Photobucket
ပင်မစာမျက်နှာ


N .
Showing posts with label G-Talk. Show all posts
Showing posts with label G-Talk. Show all posts

Thursday, 9 February 2012

gtalk တွင် zaw gyi font မပေါ်ခြင်း ပြဿနာအဖြစ်အများဆုံးက IE က


yu yu; nyima computer ka dell amyoo asar(2010-japan version)par... a thi ama 1 yout ka myanmar font ko read loe ya aung. write loe ya aung lote pay par tal. but, myanmar font ko read loe tot ya tal... write loe ma ya buu phyit nay tal... ama ka le, bar phyit loe le ma thi buu... ma lote tat tot buu loe pyaw par tal.... ako ku nyi loe ya mal so yin.... pyaw pya pay par shin. kyay zuu tin par tal..

အစ်ကို့အထင်တော့ ညီမက internet explorer ကို သွားသုံးနေတယ်ထင်တယ်. ကိုပြောပြလိုက်တဲ့ အချက်တွေကိုသာ ပြင်လိုက်ပါ . ညီမ အဆင်ပြေသွားပါလိမ့်မယ်. အဲ့ဒီ့ ပြဿနာအဖြစ်အများဆုံးကတော့ IE လို့ခေါ်တဲ့ internet explorer ကနေ Times New Roman (or) တစ်ခြား font တစ်ခုခုကို ရွေးထားပြီး browser ကို Default ယူထားလို့ ဖြစ်တဲ့ ပြဿနာပါ. အဲ့ဒီ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ Mozilla Firefox ကို Default browser အဖြစ် ပြန်ယူလိုက်ရင် အဆင်ပြေသွားမှာပါ. အဲ့တော့ တစ်ခါတစ်ရံမှာ Firefox ကို တင်လိုက်တဲ့အချိန်တုန်းက Mozilla Firefox browser ကို default ထားမှာလားမေးတုန်းက default မထားခဲ့လို့လဲဖြစ်တတ်ပါတယ်. တစ်ခါတစ်ရံ default ထားထားတာတောင်မှ IE နဲ့ gtalk နဲ့ လာငြိတတ်ပါတယ်. ကဲလုပ်ရမှာလေးကို ပြောပြပေးပါ့မယ်.
သေချာသွားအောင်လို့ ၃ နေရာပြင်ပါမယ်.

Monday, 23 January 2012

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်



ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 

အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 


ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..

အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..
Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..
ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..
ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် .. 
မြန်မာပြည်မှ Phone Verification လုပ်ဖို့  အခက်အခဲ ရှိသူများ ကူညီပေးပါမယ် ..  ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. nayminmaung89@gmail.com သို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် ..  ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်ကလင့်မှာ ယူလိုက်ပါ .. 
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..





Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

Sunday, 15 January 2012

Gtalk သုံးပြီးလုပ်ဆောင်သင့်တဲ့အချက်များ - itcrazy





win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။

အဲဒီကနေ

HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts
ကိုထောက်လိုက်ပါ။

ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။

အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့
username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။
ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။
အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား
အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ +
လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။
ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete
နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံသွားပြီလို့ထင်ပါတယ်။



တစ်ချို့ဆိုင်တွေက Registry Editor ကို ပိတ်ထားတာများပါတယ်..နောက် Ctrl+Alt+Del
key ( Task Manager )ပါ ပိတ်ထားကြပါတယ်။



ပထမဆုံး Registry Editor ပိတ်ထားခြင်း အား ပြန်ဖွင့်အောင်

Run >gpedit.msc ကို ရိုက်ပါ



User Configuration အောက်က Administrative Templates ကို Click လုပ်ပါ။ သူအောက်မှာ
System ကို ကလပ်နှိပ်ပါ


System ဘေးဘက်အကွက်မှာ Prevent access to registry editing tools ကိုClick
နှစ်ချက်နှိပ်ပြီး Enabled (သို့ ) Disabled (သို့) Not Configured
တစ်ခုခု ရွှေးပေးခြင်းဖြစ် သင့်အသုံးပြုနေသော် စက်တွင် Registry Editing
ပိတ်ထားခြင်းအား ပြန်လည်ဖွင့်နိုင်ကြောင်း ။



ဒုတိယနည်းကတော့ Ctrl+Alt+Shit အားပိတ်ထားခြင်း( Task Manager)

User Configuration အောက်က Administrative Templates ကို Click လုပ်ပါ။ သူအောက်မှာ
System ကို ကလပ်နှိပ်ပါ



System အောက်က Ctrl+Alt+Shit ကို ၀င်ပါ Remove Task Manager ကို Click
နှစ်ချက်နှိပ်ပြီး Enabled (သို့ ) Disabled (သို့) Not Configured
တစ်ခုခု ရွှေးပေးခြင်းဖြစ် သင့်အသုံးပြုနေသော် စက်တွင် Task Manager
ပိတ်ထားခြင်းအား ပြန်လည်ဖွင့်နိုင်ကြောင်း ၊





:15:

.

itcrazy
mmt technicianmmt technician

Thursday, 12 January 2012

Gtalk မှာတင်ဖို့ စာသား အလန်းလေးများ

ကိုလှရွှေ နေမကောင်းဖြစ်လို့ .....မသိန်းကြည်
ငါးသွားရောင်းတာ...တာမွေမှာရေကြီးလို့ တဲ့အဲဒါနဲ့ အမေရိကန်နဲ
ကိုရီးယားစာချုပ် ချုပ်လိုက်တာ....2012ကမ္ဘာပျက်တော့
ညောင်ဦးကငါ့ဘကြီးဖိုထိုးတာတွံတေးက
နင့်အမကြီးပေါင်ကျိုးသွာတဲာ......နင့်ကိုသတိရလိုက်တာဟာ...

ခင်ယုံပါဆို ရင်ခုန်စရာဘာလို့တွေးတာလဲ? ရိုးရိုးသိတာပါဆိုလဲ
ခိုးခိုးကြည့်စရာ မလိုပါဘူး... ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက
သိသာတယ်နော်... အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့...

 အချစ်ဆိုတာ ဓါးသွားပေါ်က ပျားရည်စက်တဲ့... တောက်! ဘယ်သူကများ
ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ..... ငါ့အလှည့်ကျ
ဓါးသွားချည်းကျန်တော့တယ် ....
 

ငါချစ်တဲ့ မင်း တစ်ခြားတစ်ယောက်နဲ့ Q လို့ ပါသွားရင်
ခေါင်းလောင်းထိုးလှုပြီးေ၇စက်ချအမျှဝေလိုက်မယ်... 
မလွမ်းတက်တာတော့ တော်တော်ခက်တယ် ကွာ...

အမြည်းမရှိတော့အာပူ...သူကြီးမရှိတော့ရွာဆူ...(ဆိုသလို)
ဘုန်းတစ်ခိုးရှိတဲ့အသင်လူလည်း...ရည်းစားမရှိရင်ကြူသာကြူ...:-).

u see i see တော့ဒန်းကျိုးတာပေါ့ u say i say တော.ပန်ကန်ပါးတာပေါ့u no
i no တော.နှစ်ယောက်လုံးအိမ်ရေးပျက်တာပေါ့ Smile

ဘ၀ဆက်တိုင်း England မှာ ဘောလုံးသမား, Korea မှာ မင်းသား, 
ဂျပန်မှာယာကူဇာ, US မှာ Mafia,   မြန်မာနိုင်ငံမှာ 
သူဌေးသား ဖြစ်ရပါစေ၊အရှင်ဘုရား...

 အချို့ အချို့ ကပြောတယ်ဗျာ.. မိန်းကလေးများသည် အမျိုးမျိုးပြောင်း
လဲတတ်သည်တဲ့ ... အမျိုး မျိုး မဟုက်ပါဘူးနော်........
နှစ်မျိုးတည်းပြောင်းတာပါ..လိုတမျိုး ...မလိုတမျိုး.....(မိန်းကလေးတွေက
ပြန်ရေးလိုက်နော်.. မောင်(ခေတ္တလူ့ ပြည်)

  အချို့ အချို့ ကပြောတယ်ဗျာ.. ကောင်ကလေးများသည် အမျိုးမျိုးပြောင်း
လဲတတ်သည်တဲ့ ... အမျိုး မျိုး မဟုက်ပါဘူးနော်........
နှစ်မျိုးတည်းပြောင်းတာပါ..လိုတမျိုး ...မလိုတမျိုး.....

ကြိုက်လို့လိုက်တာ မိုက်လို့ခိုက်တာ Fight ဖို့ Case မပါဘူး
လိုက်လို့ညစ်ရင်လည်း မမိုက်လို့ ပစ်တယ်မှတ်လိုက်မယ် But
သင့်အတွက်မှတ်ရန်က အချစ်အတွက်မနက်ဖြန်မရှိပါတဲ့။

လွမ်းရဲရင် လမ်းခွဲလိုက်ပါချစ်သူ

 လိမ်ချင်ရင် ကြိုးကျစ်... ချစ်ချင်ရင် ဘောပင်ဆောင်ထား...
အကွက်ရွေ့ချင်ရင်ကျားထိုး...ကြောင်ချင်ရင်တော့ ညမအိပ်နဲ့..
fallချင်ရင်ခုန်ချ...လာတော့မဖြီးနဲ့

မနက်ဖြန်တိုင်းသာစကား ပြောတတ်ရင်မင်းကိုသတိရ ကြောင်းကိုယ် ကတစ်ဆင့်သူပြောပေးမှာပါ

ဗလတောင့်တယ် ရုပ်ဖြောင့်တယ် .
ရှူ ရှူး ပေါက်ရင် အဝေးကြီးရောက်တယ်

ခင်မင်နေတဲ့တို့ နှစ်ယောက်ကြားမှာ စိတ်မခိုင်လို့ ယိမ်းယိုင်မိရင်ခွင့်လွှတ်ပါ
တစ်သက်လုံးပဲ ရင်မှာ သိမ်းဆည်းထားပါ့မယ်

ဆန္ဒတွေတော့ရှိသေးတယ် မျှော်လင့်ခြင်းတွေတော့မရှိတော့ပါဘူး
အချစ်တွေတော့ရှိသေးတယ် ယုံကြည်မှုတွေတော့မရှိတော့ပါဘူး
သတိတွေတော့ရသေးတယ် တွေ့ ချင်စိတ်တော့မရှိတော့ပါဘူး

အချစ်ကို ကိုးကွယ်နေတဲ့ သူမဟုတ်ပါဘူး... အချစ်ကို ဒူးထောက်တောင်းခံ
သူလည်းမဟုတ်ပါဘူး.. ဒါပေမယ့် အချစ်ကို တင်းတင်းကျပ်ကျပ် ပွေ
့ဖက်ထားတတ်သူပါ...

ချောတာကြိုက်ရင်မင်းသားတွေရှိတယ်... ချမ်းသာတာမှလိုချင်ရင်
သူဌေးသားတွေရှိတယ် ...ဂုဏ်မက်တယ်ဆိုရင်လည်း
စစ်ဗိုလ်တွေရှိတယ်........ ချစ်တတ်တာကိုပဲလိုချင်တယ်ဆိုမှ ငါ့ဆီလာခဲ့ပါ .

တစ်ကယ်တော့အချစ်ဆိုတာ လူတိုင်းပါးစပ်ဖျားမှာပြောနေကြတဲ့ ယုံတမ်းစကားပါပဲ

ပိုင်ရှင်မရှိပါ -ရည်းစားစကား ပြောခြင်းကိုလက်ခံစဉ်းစားပေးမည်
ဓာတ်ပုံ3ပုံနှင့်Gmail တွင်လူကိုယ်တိုင်လျှောက်ထားနိုင်ပါသည်
ပုံ…ချစ်ဦးမောင်(နေသူရိန်)

လူတွေကပြောတယ်အချစ်မရှိရင်သေနိုင်တယ် တဲ့ မဖြစ်နိုင်တာအချစ်က oxygenမှမဟုတ်တာ

-အရှုံးပေးတာ ...ဒုံးဝေးတာမဟုတ်ဘူး

အချက်အပြုတ် မောင့် အလုပ်အပြေးအလွှား မောင် ဈေးသွား
အဖွတ်အလျှော် မောင် ပဲနော်ကလေးထိန်းကျောင်း မောင် ပဲကောင်း
ကျောင်းကြိုကျောင်းပို့ မောင့် အဖို့  ..ထင်းမီးသွေးဝယ် မောင် ပဲကွယ်
ဆန်ဆီရှာလည်း မောင် ပါပဲဖျားနာပြုစု မောင် ပဲကု
သို့သော်.............သို့သော်အင်္ကျီဝယ်ချုပ် မောင် မဟုတ်
လက်ဝတ်ရတနာ မ အတွက်ပါဆလင်းဘက်အသစ် မ အတွက်ဖြစ်
ဗိုလ်ချုပ်ဈေးသွား မောင် မတားအလှပြင်ဆိုင် မ ပဲထိုင်
အသစ်အဆန်းအထည် မ ပဲဝယ်ဘာပဲပြောပြော မ သဘော......... မ သဘော။

My name is ဖိုးရှုပ်... All call me အမျိုးယုတ်.... I Live in တဲစုတ်.... I
only eat ပဲပြုတ်... I walk in လမ်းစုတ်.. So I meet မိပုတ်... I give her
အမှိုတ်ထုတ်... So she gave me ဆီးထုတ်…

 ပုံပြင်ကြိုက်တဲ့ငါ့ကို ပုံပြောကောင်းတဲ့နင်က ပုံပြင်ထဲမှာဘဲထားသွားတယ် ပုံပြင်ထဲမှာကျန်ခဲ့တဲ့ ငါပုံပြင်တွေကိုပြန်ဖတ်ပြီး ပုံပြောကောင်းအောင်လေ့ကျင့်ခဲ့တယ် အခုတော့ငါပုံတွေပြောတတ်နေပြီ

စာကမရ ၀ိုင် သာချ ...စိတ်လေတယ်နော် beer ဆော် ...
အသည်းကကွဲ wiskey ဆွဲ...အပျင်းပြေသောက် spy ဖောက်..
သောက်ပြီးရင်ဇိမ် ဒီ Champain ..ပိုက်ဆံကမွဲ ဘီအီးဆွဲ .. စိတ်ညစ်လို့ထိုင် ခေါင်ရည်ဆိုင်

မုန်းပြီဆိုရင်...1500 ကို 3000 ပေးလည်း လှည့်မကြည့်ဘူး။ အချစ်ဆိုတာ Bus ကားလိုပဲ
ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့မောတယ်... ခဏစောင့်လိုက်..
နောက်တစ်စီးလာလိမ့်မယ်။

ကဗျာဆန်ဆန် တွေ့ဆုံခဲ့တာ မဟုတ်ပေမဲ့ ၀တ္ထုဆန်ဆန်ပဲ ခွဲခွာခဲ့တရ် နှလုံးသားကို ငုံကြည့်လိုက်တော့အံသြစရာကောင်းစွာပဲ နှလုံးသားကလည်း ရုပ်ရှင်ဆန်ဆန်ကြီး ငိုကြွေးနေတရ်..

ကျွန်တော် နှင့်ချက်သောကောင်မလေးများသည်ကျွန်တော်အားကြိုက်နေသောသူများဖြစ်ပြီး..
ကျွန်တော် နှင့်မချက်သောကောင်မလေးများသည်
ကျွန်တော့်အားကြိတ်ကြွေနေသောသူများဖြစ်သည်..

သွားပါကွာ။ဟိုကောင်ကကားပါတယ်မဟုတ်လား။အားနာတယ်လဲပြောဖို မလိုပါဘူး။ထုံးစံတွေကိုဖယ် ။ ဒုံးပျံတွေဝယ်နိုင်တဲ့ တစ်နေ မင်းကိုငါလာတွေ့ မယ် ။
ပြီးရင်တော့ဘင်လာဒင်နဲ့ ရတနာခင်တွေ့ သလို အမုန်းဆွဲဗုံးကျဲမှာနော်..တေတွားမယ်

ဦးနှောက်ကို Format ရိုက် ၊ နှလုံးသားကို Partition ပိုင်းပြီး ငါ့အချစ်ကို Antivirus မျိုးစုံနဲ့သတ်ရင်တောင် နင့်ကို ချစ်တဲ့ Virusကဘယ်တော့မှမသေနိုင်ဘူးဆိုတာ နင်ယုံပါဟာ။

Online ပေါ်မှာယောက်ကျားကလေးတွေကို တွေ့ မရှောင်QQစိန်လုပ် သူများ မိုးကြိုး၁၀ခါပစ် ၉ခါမှန်၁ခါထိ ဒိုင်နာကားတိုက်သေမြွပွေးကိုက်ပါစေဗျာ(မန်းကလေးများအနေနဲ့ ပြောင်းပြန် ပြန်ရေးလိုက်နော်ကို့ ဘက်ကိုဦးစားပေးရေးထားတာမလို့ (မောင်ခေတ္တလူ့ ပြည်)

အဆင်ကမပြေဆံပင်က၇ှည် ချစ်သူကမုန်းဖဲကရှုံး
နွားပွဲကအပြန်နွာကကန် အမေကဆဲခွေးကဆွဲ
အဖေကထိုးသွားကကျိုး မီးကမလာမိုးကရွာ
ကလေးကငိုသေးကစိုပိုက်ဆံမ၇ှိပါဘူးဆို
ဧည်သည်ကလာဆန်ကမ၇ှိဖိနပ်သည်းကြိုးကပြတ်
ဒုက္ခဟူ၍မှတ်..ငတ်…ငတ်.ဂီးဂီး…


အသဲဆိုတာ1ခါကွဲပြီးရင်နာသွားတယ် 
နာတဲ့အတွက်ရောင်သွားတယ် ရောင်တဲ့အတွက်
အသဲကကြီးသွားတယ် ကြီးတဲ့အတွက်နောက်
1ယောက်ပိုဆန့်သွားတယ်!!!!!
အနိစ္စ အရင်ရည်းစားကမမြဲ ဒုက္ခ ဒီရည်းစားအတွက် သောကများရ အနတ္တ နောင်လာမည့် ရည်းစားကလဲ အစိုးမရ ပြတ်သွားသမျှ ရည်းစားအားလုံးအမျှ အမျှ အမျှ
 
အာဒံကဧ၀ကို ချစ်တာ အားကျမနေနဲ. သူတို.ကနှစ်ယာက်ထဲ၇ှိလို.ချစ်တာ........ငါကတော.လူတွေအများကြီး၇ှိတဲ.အထဲက နင်ကိုချစ်တာ ဟွန်.နင်းအ၇မ်းကံကောင်းတယ်လို.မှတ်.... _*

VZO ညာနေသည် MIRC ရန်တိုက်ပေးနေသည်FACEBOOK ဗြောင်လိမ်
နေသည်G TAlk ခလောက်ဆံ အကောက်ကြံနေသည် မော်နီတာပေါ် 
မှစကားလုံးများ နားမယောင်လေနဲ့ သတိထား........။


ဖရဲသီးကို ခွဲကြည့် အတွင်းသားနီရဲနေပေမဲ့ ချိုချင်တဲ့ အလုံးမှချိုတာလေ 
ချစ်သူလည်း ဒီလိုပဲ မယုံရင် တွဲကြည့်.... ရင်ချင်းတွေ ဘယ်လောက်နီးနီး 
အစွဲကြီးဘယ်လောက်စွဲစွဲ အတွဲကြီး ဘယ်လောက်တွဲတွဲ မြဲချင်မှ မြဲတာ
(( ဟုတ်တယ်… တို့နှစ်ယောက် အပေါက်ဖောက်ပြီး မူလီစုတ်လိုက်ကြရင်
ကောင်းမယ်ထင်တယ်..နော် ..)) :D

 အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ???


အိပ်မက်အဟောင်းတွေ ၀ယ်တယ်။
အသစ်တွေနဲ့ အလိုက်ပေးလဲတယ်။
မျှော်လင့်ချက်တွေရောင်းတယ်။
ပျော်ရွှင်ခြင်းတွေ အလကားပေးတယ်။
ဝမ်းနည်းခြင်းတွေ အလှူခံတယ်။
အချစ်လား?
ဆောရီး... ဒါလေးကတော့ Not for Sale!



ဓါးလည်း သွေးပေးထားတယ်။
ရင်လည်း ခွဲပေးထားတယ်။
ဆားနဲ့လည်း ပက်သွားသေးတယ်။
ဒါတောင် နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့ အသင့်ပါပဲ။
နင့်ဆီက "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ကြားရမယ်ဆိုရင်ပေါ့။



တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင်....
ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကို ငါ တိုးတိုးလေး ပြောပြမယ်။
နင်ရှူရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကို ငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။


ကျလိုက်တဲ့ ကွန်နက်ရှင်း
စိတ်ဓာတ်နဲ့ အပြိုင်ပါပဲလား။



ငါတို့က…
မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ…
လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။


အခုတလော...
ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။
မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။
ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။


အချစ်တစ်ခုပဲ လိုတယ်တဲ့။
ဗိုက်ဆာတဲ့အခါ ငါတို့ ဘာစားကြမှာလဲ။




သတိ... နတ်ကြီးသည်။
ဂွကြီးကြီးနှင့် ကျပ်ပါ။
မကျပ်တတ်လျှင် နတ်ပြုံးမည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။


နေကောင်းလားလို့ မေးတိုင်း ဖြေရအောင် ငါက နာတာရှည်ရောဂါသည် မဟုတ်ဘူး။
စားပြီးပြီလားမေးရအောင် အီသီယိုပီးယားမှာ နေတယ်မှတ်နေလား။
နာမည်မေးတိုင်း ဖြေရအောင် နင်က လူဝင်မှု ကြီးကြပ်ရေးကလား။


ကျောင်းမှန်မှန်တက် ဦးနှောက်ပျက်။
ကျောင်းမှန်မှန်ပြေး ဦးနှောက်အေး။
မှန်မှန်ရေးပါ ရည်းစားစာ။
မိဘစကား ဘေးမှာထား။
ဆရာစကား ဘေးချိတ်ထား။
ချစ်သူစကား တန်ဖိုးထား။


အလှူတကာ အလှူတို့တွင် ရည်းစားအလှူသည် အမြတ်ဆုံး။
ကိုယ့်ရည်းစားကို သူများက ကြားဖြတ်လုဖို့ ကြိုးစားနေတယ်ဆိုရင် ပေးလှူလိုက်ပြီး အမျှအတန်းပေးဝေပါ။
ကိုယ် အသည်းကွဲခံစားရတာများလေ ကုသိုလ်ရလေလေပဲ။



လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်-
ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး


ပြုံးတိုင်းလည်း ပျော်တယ်လို့ မထင်နဲ့........
ရှုံးတိုင်းလည်း လျှော်တယ်လို့ မထင်နဲ့..............။




ငါ့ရဲ့ အခြားတဖက်သို့ သာယာတဲ့ နံနက်ခင်းမှာ နိုးထနိုင်ပါစေ။
ငြူစူစောင်းမြောင်းခြင်းကင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်ပါစေ....။




မင်းရဲ့ "ချစ်တယ်" ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ ပျားရည်တွေတောင် ခါးသွားသလိုပဲ။



ငါသတိရတဲ့အချိန် မင်းလွမ်းချင်မှ လွမ်းမယ်။
ငါရူးလောက်အောင် သတိရတဲ့အချိန် မင်းအိပ်ချင် အိပ်နေလိမ့်မယ်။
ငါအရမ်းကို တွေ့ချင်နေတဲ့အချိန် မင်း အခြားတစ်ယောက်နဲ့ တွေ့ချင်တွေ့နေမှာပါ။


အဆိုးများထဲက အကောင်းတော့ ရှိနိုင်မယ်။
အမြဲတမ်းကြီးတော့ မဆိုးနိုင်ပါဘူး။



အားပေးဖော်ဆိုတာက အားငယ်တတ်သူတွေအတွက်ပါ။
ငါလိုအပ်တာက.....
ပေးဆပ်သူမဟုတ်ဘူး.....
မျှဝေတတ်သူပဲဖြစ်တယ်။


ဒီမှာ account...
မြင်တိုင်း လာလာ add ပြီး
မေးတော့လည်း မဖြေဘူး
တလူလူနဲ့
ဘယ်တိရစ္ဆာန်မှ အွန်လိုင်း မတက်ဘူးကွ....။



ချစ်သူဆီကအပြန်
ဖိနပ်မှတ်လို့ ကောက်စီးလာတာ
ငါ့မာနတွေ ဖြစ်နေတယ်
တော်တော်တောင် ပါးနေပြီပဲ
ရှိပါစေတော့ ချစ်နေတာကို....။



အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?
NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?
COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?
နေစမ်းပါ....
LOVER လုပ်မယ့်အစား
GAMER ပဲ လုပ်တော့မယ်........။



အချစ်ဆိုတာကို စာလုံးပေါင်းတတ်ဖို့နေနေသာသာ
အချစ်ဆိုတဲ့ စကားလုံးကိုတောင် မင်းနဲ့တွေ့မှ
ပထမဆုံး ကြားဖူးခဲ့ရတာပါ....။



အချို့သောအရာတွေမှာ...
အရာအားလုံးကို သိနားလည်တာထက်
ဘာမှမသိတာမျိုးက ပိုကောင်းတတ်ပါတယ်။
အဲ... မသိချင်ယောင် ဆောင်နေရတာမျိုးကတော့ နည်းနည်းကသိကအောက် နိုင်တာပေါ့ဗျာ။


လေးမတင်နိုင်လို့
မယ်သီတာကိုမရတဲ့ ဒဿကို
အချစ်ရှုံးသမားလို့ပြောရင်
လေးတင်နိုင်ပါလျက်နဲ့
မတင်ခဲ့တဲ့ ညီတော်လက္ခဏာကို
ဘယ်လိုပြောမလဲ???


ဒို့အိမ်ဘေးက မမလေး
မော်ဒယ်လ်ဖြစ်ရေး လေ့ကျင့်ပြေး
လေ့ကျင့်ပြီးတော့ ဗိုက်တွေဆာ
သုံးပန်းကန်ကြီးတောင် ဝါးလိုက်တာ...
မပိန်လို့တဲ့ စိတ်တွေပျက်
ညစာ လုံးဝဖြတ်
ညကျဗိုက်ဆာ မနေသာ
ပေါင်မုန့်လေးလုံး ဝါးပစ်တာ
ငါးလကြာတော့ ဝိတ်တွေတက်
လှယဉ်ကျေးမယ်ဝက်။ :D



ရွှေရောင်တောက်ပနေတဲ့ အနာဂတ်တွေကို မွေးဖွားသန့်စင်လာဖို့ ကြယ်တွေဟာ ကြွေကျပါလိမ့်မယ်။



ပြန်မchatရင်
ဒန်ခွက်နဲ့
လန်ထွက်အောင်ရိုက်မယ်... :D


တစ်ကယ်တော့ ငါဟာ....
ပြဒါးသုတ်မထားတဲ့ မှန်တစ်ချပ်ရှေ့မှာ Reflection အကြောင်း လေ့လာနေတဲ့ သုတေသီတစ်ဦးပဲ ....။


နားလည်ပေးရလွန်းလို့လည်း.......
နားရွက်တောင် ရှာမတွေ့တော့ဘူး .....။


တကယ်ပြောတာ...
ရည်းစားတစ်ယောက် အလိုရှိပါသည်။
အရည်အချင်းကတော့ ချစ်တတ်ရမည်.....



စာဆိုရင် မုန်းလွန်းလို့
ငါ့အိမ်ခေါင်မိုးပေါ်က စာသိုက်ကိုတောင်
တုတ်နဲ့ ထိုးချပစ်လိုက်တယ်...
အေးရော..........။


အပေါဆုံးက အကြွေး
မွေးရာပါအားနည်းချက်က ကြိုက်မယ့်သူမရှိတာ
စိတ်ညစ်ရတဲ့အထဲမှာ ကလေးကအစ ခွေးအဆုံး မခံ့တာလည်းပါတယ်
ဘာလုပ်လုပ်မအောင်မြင်တော့လည်း
ဘာမှမလုပ်ဘဲ မိဘလုပ်စာပဲ ထိုင်စားတော့မယ်။

နင်ဘာလို့ပြုံးတာလဲလို့မေးတော့....
ငါရယ်ချင်လို့ဟ ဆိုပြီး ပြန်ဖြေတယ်။


အရမ်းပျင်းနေပါသဖြင့်...
အကြောင်းထူးမရှိဘဲ လာမဟိုင်းပါရန်နှင့်...
လာဟိုင်းရင်လည်း ကျွန်တော့်အပြောကိုမစောင့်ဘဲ ပြောစရာရှိသည်များကို တစ်ခါထဲ...ပြောပါရန်။


*အိပ်မက်*
ကျွန်တော် အရူးတစ်ယောက်နဲ့တွေ့တော့ မေးကြည့်မိတယ်။
"အချစ်ဆိုတာကို ခင်ဗျားသိလား"
"သိတော့သိတယ်၊ ဒါပေမယ့် ပြောမပြတတ်တော့ဘူး"
"ဘာဖြစ်လို့လဲ"
"အဲဒါကို သိပြီးကတည်းက ငါခုလို ရူးသွားခဲ့တာပဲ" တဲ့။


အချစ်ဆိုတာဘာလဲလို့ လာမမေးနဲ့
ငါ့အဘိဓာန်မှာ အဲဒီစာလုံးပျက်နေလို့
ငါကိုယ်တိုင်တောင် ဖတ်မရခဲ့တာကြာပေါ့.....။


ပျင်းလွန်းလို့ ချက်တင်ထိုင်နေတာ...
စိတ်ညစ်စရာတွေ လာမပြောနဲ့.....
Q ချင်ရင် ဒဲ့သာ Q...
အပျင်းပြေမယ်ထင်ရင် ပြန်ကျူမယ်....။




နောက်ထပ် ထပ်မဆုံချင်သူများကို block ပါမည် ..
ဆုံဆည်းသည့်ကံ ကုန်သည်ဟု သဘောထားပေးပါ ....။


အခြားတစ်ယောက်နဲ့ Q နေလို့ Busy ပြထားတာကို မသိဘူးမှတ်မနေနဲ့။း(


ချစ်တယ်လို့ ပြောတာကို စိတ်ဆိုးသလား။
အဲဒါဆိုလည်း နင့်ကို မုန်းတယ်... မုန်းတယ်.... မုန်းတယ်။ အကြိမ်တစ်ထောင် မုန်းတယ်။
အခုတော့ နင်ပျော်သွားပြီလား။း)


အချစ်ဆိုတာ...
ဓားသွားပေါ်က ပျားရည်စက်တဲ့...
တောက်... ဘယ်သူကများ ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ...?
ငါ့အလှည့်ကျ ဓားသွားချည်း ကျန်တော့တယ်...


ငါချစ်တဲ့ မင်း....
အခြားတစ်ယောက်နဲ့ Q လို့ ပါသွားခဲ့ရင်...
ခေါင်းလောင်းထိုးပြီး လှူလိုက်မယ်...
မလွမ်းတတ်တာတော့ တော်တော်ခက်တယ်...


မင်းက....
မင်းကိုချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတာ...
ငါက....
ငါ့ကို မချစ်တဲ့သူတစ်ယောက် ဆုံးရှုံးရတာ...
အေးဆေးပဲ...


မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ။


တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE..


ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင်
မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက်
မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ ငါဖြစ်ပါရစေ။



၁။
စပ်မိထားတဲ့ ကဗျာတစ်ပုဒ် ဟိုမှာတွေ့လား ဖတ်ပြမယ် စုမိထားတဲ အလွမ်းထွက်သတ်ဟူသမျှ အောက်စီဂျင်ထက်ပေါ့ပါး တိမ်တွေပေါ်မှာကပ်ထားတယ် အရှင်ရင်ဘတ်နဲ့ဖတ်ပါကွယ်....။
၂။
ဆရာကျတဲ့နင့်ကိုခါချတယ်.... လာလာမစနဲ့.. ငါ့GF ကနင့်ထက်ပိုပြီး.. အထာကျတယ်.....လူလာမမှားနဲ. ရူပါကတူတာရှားတယ်~ ကောင်မလေး.... နင်...စမူဆာကုလားနဲ... ယူပါလား စူပါစတားပဲ...။
၃။
သူငယ်ချင်းကမေးတယ် မင်းအသည်းကွဲနေတာလားတဲ့ မဟုတ်ပါဘူးလို့ပြန်ပြောလိုက်တယ် စဉ်းစားကြည့်လေငါက ငါကိုမချစ်တဲ့သူကို ဆုံးရှုံးရတာ သူကသူကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရတာပါ ငါအနေသာကြီးပါ။
၎။
အားတိုင်းchattingထိုင်နေတာ မဟုတ်သလို chatting ထိုင်တိုင်းလည်း အားနေသည်မဟုတ်ပါ။ ထို့ကြောင့်မိတ်ဆွေ
ကျွန်ုပ်အားအလိုက်သိခြင်းဖြင့် ကူညီပါ။
၅။
We never get What we want.
We never want what we get.
We never have what we like.
We never like what we have.
Still we live,
...Still we love,
Still we hope,
This is life...
၆။
အွန်လိုင်းပေါ်ကစကားဆိုပြီး
အထင်မသေးလိုက်ပါနဲ့
ခုကီးဘုတ်မှာရီုက်လိုက်တဲ့
စကားတွေက
ငါနှလုံးသားကို
...ဦးနှောဏ်နဲ့ scanဖတ်ပြီး
ရင်ခုန်သံမေလ်းနဲ့ ပို့လိုက်တာပါ
မော်နီတာပေါ်ကစကားသံတွေကို
နားမယောင်လေးဘူးလို့
အတွေးဝင်ပြီး မရက်စက်ပါနဲ့
ငါအလွမ်းတွေကို printထုတ်ပြီး
ငါသွေးတွေကိုဖောက်ထုတ်လို့
နင်ကိုချစ်တာတွေရေးထားပါတယ်
ခု.........
ဟာ လုပ်ပါအုန်းဗျာ
ကျူလို့ကောင်းတုန်း ကျသွားပြန်ပြီး
ကွန်နက်ရှင်စုတ်....
၇။
ဂန်ဒူးတော့မဟုတ်ဘူး
နှာဘူးပါ
နှာဘူးဆိုတာလည်း
ကမ္ဘာဦးက စတာပါ
ဖွန်ကြောင်တယ်ဆိုတာ
အခွန်ဆောင်စရာမလိုပါဘူး။
၈။ ' ရည်းစာစာ '
နင်ကိုချစ်တဲ့ အကြောင်းတွေ
စာရိုက်ပြောနေရုံနဲ့
ငါဘ၀က လက်ညောင်းရုံပဲရှိမှာပေါ့။
ကွန်နက်ရှင်မကောင်းလို့
...ငါရိုက်တဲ့ စာတွေဖတ်မရဘူးပြောရင်
နင်ကိုငါမခေါ်ဘူး။
နင်သူငယ်ချင်းတွေနဲ့
အပျင်းပြေဖတ်ဖို့ ပြောတဲ့ စာမဟုတ်လို့
နင်တစ်ယောက်တည်းဖတ်စေချင်တာ
ငါစေတနာပါ။
နင်နှလုံးသားကို အရင်နက်ဝက်ဒ်ချိတ်ပါ
ပြီးမှငါဆီကို ....
lovemail ပို့လိုက်ပါ..။
၉။
ဆူပူမှုဖြင့် ယောက်ျားမရနိုင်
မင်းမဲ့စရိုက်ဖြင့်လည်း မိန်းမမရနိုင်
အကြင်နာများဖြင့်သာ လူဦးရေ တိုးပွားစေနိုင်သည်။
တည်ငြိမ်သော connection
ကိုလိုလားသည်..
Access Denied မကြာခဏဖြစ်သော
connection ကိုမလိုလား။
၁၀။
အချစ်နဲ့ အလွမ်း..
အလွမ်းနဲ့ အချစ်
ဘယ်ပညာရှင်ကမှ
Equactionမထုတ်ခဲ့ တော့
Definationလဲမရှိသလို
Formulaလဲမရှိတာကြောင့်
အလွမ်းDateတစ်ခုအတွက်
်Programလဲမရေးနိုင်ခဲ့ ....

ချစ်သူကချီးတုန်း
ကိုယ်က လှိုင်းလုံး
မြစ်ဧရာ စုန်တကြော
မျောလို့မဆုံး။


ရှေ့ကသွားပါဆိုတော့လဲ
အီအီးပေါက်တယ်။
နောက်ကလိုက်ခဲ့ဆိုတော့လဲ
ဖိနပ်တက်နင်းတယ်။
ဘေးတိုက်ကြတော့လဲ
အရပ်ပုလို့တဲ့။
ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။

နင်ကဂေါက်သီး နင့်မောင်က ဂေါက်တံ
နင့်အစ်ကိုက ဂေါက်အိတ်
နင့်မိဘတွေက ဂေါက်ကျင်း
နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း.....ဟီး။

ရူပါ မလန်းလို့ မတူတာမှန်းတယ်လို့
မထင်ပါနဲ့
မူယာမကျွမ်း ကြူတာ မစွမ်းပေမယ့်
မင်းအတွက်ဆို suparman လေးလို
စွမ်းဆောင်ပေးမှာပါ။

ဆရာကို ဆရာမလုပ်နဲ့
ဆရာလဲ ဆရာ့ကို ဆရာမလုပ်ခဲ့ဘူး
ဆရာကို ဆရာလုပ်ချင်ရင်
ဆရာ့ဆရာတွေဆီမှာ
ဆရာသင်တန်းသွားတက်။

ကိုရင်တွေ ခုန်တယ်။(ဘုန်းကြီးကျောင်းမှာ)

အိပ်မက်တစ်ပွဲ ပေးကွာ
မျှော်လင့်ချက် များများထည့်။
အတိတ်ဆိုးတွေမထည့်နဲ့
အနာဂါတ် ရွှဲရွှဲလေး ဆမ်းကွာ။
ခံစားချက်ကို ထည့်ရင် ဒီတိုင်းမထည့်နဲ့
သေးသေးလေးတွေ ဖဲ့ထည့်။

အချစ်ဆိုတာ ဘက်စ်ကားလိုပဲ
ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့...မောတယ်။
ရပ်စောင့်နေ နောက်တစ်စီး လာလိမ့်မယ်။

ရဲဘော်တို့
အခု ငါတို့ အွန်လိုင်းပေါ်တက်ရမယ်။
ခက်ခဲမယ် ကြမ်းတမ်းမယ်။
လိုအပ်ရင် အရူးကွက်နင်းရမယ်။
အလိမ်အညာတွေနဲ့ တွေ့ မယ်
သတိရှိပါ။

ချစ်သူစိမ်းလို့ တရားကိန်းတယ်။
တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်
သားရေနယ်ကွဲ့ ရှာတုန်း
ချောင်အနီးမှာလ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုံး။

ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။

အာရုံမှာ လာလာစုစည်း
သူချည်းသာလော
အလွမ်းနှင့်ပါဘုရား။
မင်းရဲ့ လူမှုဆက်ဆံနည်း
တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက
ရေစီးကြောင်းလို
ချောင်းမ၀င် မြစ်မပေါက်
ခွေးနံပိန် ဆင်းဆင်းသောက်လို့
ဗွတ်မပေါက်ပါစေနဲ့။

online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့
လိမ်ညာခြင်းပါပဲ။



အချို့ မှာကျနော်ကိုယ်တိုင်ရေးဖြစ်ပြီးအချို့ မှာတော့အင်တာနက်သူငယ်ချင်း
များဆီမှဖြစ်ပါတယ် အချိုမှာတော့ကျနော်ပြန်ပြင်ရေးထားတာတွေပါ
အချို့ မှာတော့အရပ်ထဲမှကြားဖူးနားဝများနဲ့ စာအုပ်ထဲမှစာသားများ
ဖြစ်ပါတယ်တိုက်ဆိုင်မှုကိုခွင့်လွတ်ကြပါရန်.........................။







Source : မောင်(စွယ်စုံကျမ်း)

ကွန်ပျူတာတစ်လုံးထဲမှာပဲGtalk အကောင့်20လောက်ဖွင့်ဖို့ လုပ်ရအောင်

ဘာပညာကြီးတော့မဟုတ်ဘူးလူအတော်များများလုပ်ဖူးနေကြတာပဲလေကျနော့ဘော်
ဒါတွေတွေအတွက်ပညာစုစည်းမှုဖြစ်အောင်တင်ပေးထားလိုက်တာမေးတဲ့သူကမေးနေ
တုံးပဲလှကျော်ဦး(သက်ကယ်ကျင်းသား)နဲ့ Slow (ဂျိုဟိုး)တို့ အတွက်ပါအကောင့်က7ခု
၇ှိတာကွာGtalk နဲ့ တစ်ခုGtalkshell နဲ့ တစ်ခုမော်ဇီလာမေးနဲ့ တစ်ခုIExplorer နဲ့ တခု
အဲထက်လွယ်တဲ့နည်းကတော့ဒီလိုလုပ်ပါ....။



(၁)Desktop(ကွန်ပျူတာမျက်နှာပြင်)မှာရှိနေတဲ့GtalkကိုR-Ckickနှိပ်Propertiesနှိပ်ပါ
(၂)Target ဘေးကအကွက်ထဲကစာကြောင်းတွေရဲ့နောက်ဆုံးမှာ/nomutex ဒါလေးထဲ့

ပြီးOk နှိပ်ပါ နောက်ဆုံးစာကြောင်းStartmenuရဲ့နောက်မှာထည့်နဲနဲခွာထည့်ရတယ်ဗျ
Space barတစ်ချက်နှိပ်ပြီးမှာထည့်အရင်လုပ်မရဘူးဆိုတာခွာမထည့်လို့ ဒီလောက်ဆို
အဆင်ပြေမှာသူတို့ ကဒီလိုရည်ရွယ်တာတဲ့ယယဖွလိုက်အုံးမယ်အတင်း.........။






Source : မောင်(စွယ်စုံကျမ်း)

Friday, 6 January 2012

G-Talk ကနေမေးလ်ဖွင့်တဲ့အခါ Firefox နဲ့တိုက်ရိုက်ပွင့် လာအောင် - ကောင်လေးငယ်

ကျွန်တော်အခု တင်ပေးလိုက်တဲ့ နည်းလမ်းလေးကတော့ ကျွန်တော်တို့ G-Talk ကနေ G-Mail Icon လေးကို
နှိပ်ပြီး မေးလ်ဖွင့်တဲ့အခါမှာပဲဖြစ်ဖြစ် Link တစ်ခုခုကိုဖွင့်တဲ့အခါမှာ Firefox နဲ့တိုက်ရိုက်မပွင့်ပဲ IE နဲ့ပဲဖြစ်ဖြစ်
အခြား Browser တစ်ခုခုနဲ့ဖြစ်စေ ပွင့်လာတဲ့အခါမှာ Firefox နဲ့တိုက်ရိုက်ပွင့်လာအောင် ပြန်ပြီးလုပ်တဲ့နည်း
လမ်းလေးပါ..အကိုတစ်ယောက် မေးထားတာလေး ရှိတာနဲ့ အခြားမသိသေးတဲ့သူများပါအဆင်ပြေသွားအောင်
တင်ပေးလိုက်တာပါ..ကျွန်တော်အလွယ်တကူနဲ့ လုပ်တက်သွားအောင် အောက်မှာပုံလေးတွေနဲ့ ဖော်ပြပေး
ထားပါတယ်..

အရင်ဆုံး Firefox ကိုဖွင့်လိုက်ပါ..ပြီးရင်အောက်က ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့်လိုက်ပြီး လုပ်ပေးလိုက်
ယုံပါပဲ..။ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်..။






အားလုံးပဲအဆင်ပြေကြပါစေ…..ကျေးဇူးတင်ပါတယ်ခင်ဗျာ..


Source : ကောင်လေးငယ်
Related Posts Plugin for WordPress, Blogger...