Photobucket
ပင်မစာမျက်နှာ


N .
Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

Monday, 19 March 2012

Inbox ထဲက မေးလ်အကုန်လုံးကို တစ်ခါတည်းနှင့် ဘယ်လိုဖျက်ရလဲ



thantzinwin123@googlemail.com : အကိုညီ့ကို တခု ကူညီပေးပါလား ညီ့မေးလ် inbox ထဲမှာ မေးလ်တွေ အရမ်းများနေလို့ပါ အကုန်လုံးကို တခါတည်း ပျက်လို့ရမယ့် နည်းလေးပြောပေးပါလား ခင်မင်လျက်ပါ အကို ကျေးဇူးပြုပြီး ပြောပြပါနော် ..

ကဲကိုသန့်ဇင်ဝင်းရေ ဘာလို့ တစ်ခါတည်း ဖျက်ချင်တယ် ဆိုတဲ့အကြောင်းကို မသိပေမယ့် ဖျက်လို့ရတဲ့ နည်းလမ်းကို ပြောပြပေး လိုက်ပါ့ မယ်. အောက်မှာ သေချာရှင်း ပြပေးထားပါတယ်. တစ်ပုံချင်းစီ လိုက်ကြည့်လိုက်လို့ ပါတယ်. video file နဲ့ မရှင်းပြတာက ဒီ ကွန်ပျူတာထဲမှာ recoder software မရှိလို့ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. 

Monday, 23 January 2012

G-Mail အကောင့်ကို စိတ်ချလက်ချသုံးကြရအောင်




ကျွန်တော် ဒီအကြောင်းအရာ လေးကို ရေးပေးချင် တာတော့ ကြာပါပြီ .. ဒါပေမယ့် ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက် ဖြစ်နေလို့အခုမှပဲ ရေးဖြစ်သွားတာပါ .. ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးပေးချင်တာပါ .. ဘာပဲ ပြောပြော ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အလွယ်တကူ Recovey ပြန်လုပ် ပေးနိုင်ဖို့ အတွက် မိမိတို့ရဲ့ G-Mail အကောင့် Personal Setting လေးတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း သွားပြီး စိတ်ကြိုက် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ် .. အရင်ဆုံး မိမိတို့ G-Mail အကောင့်ကိုဝင်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Account Setting ကိုသွားလိုက်ပါ ..




ဒီအောက်က ပုံကတော့ Google + အသုံးပြုသူတွေရဲ့ Personal Setting ပုံဖြစ်ပါတယ် .. အောက်ပုံမှာ ပြထားတဲ့ အတိုင်း Change Recovery Option ကိုသွားလိုက်ပါ ..


အာက်ပုံကတော့ ပုံမှန်အတိုင်း Google + အသုံးမပြုတဲ့ သူတွေရဲ့ Personal Setting ပဲဖြစ်ပါတယ် .. ပုံမှာပြထားတဲ့အတိုင်း Recover your password ကိုသွားလိုက်ပါ ..


အောက်ပုံမှာပြထားတဲ့အတိုင်း Verify လုပ်ပေးလိုက်ပါ ..


အောက်မှာ ကျွန်တော် 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ် .. နံပါတ် ( )ကတော့ ကျွန်တော်တို့ recovery email address ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့ စိတ်ကြိုက် အကောင့်တစ်ခုကို ပြောင်းလို့ရပါတယ် .. ဒါမှသာ Recovery ပြန်လုပ်တဲ့ အခါမှာ Recovery Email Address ကိုအလွယ်တကူ ပြန်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..  နံပါတ် ( ) ကတော့ ကျွန်တော်တို့ Security question ကို မိမိတို့စိတ်ကြိုက် ပြောင်းပေးဖို့ ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့စိတ်ကြိုက်ပြင်လို့ ရပါတယ် ..


အောက်ပုံအတိုင်း Recovery Email နဲ့ Security question ကို မိမိတို့စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..

ဒါကတော့ မိမိတို့ G-mail အကောင့် Password ပျောက်သွားလို့ ပဲဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်နိုင်အောင် ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါတယ် . အပေါ်မှာ ပြင်ခဲ့တဲ့ အချက်တွေကို ကျွန်တော်တို့ အကောင့်စဖောက်ထဲက ဖြည့်ခဲ့ရတာပါ .. ဒါပေမယ့်မဲ့ အကောင့်ဖောက်တဲ့ အချိန်မှာ အများစုက အမှု့မဲ့ အမှတ်မဲ့ပဲ ထည့်လိုက်ကြတာ ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်လို့ ရအောင် ဖော်ပြပေးတာ ဖြစ်ပါတယ် ..  ဒါဆိုရင်တော့ ပြင်ဆင်ခြင်း အပိုင်းပြီးပါပြီ ..

ဆက်ပြီးတော့ ကျွန်တော် Recovery ဘယ်လို လုပ်ရမယ် ဆိုတာကို ပြောပြပေးပါမယ် .. မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် Recovery ပြန်လုပ်ဖို့ အတွက် အရင်ဆုံး အောက်မှာ ဖော်ပြပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ ..


ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း မိမိတို့ Recovery လုပ်ချင်တဲ့ အကောင့်ကို ရိုက်ထည့်ပြီး Submit ပေးလိုက်ပါ .. 



ပြီးရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း စာလုံးလေးတွေကို ဖြည့်ပေးလိုက်ပါ .. ပြီးရင်Continue ပေးလိုက်ပါ ..



ဒီအောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အပေါ်က  Personal Setting မှာမိမိတို့ စိတ်ကြိုက် ပြင်ဆင်ခဲ့တဲ့ Recovery Email  နဲ့ Security question ကိုဖြည့်ခိုင်းပါလိမ့်မယ် .. ကြိုက်တဲ့ တစ်ခုကို ဖြည့်ပေးလိုက်ပါ .. Recover Email ကိုရွေးချယ်တယ် ဆိုရင်တော့ Pessword Rest တဲ့လင့်ကို မေးလ်ထဲကို Recovery Email ဆိုပြီး ဖြည့်ခဲ့တဲ့ မေးလ်ထဲကို ပို့ပေးမှာဖြစ်ပါတယ် .. ပြီးရင်တော့ Continue ပေးလိုက်ပါ .. 


အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် Password အသစ်ကို ရိုက်ထည့်ပြီး  .. Rest Password ပေးလိုက်ယုံပါပဲ ..


ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့ Gmail Account Pasword ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲ ဖြစ်ဖြစ် အလွယ်တကူနဲ့ Recovery ပြန်လုပ်လို့ ရမဲ့ နည်းလမ်းလေးကို သိသွားပြီလို့ ထင်ပါတယ် .. 


ဒီပို့စ်လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင် အောက်ကလင့်မှာ ယူပါ ..

Download  Ifile.it Downlaod  ZidduDownlaod  Mediafire

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..







Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

Sunday, 15 January 2012

အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း - zerone(ခေါ်)သန်းတိုးအောင်

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question
ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။
ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက်
အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့
အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။




အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး
တိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး
အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက
ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။
ဘာကြောင့်လဲဆိုတော့ သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google
ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ
ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။
မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကို
လုံခြုံတဲ့တနေရာ (ဥပမာ ကို Infofreakz အိမ်) မှာသိမ်းထားလိုက်ပေါ့။ နောက်
အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့

Code:
http://www.google.com/support/accounts/bin/request.py?contact_type=...မသိသေးသူများ
အတွက်သာရည်ရွယ်သည်။
Back to top
Related Posts Plugin for WordPress, Blogger...