Photobucket
ပင်မစာမျက်နှာ


N .
Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Sunday, 8 January 2012

Virus မဟုတ်သော Windows ဖျက်စီးရေးပရိုဂရမ်များ

``လုပ်ပါဦးဗျာ ... အဲဒီ သီချင်းခွေထည့်လိုက်တာ ... စက်ပိတ် သွားပြီး ပြန်ဖွင့်တော့ Windows ပြန်တက်မလာတော့ဘူးဗျ´´ ဆိုပြီး အသိ တစ်ယောက် System Unit မလာပြီး ရောက်လာပါတယ်။ လက်ထဲမှာ လည်း DVD သီချင်းခွေလေး ပါလာပါတယ်။
``ကဲ ပေးစမ်းပါဦး...ခင်ဗျားခွေ´´ လို့ ပြောပြီး ...ခွေယူကာ ကျွန်တော့်ကွန်ပျူတာထဲ အရင်ထည့်ကြည့် လိုက်ပါတယ်။ ခွေထည့်လိုက် တာနဲ့ ဖြစ်သွားတာဆိုတော့ ခွေထဲမှာ Autorun File ပါလို့ပေါ့။ ဒါကြောင့် ကျွန်တော်လည်း Keyboard က Shift Key လေးဖိထားပြီး ခွေထည့်လိုက်ပါ တယ်။ DVD Drive မှ မီးလေးငြိမ်းသွားမှ Shift Key ကိုလွှတ်လိုက်ပါတယ်။
ခွေထဲမှာ ဘာတွေပါလည်း ကြည့်ကြည့်လိုက်ဦးမယ်။ My Computer ကို ဖွင့်လိုက်ပါတယ်။ DVD Drive ကို Explorer View နဲ့ ဖွင့်လိုက် ပါတယ်။ Double Click နဲ့ ဖွင့်လိုက်ရင် ကျွန်တော့်စက်လည်း Windows ပျက်သွားနိုင်တယ်လေ။ Autorun File ပွင့်မသွားအောင် Explorer နဲ့ ဖွင့်တာပါ။ သေချာတာပေါ့ ကျွန်တော်ထင်တဲ့အတိုင်းပဲ Autorun File တွေ့ ပါပြီဗျာ။ သီချင်း File တွေနဲ့အတူ ဖျက်ဆီးရေး File တွေ ပါလာပါတယ်။ ပါလာတဲ့ ဖျက်ဆီးရေးဖိုင်တွေကတော့ -
autorun.inf
EDCDPROT.ICO
PRO.BAT
PRO.EXE
VCD_PLAY.EXE
တို့ ဖြစ်ပါတယ်။

ပထမဆုံး autorun.inf ဖိုင်ကို Notepad နဲ့ ဖွင့်ကြည့်လိုက်ပါတယ်။ ဘယ်ဖိုင်တွေကို Run ထားတာလည်း ဆိုတာကို သိရအောင်ပါ။ ကဲ တွေ့ပါပြီဗျာ -
[Autorun]
ICON=EDCDPROT.ICO
OPEN=PRO.BAT
OPEN=PRO.EXE
OPEN=VCD_PLAY.exe
DVD ကို Icon လေးတောင် ထည့်ထားလိုက်သေးတယ်။ OPEN= PRO.BAT ဆိုတော့ PRO.BAT ကို အရင် Run တာပေါ့။ BAT ဖိုင်ဆိုတော့ Notepad နဲ့ ဖွင့်လို့ရသေးတယ်ဗျ။ ဖွင့်လိုက်ပါပြီဗျာ - ဟာဟ - ဟုတ်လှ ချည်လား။
@echo off
attrib -a -s -r -h
cls
del c:\io.sys
del c:\msdos.sys
cls
del c:\windows\win.com
del c:\windows\win.ini
del c:\windows\system.ini
cls
del c:\winnt\winnt.*
cls
del/f/q/a -h c:\ntdetect.com
del/f/q/a -h c:\boot.ini
cls
shutdown -s -t 00
သေချာပြီပေါ့။ ဘယ်လိုလုပ် Windows တက်နိုင်မှာလဲ။ ဖျက် ထားတဲ့ ဖိုင်တွေလည်း ကြည့်ဦးလေ။ User က စက်မပိတ်မှာကြောက်လို့။ နောက်ဆုံးစာကြောင်းမှာ Shutdown တောင် အပြီးလုပ်ပေး လိုက်သေး တယ်။ ကျန်တဲ့ဖိုင်တွေတောင် မလိုတော့ပါဘူးဗျာ။ ဒီ(၂)ဖိုင်နဲ့တင် Windows က တက်မှာ မဟုတ်တော့ဘူး။ ကျန်တဲ့ဖိုင်တွေကလည်း .EXE ဖိုင်တွေဆိုတော့။ ဖွင့်ကြည့်ဖို့ခဲယဉ်းတယ်လေ... ဒါကြောင့် ဖွင့်မနေ တော့ပါဘူး။ ဒီလောက်ဆို သဘောပေါက်သွားပြီ။
ကဲ...အဲဒီ Windows ကို ပြန်တက်လာအောင် ပြင်ကြည့်ရ အောင်။ လွယ်ပါတယ် သူဖျက်ထားတဲ့ ဖိုင်တွေကို တခြား Windows တူတဲ့ စက်ကနေ ပြန်ကူးပြီးတော့ထည့်ပေးလိုက်ပေါ့။ ဒါပေမယ့် မေးစရာတော့ ရှိတယ်ဗျ။ Windows မတက်ပါဘူးဆိုမှ ဘယ်လိုလုပ်ကူးထည့်ရမှာလဲ၊ ဟုတ်တာပေါ့...ဘယ်လိုကူးထည့်ရမလဲဆိုတာ ကျွန်တော်ပြောပြမယ် လေ။ အဲဒီလို ကူးထည့်ဖို့အတွက် ကျွန်တော့်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ Hiren Boot CD 9.3 တော့ လိုတယ်ဗျ။ နောက်ပြီး Memory Stick (Data Traveller/Flash Drive) ကလေးတစ်ခုလည်း လိုတယ်ဗျ။
အဆင့်(၁) Windows တက်နေတဲ့စက်ထဲကနေ Memory Stick ထဲကို သူဖျက်လိုက်တဲ့ ဖိုင်တွေကို ကူးထည့်ပါ။ ဖိုင်တွေက System File တွေဆိုတော့ Super hidden နဲ့ ဖွက်ထားတာပါ။ အဲဒီဖိုင်တွေကို မြင်ရဖို့ အတွက် -
My Computer ကိုဖွင့်ပါ။ Drive C: ကိုဖွင့်ပါ။
Tools Menu မှ Folder Options ကို ရွေးပါ။
View Tab ကိုရွေးပါ။
Show hidden files and folders ကို ရွေးပါ။
Hide extens-ions for known file types နဲ့ Hideprotected operating system files (Recommended)
Check Box နှစ်ခုကို Uncheck လုပ်ပေးပါ။
Yes/No မေးပါလိမ့်မယ်။ Yes ကို ရွေးပေးပါ။
ပြီးလျှင် OK ကို နှိပ်ပါ။
ဒါဆိုရင် Drive C: အောက်မှာ ရှိတဲ့ Windows Operating System ဖိုင်တွေကို မြင်ရပါပြီ။ အဲဒီထဲက IO.SYS, MSDOS.SYS, boot.ini, NTDETCT.COM ဖိုင်တွေကို Memory Stick ထဲကို Copy ကူးထည့်ပါ။
နောက်ပြီး C:\Windows\ အောက်ထဲမှာရှိတဲ့ system.ini, win.ini ဖိုင်နှစ်ဖိုင်ကိုလည်း Memory Stick ထဲကို Copy ကူးထည့်လိုက်ပါ။ သူ့ PRO.BAT ဖိုင်ထဲမှာ ရေးထားတဲ့ Win.com ဖိုင်က နေရာမှား နေတာပါ။ တကယ်တမ်းရှိတာက C:\Windows\System32\ အောက်မှာပါ။ ဒါပေမယ့် လိုရမယ်ရ C:\Windows\System32\win.com ကိုလည်း ကူးထည့်ထား လိုက်ပါ။
အဆင့်(၂) Windows ပျက်နေတဲ့စက်ကို Hiren Boot CD ဖြင့် Boot တက်ခိုင်းပါ။
Windows XPE ကို ရွေး၍ CD ထဲမှ Mini Windows တက်ခိုင်းပါ။
Mini Windows တက်လာရင် ခုနက ကူးထည့်ထားတဲ့ ဖိုင်တွေပါတဲ့ Memory Stick ကို စက်ရဲ့ USB Port မှာတပ်လိုက်ပါ။
My Computer ကိုဖွင့်ပါ။ Memory Stick Drive Icon ကိုဖွင့်ပါ။
ခုနက ကူးလာတဲ့ဖိုင်တွေကိုရွေးပြီး သူ့နေရာနဲ့သူ လိုက်ပြီးထည့်ပါ။
ရှိပြီးသားဆိုရင်တော့ overwrite မလုပ်ပါနဲ့။
ဥပမာ - IO.SYS, MSDOS.SYS, boot.ini ဖိုင်တွေကို C: ထဲကို Copy ကူးထည့်ပါ။
System.ini နဲ့ win.ini ဖိုင်တွေကို C:\Windows အောက်ထဲ ကူးထည့်ပါ။
ပြီးရင် Memory Stick ကို ပြန်ဖြုတ်ပါ။ ဒါဆိုရင် ပြီးပါပြီ။
Hiren Boot CD ခွေကိုထုတ်ပြီး စက်ကို ပြန်ဖွင့်လိုက်ပါ။ ပုံမှန်အတိုင်း Windows ပြန်တက်လာပါလိမ့်မယ်။ ပြန်တက်မလာခဲ့ရင် Boot Partition မှားနေလို့ပါ။ ဒါဆိုရင် Hiren Boot CD နဲ့ Mini Windows ပြန်တက်ခိုင်းပါ။
ခုနက ကူးထည့်တဲ့ ဖိုင်တွေထဲမှာ Boot Partition သတ်မှတ်ပေးတဲ့ ဖိုင်က boot.ini ဖိုင်ပါ။ သူ့ကို ပြင်ဖို့အတွက် အဲဒီ boot.ini ဖိုင်ကို Notepad နဲ့ ဖွင့်လိုက်ပါ။
[boot loader]
timeout=30
default=multi(0)disk(0)rdisk(0)partition(1)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(1)\WINDOWS=”Microsoft Windows XP Professional”
/ noexecute=optin /fastdetect
အထက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။ ဒါတွေကို ပြင်ဖို့အတွက် ကတော့ HardDisk နဲ့ Partition အကြောင်းတော့ နဲနဲသိဖို့လိုပါတယ်။
ကိုယ့်စက်ထဲမှာ HardDisk ကတစ်လုံးတည်းတပ်ထားရင်တော့ သိပ်မခက်ပါဘူး။
ဥပမာ - Hard Disk ကို Partition (၂)ပိုင်း ပိုင်းထားတယ် ဆိုပါတော့။ C: နဲ့ D: ပေါ့ဗျာ။
ဒါဆိုရင် C: ကို multi(0) disk(0) rdisk(0) partition(1) နဲ့
D: ကို multi(0) disk(0) rdisk(0) partition(2)လို့ သတ်မှတ်ပါတယ်။
(၃)ပိုင်း ပိုင်းထားရင် partition(3)ပေါ့ဗျာ။ ကိုယ်က ဘယ် partition ထဲမှာ Windows တင်ထားသလဲဆိုတာတော့ သိဖို့လိုပါတယ်။ များသော အားဖြင့် စက်တော်တော်များများကတော့ Hard Disk ကို Partition (၂)ပိုင်း ပိုင်းထားတတ်ကြပါတယ်။ ပြီးရင် Windows ကိုလည်း C: ထဲမှာ တင်တာ များပါတယ်။ အဲဒီစက်များအတွက် boot.ini မှာ အောက်ပါအတိုင်း ဖြစ်ရ ပါမယ်။
[boot loader]
timeout=30
default=multi(0)disk(0)rdisk(0)partition(1)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(1)\WINDOWS=”Microsoft Windows XP Professional”
/ noexecute=optin /fastdetect
ဒါဆိုရင် Boot Partition လည်း မှန်သွားပြီဆိုတော့ Windows တက်ပြီပေါ့။
ပြီးရင် နောက်တစ်ကြိမ် အဲဒီ သီချင်းခွေထည့်မိရင် Windows ပျက် မသွားအောင်ကာကွယ် ထားကြည့်ရအောင်။ သူက autorun.inf နဲ့ အလုပ် လုပ်တာဆိုတော့ ထည့်သမျှ ခွေနဲ့ တပ်သမျှ USB Device တွေကို Group Policy ထဲဝင်ပြီး Autorun ပိတ်ထားလိုက်ရင်ရပါပြီ။
အဲ - တစ်ခုတော့ သတိထားဗျ။ ခွေကတော့ Autorun မတက်ပါ ဘူး။ ကိုယ်ကိုယ်တိုင် My Computer ထဲဝင်ပြီး ခွေကို Double Click နှိပ် လိုက်လို့ကတော့ ကိုယ့်ခေါင်းကိုယ် တူနဲ့ထုတာပဲ။ ဘာထူးလို့လဲ ဘယ် Drive မဆို Double Click နှိပ်လို့ကတော့ အဲဒီ Drive ထဲမှာ Autorun ဖိုင် ပါလို့ကတော့ ထပြီး Run မှာပဲလေ။ ဒါလေးတော့ သတိထားပါ။
ဒါကြောင့် Virus ကိုက်တာမခံရချင်ရင် တွေ့ကရာကို Double Click မနှိပ်ပါနဲ့။ မိမိ Folder တွေ၊ Drive တွေကိုလည်း Double Click မနှိပ်ပါနဲ့ Right Click နှိပ်ပြီး Explorer နဲ့ဖွင့်ပါ။ မိမိကိုယ်ကိုယ်မိမိ ကျန်းမာရေးကောင်း အောင် ဆင်ဆင်ခြင်ခြင် နေထိုင်သလိုပေါ့ဗျာ။ တွေ့ကရာ လျှောက်စားနေ မယ်ဆိုရင် အနည်းဆုံးတော့ ၀မ်းပျက်သလိုပေါ့။ ဒါလေးတွေကို ဆင်ခြင် လိုက်ရင် Virus ကိုက်ခံရတာ မရှိသလောက် နည်းသွားပါလိမ့်မယ်။
အဆင့်(၃) Autorun ပိတ်ကြည့်ရအောင်။ Run Box ကိုဖွင့်ပါ။ gpedit.msc ဟု ရိုက် ထည့်ပြီး Enter နှိပ်ပါ။
Group Policy Window ပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှ Administrative Templates ကိုဖွင့်ပါ။ System ကို ဆက်ဖွင့်ပါ။ ညာဘက် Setting List ထဲမှ Turn off Autoplay ကို Double Click နှိပ်ပါ။ ပေါ်လာ သော Box ထဲမှ Enable ကိုရွေးပါ။ Turn off Autoplay on: Drop Down List Box ထဲမှ All Drives ကိုရွေးပြီး OK ကိုနှိပ်ပါ။ Group Policy ထဲမှ ထွက်လိုက်ပါ။ ဒါဆိုရင် Autorun ဖိုင် ပါတဲ့ မည်သည့်ခွေ မည်သည့် Drive ကိုမဆို Auto Run မပေးတော့ပါဘူး။
နောက်တစ်နည်းက CPE17 Autorun Killer Program တင်ထားရင် လည်း ရပါတယ်။ ကာကွယ်နည်းလည်း ပြီးသွားပါပြီ။ Windows လည်း ပြန်မတင် ရတော့ဘူးပေါ့ဗျာ။

Saturday, 7 January 2012

Control Function သုံးပြီး ဆော့ဖ်ဝဲတွေကို ကာကွယ်ထားရအောင်

ယနေ့ခေတ်တွင် ကွန်ပျူတာကို လူကြီးတွေသာမက ကလေး လူငယ်တွေအတွက်ပါ အသုံးဝင်တဲ့ပစ္စည်းတစ်ခု ဖြစ်နေပါပြီ။ အိမ်မှာရှိတဲ့ ကွန်ပျူတာကို လူကြီးတွေပဲသုံးပြီးတော့ ကျန်အချိန်တွေမှာ အလှထားတာ ထက်စာရင် ကလေးတွေကိုလည်း သုံးစေသုံးခိုင်းမှ ကွန်ပျူတာနဲ့ အကျွမ်း တ၀င် ရှိလာပြီး နည်းပညာမကြောက်တဲ့ လူသားတွေ ဖြစ်လာမှာပါ။ နည်း ပညာခေတ်မှာ မွေးဖွားလာတဲ့ ကလေး၊ လူငယ်လေးတွေကို နည်းပညာနဲ့ ထိတွေ့ပေးမှုဟာ သူတို့ဘ၀တိုးတက်မှုအတွက် အကျိုးရှိမှာပါ။

တချို့လူကြီးတွေကလည်း ကွန်ပျူတာကို ကလေးတွေကိုတော့ သုံးစေချင်တယ်။ ဒါပေမဲ့အဲလိုပေးသုံးလိုက်ရင် ကလေးတွေဟာ သူတို့ရဲ့ သင်ခန်းစာတွေကို အာရုံစိုက်တာ နည်းသွားမှာစိုးတာတို့၊ ကွန်ပျူတာထဲမှာ ရှိတဲ့ လူကြီးတွေရဲ့ အသုံးပြုလက်စအလုပ်တွေ၊ မဆိုင်တဲ့ software တွေနဲ့ ဂိမ်းတွေကို သုံးမှာစိုးလို့ စသည်ဖြင့် အဲလို စိုးရိမ်စိတ်တွေကြောင့် မသုံးခိုင်း တာဆိုရင်တော့ ကျွန်တော် နည်းလမ်းကောင်းလေးတစ်ခု အကြံပြုချင် ပါတယ်။

 

အဲဒီ နည်းလမ်းလေးက ကွန်ပျူတာကို အချိန်အကန့်အသတ်နဲ့ အသုံးပြုနိုင်အောင် ကန့်သတ်ပေးထားနိုင်ပြီး ဘယ်လို software တွေကို ပေးမသုံးဘူးဆိုပြီး တားဆီးပေးထားနိုင်တဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါ တယ်။ ဘာ software မှ ထပ်ပြီး install လုပ်စရာမလိုပဲ Window 7 မှာ ပါတဲ့ Control Function လေးကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ စလုပ်ကြည့်လိုက်ရအောင်။

ပထမဆုံးအနေနဲ့ သင့်ကလေးအတွက် သီးသန့် Window တစ်ခု ဖွင့်ပေးထားရမှာပါ။ Window တစ်ခု ဖွင့်ဖို့အတွက် Start Menu ကနေ Control panel ကို ဖွင့်လိုက်ပါ။

Control Panel ---> User Accounts and Family Safety ---> User Accounts ---> Manage Accounts ---> Create New Account ဆိုပြီး အဆင့်ဆင့်သွားပြီး Account တစ်ခုဖွင့်လိုက်ပါ။

ပြီးရင် Control Panel---> User Accounts and Family Safety---> Parental Controls ဆိုပြီး Parental Controls ကိုဖွင့်ပါ။

အဲဒီ့ထဲကမှ သင့်ကလေးအတွက်ဖွင့်ထားတဲ့ window ထဲကို ၀င် လိုက်ပါ။
Parental Controls ကို “on” လုပ်ပေးထားပါ။

အခုသင့်ရဲ့ ကလေးတွေအတွက် ဘယ်အချိန်မှာ ကွန်ပြူတာပေးသုံး မယ် ဘယ်အချိန်မှာပေးမသုံးဘူးဆိုတာကို သတ်မှတ်ပေးဖို့အတွက် Time Limit ကို Click ပါ။ ဒီလိုဇယားလေး ပေါ်လာပါလိမ့်မယ်။
ဘယ်နေ့တွေရဲ့ ဘယ်အချိန်တွေမှာ Allowed လုပ်ပြီးတော့။ ဘယ် အချိန်တွေကို blocked လုပ်ထားမယ်ဆိုတာကို mosue နဲ့ Click ပြီး အလွယ် တကူ သတ်မှတ်ပေးထားနိုင်ပါတယ်။ ပြီးရင် OK ကိုနှိပ်ပြီး ပြန်ထွက်လိုက် ရုံပါပဲ။

နောက်တစ်ခုကတော့ ဘယ်လိုဂိမ်းတွေနဲ့ ဘယ် software တွေကို ပိတ်ထားမလဲဆိုတာကို သတ်မှတ်ပေးထားဖို့အတွက် လုပ်ကြည့်ရအောင် ပါ။ Games ကို Click ပြီးဖွင့်လိုက်ပါ။
Game ကို ဘယ်လိုအမျိုးအစားဂိမ်းတွေကို ပိတ်ထားချင်လဲဆိုတာ ကို ကြည့်ပြီး စိတ်ကြိုက် Edit လုပ်ပေးထားနိုင်ပါတယ်။ နောက်တစ်ခု ကတော့ Software Program တွေကို ပိတ်ထားရတဲ့အပိုင်း ဖြစ်ပါတယ်။ Software Restriction လုပ်ထားနိုင်ဖို့အတွက် Allow and Block Specific Programs ကို ဖွင့်လိုက်ပါ။

ကိုယ်ပိတ်ထားချင်တဲ့ Program ကို (“) လုပ်ပေးထားပြီး နောက်ဆုံး OK ကို နှိပ်လိုက်ရင်ရပါပြီ။ ကဲဒါဆိုရင် သင့်ရဲ့ကွန်ပြူတာကို ကလေးတွေ အတွက်လဲ အချိန်ပေးနိုင်အောင်၊ သင့်အလုပ်တွေကိုလဲ မထိခိုက်အောင် မျှဝေသုံးစွဲလို့ရသွားပါပြီခင်ဗျာ....။

ကွန်ပျူတာအသုံးပြုသူများ မလွဲမသွေ ပြုလုပ်သင့်သော အချက် ၆ ချက်

ယခုဆိုလျင် ကွန်ပျူတာ နည်းပညာ တိုးတက်လာမှု နှင့်အတူ ကွန်ပျူတာ အသုံးပြုသူများမှာလည်း ကမ္ဘာပေါ်တွင် သန်းနှင့်ချီ တည်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် မသမာသူများ၏ နှောက်ယှက်မှုကြောင့် ဖြစ်စေ၊ နည်းပညာ၏ နှောက်ယှက်မှုကြောင့်ဖြစ်စေ၊ ကွန်ပျူတာကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှုသည် အသုံးပြုသူများအတွက် နေ့စဉ်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေတော့သည်။ အကယ်၍သာ ၄င်းစိန်ခေါ် နေသော ပြဿနာရပ်များကို နည်းပညာ အကူအညီ ဖြင့် မကျော်လွှား၊ မဖြတ်သန်းနိုင်ပါက User များအနေဖြင့် မိမိ၏အလုပ်ကို တွင်ကျယ်စွာ လုပ်နိုင်တော့မည် မဟုတ်ချ။ ထို့ကြောင့် ကွန်ပျူတာ အသုံးပြုသူ များအတွက် မလွဲမသွေ ပြုလုပ်ထား သင့်သော အချက် (၆) ချက်ကို စာဖတ်သူ များ လေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ကွန်ပျူတာတွင် antivirus နှင့် antispyware ပရိုဂရမ်များ အသုံးပြုခြင်း

Internet အသုံးပြုသော စက် ဖြစ်စေ၊ အသုံးမပြုသော စက်ဖြစ်စေ၊ Antivirus Software တစ်ခုခုကို မိမိ စက်ပေါ်တွင် သုံးသင့်သည် အဘယ် ကြောင့်ဆိုသော် Memory Stick ကို အသုံးပြုခြင်းသည် မိမိကွန်ပျူတာထဲ သို့ Virus ၀င်စေရန် ဖိတ်ခေါ်နေ သောကြောင့်ပင် ဖြစ်သည်။ ထို့ ကြောင့် ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့် Antivirus တစ်ခုကို သုံးစွဲ ပြီး၊ အမြဲ Update ဖြစ်နေစေရန် လည်း သတိပြု လုပ်ဆောင်သင့် သည်။ Antivirus မသုံးထားခြင်းနှင့် Virus Update မဖြစ်သောအခါများ တွင် Virus များ Trojan များ၊ Worm များ၏ နှောက်ယှက်ခြင်းကို ခံရမည် ဖြစ်သည်။ Spyware များသည် ကွန်ပျူ တာ သုံးစွဲသူများ မသိလိုက်ပဲ ကွန်ပျူ တာအတွင်းသို့ ၀င်ရောက်လာသော ပရိုဂရမ်တစ်ခု ဖြစ်သည်။ ၄င်းသည် သုံးစွဲသူများ၏ သတင်းအချက် အလက်များကို စုဆောင်းပြီး Spyware ရေးသားသူဆီသို့ ပြန်ပို့ သောကြောင့် လုံခြုံရေးကို အလွန် တရာ အနှောက်အယှက် ဖြစ်စေ သော ပရိုဂရမ်ဖြစ်သည်။ ယင်း တို့ကို Antivirus က မဖယ်ရှားပေးနိုင်သော ကြောင့် Antispyware များကို အသုံးပြုကာ ဖယ်ရှားပေးဖို့ လိုအပ် ပေသည်။
အရေးကြီးသော Backup
Backup လုပ်ထားခြင်းသည် နေရာတိုင်းတွင် အသုံးဝင်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ တစ်နည်း ဆိုရလျင် Backup လုပ်ခြင်းသည် ဒုတိယ အစီအစဉ် (Second Protocol) တားခြင်းနှင့်လည်း သဏ္ဍာန် တူသည်။ အရေးကြီးသောလုပ်ငန်း File များကို ကွန်ပျူ တာ၏ Harddisk C: ထဲတွင် ထားခြင်းထက် D: ထဲတွင် နောက်ထပ် Floder တစ်ခုဖြင့် Backup ထားသင့်သည်။ အကယ်၍ ထို့ထက်ပိုပြီး လုံခြုံစေချင်လျင် External Hard Disk (သို့) CD (သို့) DVD ဖြင့် ကူးထားသင့်သည်။ သို့မှသာ User ၏ င်္File များ ပျက်စီး ခဲ့လျင် အချိန်မီ Recovery ပြန်လုပ်နိုင် မည် ဖြစ်သည်။ ထို့ကြောင့် User များ အနေဖြင့် Windows Backup သာမကပဲ Thirc-party back-up Software များကိုသုံးကာ Backup လုပ်ထား သင့်ပါသည်။
Disk Defragment ပုံမှန်လုပ်ပေးခြင်း
Software များကို Install လုပ် ခြင်းနှင့် unistall အကြိမ်ကြိမ် ပြုလုပ် ခြင်းသည် Hard Disk ၏ နေရာမှတ် သားမှုများတွင် ကွက်လပ်များ ဖြစ် ပေါ်စေနိုင်သလို၊ ကွန်ပျူတာ၏ Regstry ကိုလည်း ရှုပ်ထွေးကြီးထွားလာ စေသည်။ Registry ၌ ဤကဲ့သို့ အ၀င်၊ အထွက်များ ရှုပ်ထွေးလာ လျင် ကွန်ပျူ တာ အလုပ်လုပ်မှုကိုပါ နှေးကွေးစေသည်။ ထို့အပြင် Uninstall လုပ်ခြင်း ကြောင့် Disk တွင် နေရာကွက်လပ် များ ဖြစ်စေခြင်းသည်လည်း စက်၏ စွမ်းဆောင်ရည်ကို ကျစေသည်။ ဤသို့ဖြစ်လျင် Detragmenttool ကို အသုံးပြုပြီး File များကို နေရာ ပြန်လည်ချပေးသင့်သည်။
Internet သုံးရာတွင် Firewall ခံသုံးခြင်း

အရေးကြီးသောလုပ်ငန်း လုပ်ဆောင်နေသူများ အနေဖြင့် Internet အသုံးပြုမည်ဆိုပါက Firewall ကို မဖြစ်မနေ အသုံးပြုသင့် သည်။ အကယ်၍ Firewall မပါရှိဘဲ Internet ကို စိတ်ချလက်ချသုံးလျင် Virus များ နှင့် Hacker များကို လက်ယက်ခေါ်နေသယောင် ဖြစ်နေ ပေလိမ့်မည်။ ထို့ကြောင့် အင်တာ နက် အသုံးပြုသူ User များအနေဖြင့် Firewall တစ်ခုခုကို မိမိ၏ စက်နှင့် တွဲဖက်ကာ အသုံးပြုသင့်သည်။
UPS သုံးခြင်းဖြင့် PC ကို ကာကွယ်ခြင်း
မီးအား အတက်အကျ မမှန် သော နေရာများတွင် ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့် UPS ကို အသုံးပြုသင့်သည်။ အဘယ်ကြောင့် ဆိုသော် အိမ်မီး EPC ဖြင့် ကွန်ပျူတာ ကို တိုက်ရိုက်အသုံးပြုပါက မီးအား ရုတ်တရက် တက်လာသောအခါ ကွန်ပျူတာ Motherboard ၏ ကက်ပက်စီတာ (capacitor) များကို ထိခိုက် ပျက်စီးစေနိုင်သလို အခြား Hardware Device များကိုလည်း ပျက်စီးမူကိုလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် UPS လို့ ခေါ်ဆိုသည့်  Uninterruptible Power Supply ကို သုံးကာ ကာကွယ်မှု ယူသင့်သည်။ Attachement ကို မလိုအပ်ပဲ မဖွင့်ခြင်း E-mail Attachement များ တွင် System ကို ဖျက်စီးနိုင်သည့် Code များ ပါဝင်လာနိုင်သည်။ ၄င်း Attachement များသည် exe သာ မက doc နှင့် xls code များတွင်မှာ ပေါင်းထည့်ပြီး ပို့လာနိုင်သည်။ ထို့ကြောင့် User များအနေ ဖြင့် gif, jpg, bmp စတဲ့ Graphics ဖိုင်တွေကို ဖွင့်သည့်အခါတွင် သတိ ထားသင့်သည်။ မလိုလားအပ်သော Malicious ပရိုဂရမ်များ မိမိ၏စက် အတွင်းသို့ ၀င်မလာစေရန် မိမိမသိ သော သူများ ပေးပို့သည့် E-mail မှ Attachement အ များကို ဖွင့်မကြည့် သော နည်းဖြင့် ကာကွယ်သင့်သည်။


MCP, MCTS

Friday, 6 January 2012

မလေးရှားမှ ပေးစာ

မလေးရှားရောက် မလေးငယ်ဆိုသော မြန်မာမိန်းမပျိုလေး၏ အိတ်ဖွင့်ပေးစာ..

(Feel free to Share)

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမစသိတာတော့ နည်းနည်းကြာပါပြီ။ ညီမ သူငယ်ချင်းတစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြားနိုင်ငံသားတွေနဲ့ တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။

ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခု ကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

နောက်တစ်ခုကတော့ မြန်မာ ယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေးရှောင်မယ် တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။ အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေဘာတွေ သွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြား ယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံ ပို့တဲ့ အချိန်ရယ်ချက်ဖို့ပြုတ်ဖို့ ဈေး မသွားမဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင် ထွက်တာပါ။ ဒါတောင် ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေးကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။


ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမ ကိုယ်တိုင်ကလဲ အပြင် သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်းကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကို တင်လိုက်တဲ့ ဗီဒီယိုလေး ကြောင့် အစ်ကိုတို့ လုပ်ဆောင်နေတာတွေကို ညီမ သေချာသိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေး နှစ်ခု ရှိပါတယ် အစ်ကိုရေ။

ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်း မပျက်စီးပါဘူး ဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ ညီမ ဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ် ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ ဒကာ အကြောင်းပါ။ တစ်နေ့ အဲ့ဒီ ဒကာအိမ်ကို သူ့မိတ်ဆွေ တစ်ယောက်က ရောက်လာပြီး
“ဟေ့ကောင် မင်းကတော့ မစားရက် မသောက်ရက်နဲ့ စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်း ခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။

အဲ့ဒါနဲ့ အဲ့ဒီ ဒကါကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့ အတူ နှစ်ယောက်ကျောင်းကို သွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်း ပြောတဲ့ အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ ကိုရင်တွေ စာသင်တဲ့ ဘုန်းတော်ကြီးတွေ တရား ထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကို တွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲ” လို့ မေးလိုက်ပါတယ်။

သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီး ငါးပါး ခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့ “ဟော့ဒီကျောင်းပေါ်မှာ စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ”လို့ ထပ်မေးလိုက်ပါတယ်။

သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ ခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ ပြောသတဲ့။

အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါ လုံးလုံးဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။

အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေ

ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကို ရောက်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ ဘဝပေးအခြေအနေပါ။ မလေးရှားကို လာပြီး အလုပ် လုပ်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ် တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ်အလတ် အဆင့် ရှိတဲ့လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေ နိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကို လာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့ မိန်းကလေးတွေရဲ့ ငါးဆယ် ရာခိုင်နှုန်းလောက်ဟာ လက်မထပ်ရသေးတဲ့ မိဘအုပ်ထိန်းမှု အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်း ပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။
အဲ တကယ်ရောက်ပြီ ဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။

အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှ တွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော် ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။ ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေး တက်လာတဲ့အချိန်မှပါ။) ရောက်စ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံ မပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ပစ္စည်းလေးတွေ ဝယ်ရတာကို။

ကဲ ပိုက်ဆံပို့ပြီ ဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကို ဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံတခြားဝယ်စရာ တိုလီမှုတ်စလေးတွေက ၁၀၀ ပဲ ထားဦး။ ဒါ အနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေပဲ။ ချေးထားတဲ့ ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကိုကျေဖို့ အမြန် ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြား ပိုက်ဆံ ဝင်ငွေရှိရဲ့လား။ ကိုယ့် တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့ လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ ခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။

အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။
ညီမလေ သူတို့ကို အရမ်း သနားပါတယ်။ သူတို့ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှ လွန်ဆန်လို့ မရတဲ့ ဘဝတွေ ရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကို မောင်နှမတွေအတွက် …………………………………………………..။

အစ်ကိုတို့ရေ တော်တော်များများက ပြောပါတယ် မြန်မာနိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့ မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံ ငါးသောင်းလောက် မရှိလို့ သေတဲ့ မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံ ငါးသောင်း ဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။ အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ ပြောဆို ဆုံးမနေတဲ့စကားတွေ ညီမ ကြားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာတစ်ခုက နင်တို့ ရုပ်ရည်လေးနဲ့ဆို မြန်မာနိုင်ငံမှာ လင်ကောင်းကောင်း ရှာယူလို့ ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေ အတွက်က ယောက်ျား ကောင်းကောင်း တစ်ယောက် ရှာယူလိုက်ရင် သူ့အတွက် ပူစရာ မလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာပေါ့နော့။ ဒါပေမဲ့ အဲ့ဒီယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမနောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ် မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါကညီမ ပြောပြချင်တဲ့ မလေးရှားက မိန်းကလေး တော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။

အစ်ကိုတို့ရေ သိတတ် နားလည်တဲ့လူကြီးမပြောနဲ့ ငယ်ရွယ်စဉ် ကလေး ဘဝမှာတောင် မိဘတွေက သားလေးကြီးလာရင် လူကောင်းလုပ်မှာလား လူဆိုးလုပ်မှာလား ဆိုရင် လူကောင်းလုပ်မယ် လို့ ဖြေခဲ့ကြ လူကောင်း လုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ လူဆိုးတွေဖြစ်ကြရတယ်။ အစ်ကိုတို့ရေ အစ်ကိုတို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ်လုပ်နေရတဲ့အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူးဆိုရင်တော့ အစ်ကိုတို့ဟာ တော်တော် ကံကောင်းတဲ့လူတွေပါပဲ။

ညီမတောင် အခုဖြစ်နိုင်ရင် မလေးရှားမှာ အလုပ်မလုပ်ချင်ပါဘူး။ မြန်မာပြည်ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ်လုပ်ရတာ အနည်းနဲ့အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှုတွေ ရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့လူတွေပဲ ဆိုတော့ သိမှာပါအစ်ကိုရေ။ ဒါတောင်ညီမက တချို့သော မိန်းကလေးတွေလို မိသားစုမှာတစ်ဦးတည်း ပိုက်ဆံရှာသူ မဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာပြည်ကနေ မလေးရှားကို လာဖို့ပြင်ရတည်းက သတင်းတွေကလည်း ကြားနေတော့ ငါ ကံဆိုးလိုက်တာ မသွားချင်ပေမယ့်လည်း သွားရဦးမယ် ငါ တော်တော် ကံဆိုးတာပဲလို့ ထင်နေခဲ့သမျှ ဒီက တချို့သော မြန်မာ မိန်းကလေးတွေရဲ့ ဘဝကို အသိမှာ ငါတော်တော်ကံကောင်းသေးတာပဲ လို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။

အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုးသားသားနည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေနေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျက်စီးနေပါတယ် ဆိုတဲ့ မြန်မာမိန်းကလေးတွေရဲ့ ဘဝကိုလည်း ညီမ စာနာနားလည်ပေး နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီး နာမည်ပျက်နေရတာလို့ လက်ညှိုးမထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရော ဆိုတဲ့ အတွေးနဲ့တင် ညီမ အပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။
အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေ ရှက်ပြီး မြန်မာပြည် ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ပေါက်တဲ့နဖူး မထူးပါဘူး အခုဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီ ဆိုပြီး အဲ့ဒီ နီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကိုဖြစ်သလို ရေစုန်မျှောလိုက်တာမျိုး ဒါမှမဟုတ် ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်သွားတာမျိုး ဆိုရင်တော့ …………………………………..။

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာ လည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများ ဖြစ်သွားကြရင်……………။

ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။
အစ်ကိုတို့ရေ စိတ်မဆိုးဘူး ဆိုရင် မေးခွန်း တစ်ခုလောက်မေးချင်ပါတယ်။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုလုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင် ဖြေလိမ့်မယ်။ ညီမအရင်းဆိုရင်လည်း ရိုက်နှက် ဆုံးမသင့်ရင်ဆုံးမရမှာပဲ။ ဒါမှမဟုတ် ငါ့ညီမသာဆို အစောထဲက ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ အစရှိသဖြင့်ပေါ့။

ညီမ သိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေ မနေ့က အစ်ကိုတို့ တင်ထားတာကို ကြည့်ပြီးတော့ မျက်ရည်တောင် ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ စာကလည်း ရှည်နေပြီ ဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။

တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ် လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူရွာသားတွေက ခဲနဲ့ ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီအချိန်မှာ ဂျီးဇက်ရောက်လာပြီး ဘာဖြစ်တာလဲ လို့မေးတော့ ဒီမိန်းမက ပြည့်တန်ဆာအလုပ် လုပ်တဲ့အတွက် ဝိုင်းအပြစ်ပေးနေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့်မရပါဘူး။ အပြစ် ရှိရင်တော့ အပြစ်ပေးရမှာပဲလို့ ပြောပြီး ခဲနဲ့ ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကားတစ်ခွန်း ထပ်ပြောလိုက်ပါတယ်။ အဲ့ဒီစကားအဆုံးမှာတော့
အဲ့ဒီ အမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။ ဂျီးဇက်ဘာပြောလိုက်လဲ ဆိုတော့ သင်တို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ်ကင်းခဲ့တဲ့လူတွေ အပြစ် မလုပ်ခဲ့ဖူးတဲ့လူတွေ ဆိုတာ သေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ ဆက်ပေါက်ကြပါ တဲ့။ အစ်ကိုတို့ရေ အစ်ကိုတို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။

စာကလည်း ရှည်သွားပြီဖြစ်တဲ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြုလိုက်ပါတယ်။


ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂

Wednesday, 4 January 2012

မိန်းမဆိုတာ…

မိန်းမဆိုတာ…
If you kiss her, you are not gentlemen
သင်ကသူ့ကိုနမ်းလိုက်ရင်… သင်ဟာလူကြီးလူကောင်းမဆန်သူ
If you don’t, you are not a man
မနမ်းတဲ့အခါ… သင်ဟာ ယောင်္ကျားမဟုတ်
If you praise her, she thinks you are lying
သင်ကသူ့ကိုချီးကျူးလိုက်ရင်… သင်လိမ်နေတယ်လို့ထင်တယ်..
If you don’t, you are good for nothing
မချီးကျူးပဲနေပြန်တော့… သင်ဟာ အသုံးမကျတဲ့သူ…
If you agree to all her likes, she is abusing
သူမကြိုက်တာတွေကိုသင်အာလုံးသဘော
တူရင်… သူမကောင်းပြောတော့မယ်

If you don’t you are not understanding
သဘောမတူပဲနေပြန်တော့… သင်ဟာနားလည်းမှုမရှိသူ….
If you visit her too often, she thinks it is boring
သူဆီကိုသင်မကြာခဏအလည်သွားရင်… သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်…
If you don’t, she accuses you of double crossing
မသွားပြန်ရင်တော့… အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်…
If you are well dressed, she says you are a playboy
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်… သင်ဟာ စတိုင်များသူလို့ သူပြောမယ်
If you don’t, you are a dull boy
မ၀တ်စားပြန်တော့… သင်ဟာ ခပ်တုံးတုံးကောင်
If you are jealous, she says it’s bad
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်… အဲဒါမကောင်းဘူးလို့ သူပြောမယ်…
If you don’t, she thinks you don’t love her
အလိုမဖြစ်ပြန်တော့… သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
If you attempt a romance, she says you didn’t respect her
သင်ကချစ်လို့တီတီတာတာလုပ်ရင်… သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..
If you don’t, she thinks you don’t like her
မလုပ်ပြန်တော့… သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်…
If you kiss her once in a while, she professes you are cold
သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်… သင်ဟာ သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
If you kiss her too many, she yells that you are taking advantage
ခဏခဏနမ်းပြန်တော့… သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
If you fail to help her in crossing the street, you lack ethics
သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်… သင်ဟာ ယဉ်ကျေးမူမရှိသူ…
If you do, she thinks it’s just one of the man’s tactics
အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်…
If you stare at other, she accuses you of flirting
သင်ကတခြားသူကိုငေးမိ၇င်… သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
If she is stared by others, she says that they are just admiring
သူမကိုတခြားသူကငေးမိရင်တော့… လေးစားလို့ကြည့်တာပါလို့ ပြောမယ်…
If she talks, she wants you to listen
သူမစကားပြောတဲ့အခါ … သင့်ကိုနားထောင်စေချင်တယ်…
If you listen, she wants you to talk
သင်နားထောင်တဲ့အခါ… သင်ကို စကားပြောစေချင်ပြန်ရော… In Short:
အတိုချုပ်ရင်
So simple, yet so complex
ရိုးရှင်းသလောက် ရှုပ်ထွေးသူ
So weak, yet so powerful
အားနည်းသလောက် စွမ်းအားရှိသူ
So confusing, yet so desirable … women!
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ… မိန်းမ !!!!
သူငယ်ချင်း Forward mail မှကူးယူတင်ပြထားသည်။


Source : ပန်းစံပယ်

Monday, 2 January 2012

မိန်းမ

Kiss ရုပ်ရည်ချောမောလွန်းသည့် မိန်းမ = သင့်အား အလှ ဗန်းပြပြီး တစ်သက်လုံး ညှင်းပန်း နှိပ်စက်မည်ဖြစ်သည်။
Money mouth ရုပ်ဆိုးသောမိန်းမ                = ရုပ်ရည် မလှ လှအောင် ကြိုးပမ်းနေခြင်းဖြင့် သင့်အားနှိပ်စက်မည်ဖြစ်သည်။
Smile ပညာတတ်လွန်းသောမိန်းမ      = တတ်သည့်ပညာများကို အကုန် ထုတ်ထုတ်ပြ နေခြင်းဖြင့် သင့်အား နှိပ်စက် မည်ဖြစ်သည်။
Laughing ပညာမတတ်သော မိန်းမ        = ပညာတတ်ယောင်ဆောင်၍ တဇွတ်ထိုးလုပ်ခြင်းများဖြင့် သင့်အား နှိပ်စက်နေ မည်ဖြစ်သည်။
Cool ဥစ္စာကြွယ်ဝသော မိန်းမ         = အတောမတတ်နိုင်သည့် ၄င်း၏လောဘ၊မောဟများဖြင့် သင့်အားနှိပ်စက် နေမည်ဖြစ်သည်။
Yell ဥစ္စာနည်းသော မိန်းမ           = ဥစ္စာဓန အလိုရှိနေသရွေ့  တိုးပွါးမလာခြင်းကို အကြောင်းပြုကာ သင့်ကိုနှိပ်စက်မည် ဖြစ်သည်။
Frown မိန်းမများနှင့် ကင်းအောင်နေခြင်း= သင်သည် အလကားလူ ဖြစ်သည်။
Wink မိန်းမများနှင့်သာ နေထိုင်ခြင်း    = သင်သည် အလွန်မိုက်မဲသော သူဖြစ်သည်။


Source : MyanmarFriendConnect

ယောက်ျားတွေမကြိုက်သော မိန်းမ(၅)မျိုး - အဖြူရောင်သံစဉ်

၁။ ဆေးလိပ်သောက်ခြင်း

ယောက်ျားတွေစာ သူတို့ကောင်မလေး ဆေးလိပ်သောက်တာကို မကြိုက်ကြဘူး။ ဆိုရှယ်ကျချင်တဲ့ မိန်းကလေးတွေဟာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေ လုပ်တက်ကြတယ်။ အမှန်တော့ ယောက်ျားလေးတွေဟာ ဆေးလိပ်သောက်တက်တဲ့ မိန်းမတွေကို အထင်ကြီးကြတာ မဟုတ်ကြဘူး။ သူတို့လိုချင်တဲ့ ချစ်သူလောင်းစာရင်းထဲမှာလည်း ဆေးလိပ်သောက်တက်ရမယ်ဆိုတဲ့ အောက်ပါအရည်အချင်းမပါဘူး။ နောက်ပြီး ကျန်းမာရေးရှုထောင့်အရ ဆေးလိပ်မီးခိုးနံ့တွေ ရှုရှိုက်ပြီး တစ်ဘဝလုံးနှစ်ပါးသွားရမယ့်အဖြစ်ကိုလည်း လိုလားကြတာမဟုတ်ဘူး။

၂။ အိုဗာဝိတ်များ

ယောက်ျားတွေမကြိုက်တဲ့ နောက်ထပ်မိန်းမအမျိုးအစားကတော့ လိုသည်ထက်ပိုနေတဲ့ အဆီများရှိတဲ့ ခန္ဓာကိုယ်အလှအပပိုင်းဆိုင်ရာ ထိန်းသိမ်းတက်တဲ့သူ၊ ထိန်းသိမ်းချင်တဲ့ မိန်းမတွေကိုကြိုက်တယ်။ ဗိုက်ခေါက်အဆီထွက်နေတဲ့ ပျိုမေတစ်ယောက်ကို တော်ရုံတန်ရုံယောက်ျားတစ်ယောက်က စိတ်ဝင်စားဖို့ နဖူးပေါ်လက်တင်ပြီး သေချာစဉ်းစားရလိမ့်မယ်။ ယောက်ျားတွေနဲ့ပတ်သတ်တဲ့ အမှန်တရားတစ်ခုက ယောက်ျားအများစုဟာ မိန်းမပီသတဲ့ မိန်းမဆန်တဲ့မိန်းမမျိုးကိုပဲ ချစ်သူရှာကြတာပါပဲ။ ဂျနီဖာလိုပက်စ်လို အကွေ့အကောက်မရှိရင်တောင် ရှိသင့်ရှိထိုက်တဲ့ အဖုအထစ်၊ အမို့အမောက်တွေကိုတော့ လိုလားကြတယ်။



၃။ ကိုယ့်အားကိုယ်ကိုးတက်ခြင်း

ယောက်ျားတွေဟာ ကိုယ့်အားကိုယ်ကိုးတက်တဲ့ မိန်းမ။ ကိုယ့်ဘဝကိုယ်ကြောင်းနိုင်တဲ့မိန်းမမျိုးကို စိတ်ဝင်စားတက်ကြတယ်။ အထူးသဖြင့် မိန်းမနဲ့ယောက်ျားရင်ဘောင်တန်းနေကြတဲ့ ဒီခေတ်လိုမျိုးကြီးထဲမှာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ မိန်းမတွေကို ယောက်ျားတွေက သဘောကျတက်ကြတယ်။ ရုပ်ပိုင်းဆိုင်ရာအရာကြံ့ခိုင်ခြင်းရှိဖို့တင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရာပါ လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့မိန်းမတွေဟာ ယောက်ျားတွေရှာနေတဲ့မိန်းမမျိုးပါပဲ။

၎။ ယုန်သူငယ်

ဦးနှောက်ဉာဏ်၊ စဉ်းစားဉာဏ်မရှိတဲ့ မိန်းမမျိုးကို ယောက်ျားအများစုဟာ သဘောကျလေ့မရှိကြဘူး။ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်မရှိတဲ့ မိန်းမတစ်ယောက်ဟာ ယောက်ျားတွေအတွက်တော့ ငြီးငွေ့စရာကောင်းနေတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့မိန်းမ၊ ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့မိန်းမ၊ ဆင်ခြင်ဉာဏ်ရှိတဲ့မိန်းမလောက်စွဲဆောင်မှုရှိတာ ဘယ်မိန်းမမှ မရှိဘူး။

၅။ ငွေမက်တဲ့ မိန်းမ

ငွေတအားမက်တဲ့မိန်းမဟာလည်း ယောက်ျားတွေရွံရှာတဲ့ မိန်းမမျိုးပါပဲ။ ယောက်ျားတစ်ယောက်ဟာသူတို့ချစ်တဲ့ မိန်းမတွေအတွက် လိုအပ်တာဖြည့်ဆည်းပေးဖို့ စိတ်ကူးရော၊ ဆန္ဒရောရှိကြပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့အတောင်းအရမ်းထူလွန်း လောဘကြီးလွန်းနေမယ်ဆိုရင်တော့ အဲ့ဒီမိန်းမဟာ အရမ်းရွံစရာကောင်းတဲ့မိန်းမအဖြစ် ထင်မြင်သွားတက်ကြပါတယ်။ ဒါကြောင့် မိန်းမတစ်ယောက်ရဲ့ စွဲဆောင်မှုဟာ တစ်ခါတလေမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာတွေက ပိုအရေးပါအရာရောက်နေတာကို သတိချပ်ချပ်ထားပြီး စွဲဆောင်မှုရှိတဲ့ ပျိုမေများဖြစ်အောင်နေထိုင်တက်ကြပါစေ။


Source : အဖြူရောင်သံစဉ်
Related Posts Plugin for WordPress, Blogger...