက်နှာ


N .
Showing posts with label USB Disk Security. Show all posts
Showing posts with label USB Disk Security. Show all posts

Wednesday, 18 January 2012

Repairing Memory Stick

ဒါကတော့မြန်မာအိုင်တီမန်းကိုအလည်ရောက်သွားရင်းတိုက်ဆိုင်တာနဲ့ဒေါင်းပြီးသုံးကြည့်တာ အဆင်ပြေလို့ဘော်ဒါတွေအတွက်ပြန်တင်ပေးလိုက်တာပါ စတစ်အပျက်ရှိရင်တော့အိုကေတာပေါ့

Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။
သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။




No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။


ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။

Download Bootice (100KB)
http://db.tt/5h9XrtN
Download TestDisk (1.44MB)
http://db.tt/Nwmbws6




Memory Stick မှာမကြာခဏတွေ့ တတ်သော Virus များရှင်းနည်း

ကျွန်တော် ဒီတစ်ခါ…Memory Stick တွေမှာ ကြုံတတ်တဲ့ပြသာနာလေးတွေဖြေရှင်းတဲ့နည်းလေးပြောပြမှာပါ…သိပြိးသားဆိုလဲ သည်းခံပြီးဆက်ဖတ်ပေတော့..ဟီးး :D သူငယ်ချင်းတို့ ကြုံဖူးကြမှာပါ…Memory Stick ထိုးလိုက်တာနဲ့ …Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ ..ဘာတို့ ညာတို့ ပေါ့…အဲဒီ virus တွေကို USB Disk Security မှာလာပြတယ်လေ…အဲဒါတွေကို အရမ်းရမ်းကောင်းပါတယ်ဆိုတဲ့..Kasper ကတောင် မဖျက်နိုင်ဘူး… USB Disk Security မှာ Delete လုပ်လဲ တစ်ချို့  ဟာတွေကို delete လုပ်လို့ မရပါဘူး……အဲဒီတော့ ဘာ software မှ သုံးစရာမလိုတဲ့ ကျွန်တော်ပေးတဲ့ နည်းလေး သုံးကြည့်လိုက်..ရှိသမျှ virus တွေ အကုန်သေသွားစေရမယ်..(ဟဲဟဲ..ငါကွ…Kasper လောက်တော့သနားတယ်….ဟီးးး :D).. ကျွန်တော့်ရဲ့  virus ရှင်းတဲ့နည်းက တစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat file နဲ့  command တွေရေးပြီးရှင်းတဲ့နည်းလေးပါ…..ပထမဦး ဆုံး Notepad တစ်ခုကိုဖွင့်ပါ…ပြီးရင် အောက်မှာ ကျွန်တော်ရေးထားတဲ့ command တွေကို copy ကူးထည့်လိုက်ပါ… @echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Kill.bat) ဆိုပြီး ကိုယ့်ရဲ့ Memory Stick ထဲမှာ Save လိုက်ပါ…အဲဒီ Kill.bat ဆိုတဲ့ file လေးကိုတော့ မဖျက်ပစ်လိုက်နဲ့နော်…Stick ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့…ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus တွေအကုန်ရှင်းသွားလိမ့်မယ်……



Source :  တာယာပွကြီး(ချစ်သူမြို့တော်)

Thursday, 12 January 2012

Free USB Disk Security 1.0

ကျွန်တော်  နောက်ပိုင်းတော့ အဆင်ပြေပြေနဲ့ ကော်နက်ရှင်မကောင်းတဲ့ သူတွေပါ သုံးနိုင်အောင် အတက်နိုင် Software တွေကို ဖိုင်ဆိုဒ် နည်းနည်းနဲ့ အသုံးလည်းတည့်မဲ့ ကောင်လေးတွေကိုပဲ အဓိကတင်ပေး သွားပါမယ် .. ဖိုင်ဆိုဒ် အရမ်းကြီးတာတွေ ကိုတော့ တောင်းဆိုထားတာ ရှိရင် တင်ပေးသွားပါမယ် .. အခုတင်ပေးတဲ့ ကောင်လေးကတော့ မိမိတို့ ကွန်ပျူတာကို USB Stick တွေကနေပြီးတော့ Virus တွေမ၀င် နိုင်အောင် ကာကွယ်ပေးမဲ့ ကောင်လေးပါ .. အခုကျွန်တော် တင်ပေးလိုက်တဲ့ Version လေးကတော့ Free ပေးထားတာပါ .. လိုအပ်တဲ့ သူတွေ အတွက်တော့ အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ .. 
အသေးစိတ် သိချင်ရင်  ဒီမှာ သွားလေ့လာနိုင်ပါတယ် ..



Download  From  IFile.it


Download  From  Ziddu


Download  From  Mediafire

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..






Source : ကောင်လေးငယ်
Related Posts Plugin for WordPress, Blogger...