Photobucket
ပင်မစာမျက်နှာ


N .

Monday, 30 January 2012

Templateပြောင်းသည့်အခါWidget တွေပျောက်မသွားအောင်

ဥပမာ-
၁၊၊ဘလော့အသစ်တစ်ခုစဖွင့်မယ်Create new blogဒါကြတော့နမူနာပေါ့နော်၊
၂၊၊ဖွင့်လိုက်သည့်ဘလော့အသစ်မှာမိမိသုံးမည့် templateကိုUpload လုပ်လိုက်မယ်၊
၃၊၊လက်ရှိမိမိသုံးနေသည့်ဘလော့အဟောင်းကိုပြန်သွားမယ်နော်
Dashboardနိုပ်ပြီးLayoutဝင်မယ်>>>Edit HTMLထပ်ဝင်ပြီးရင်

အောက်ကCodeကိုရှာပါ
<div id='sidebar'>
တွေ့ပြီဆိုရင် အောက်ကိုဆက်ကြည့်ပြီးအောက်ကCodeအထိရောက်ပြီဆိုရင်
</div>
အဲဒီCodeနှစ်ခုကြားကCodeတွေကိုCopyလုပ်လိုက်ပြီး
၎၊၊မိမိဖွင့်ထားသည့်ဘလော့အသစ်ထဲမှာပြန်ဝင်ပြီးအပေါ်ကအတိုင်းပေါ့နော်
Dashboardနိုပ်ပြီးLayoutဝင်မယ်>>>Edit HTMLထပ်ဝင်ပြီးရင်
အောက်ကCodeကိုထပ်ရှာပါ
<div id='sidebar'> အပေါ်ကCodeနဲ့အတူတူပါဘဲ၊ တွေ့ပြီဆိုရင်အခုဏCopyလုပ်ထားတဲ့
Widget Codeတွေကိုအာက်မှာpasteပြန်လုပ်ပေးလိုက်ရင် မိမိဘလော့အဟောင်းက အတိုင်းပြန်ဖြစ်သွားမှာပါပြီးပါပြီ။။။



Source : Kp-3နည်းပညာ

Saturday, 28 January 2012

Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်သော Program များ

Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်ဖန်တီးပေးနိုင်တဲ့ဆော့ဝဲလေးတွေနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ဒါပေမယ့် ဒီဆော့ဝဲများရဲ့ Tutorial ပြုလုပ်နည်းတွေကိုတော့ ကျနော်မတင်ပြနိုင်သေးပါ။ ကျနော် အချိန်မရတာတစ်ကြောင်း၊ နောက်ပြီး Edit သမားမဟုတ်တာတစ်ကြောင်းရယ်ပေါ့။ အဲဒါတွေအချိန်ပေးနိုင်တဲ့ တစ်နေ့ဆို ပို့စ်အဖြစ်ရောက်အောင် ကျနော်ကြိုးစားပေးမှာပါ။ ကျနော်တို့တတ်တဲ့ သိတဲ့အရာတွေဟာ အများအ တွက်ဖြစ်ဖို့ အာရုံထားဖို့လဲလိုတယ်မလား။

ကျနော်သိသလောက်ပြောရရင်တော့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်တဲ့ဆော့ ၀ဲများဟာ အောက်ပါ ပရိုဂရမ်များတွေပါပဲ။ တစ်ခုချင်းဆီ tutorial ပြုလုပ်နည်းတွေကို နောက်မှပဲရေးတော့မယ်။


Myanmar Calendar on Blogspot

မြန်မာ သက္ကရစ်ခုနှစ်၊ ရက်စွဲများ ဘလော့မှာပေါ်ချင်သူများအတွက် မာ့ခ်၏ ကိုယ်​ပိုင် အတ္တများ
နာမည်ကတော့မိုက်တယ်နော် (နာမည်တွေ့တာနဲ့ကြောက်စရာကြီး) ကျနော်တောင် အဲဒီဆိုက်ရောက်ရင် ကြောက်ကြောက်လာတယ်။သူ့ဆိုက်ကိုရောက်ရင် အသာလေးပြန်လှည့်လာရတယ်။ တော်ကြာဆော်ထည့်
လိုက်မှ ရှိစုမဲ့စုလေးတွေကြွကုန်အုံးမယ်။နောက်တာပါဗျာ....နာမည်ကြမ်းတယ်ဆိုပေမယ့် စိတ်ကောင်းမယ့်
ပုံပါဗျာ။ သူတို့တစ်တွေကိုကြည့်ပြီးအားကျခဲ့ရတယ်။

ကျနော်တို့လို ၀ါသနာမျှသာရှိပြီး နည်းပညာမရှိသူတွေအတွက် အဲဒီဆိုက်တွေကို အားကိုးရတယ်လေ။ တကယ်တော့
သူတို့တွေဟာ နည်းပညာတွေကို အဖိုးအခတစ်ပြားတစ်ချမယူပဲ စေတနာပြည့်ဝစွာဖြင့် ဝေငှတဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် နည်းပညာရေးသားသူအားလုံး ကျနော်က သူတို့ကို မတွေ့မမြင်ရပေမယ့် စိတ်ထဲမှာအမြဲကျေးဇူးတင်မိတယ်။
နောက်ပြီး သူတို့အားလုံးအဆင်ပြေကြပါစေ ထာဝရအောင်မြင်ကြပါစေဆိုပြီး မေတ္တာပို့ပေးခဲ့ပါတယ်။
အဓိကပြောလိုသည်မှာ သူ့ဆိုက်မှာဒီအကြောင်းကိုရေးထားပါတယ်။ အောက်ဆုံးကလင့်ပေးထားပါတယ်။

အော်မြန်မာ ပြက္ခဒိန်ထည့်နည်းက ဘယ်ရောက်နေပါလိမ့်၊ အဲ...ထည့်ချင်ရင် အောက်ပါအတိုင်းလုပ်ပါ....


Make a D'tree Menu at Blog



အချိန်ရတာနဲ့ ဘလော့နဲ့ဆိုင်တဲ့ပို့စ်တင်လိုက်အုန်းမယ်။ ဘလော့ဆိုက်ဘားမှာ dtree Menu လုပ်နည်းလေးပါ။ ဘလော့ဆိုက်ဘားမှာ dtree Menu ထည့်ထားခြင်းသည် ရှုပ်ထွေးတဲ့မိမိပို့စ် Label တွေကို စနစ်တကျရှိပြီး ဘ လော့ကိုလှပစေပါတယ်။ dtree Menu ဆိုတာ ဘာလဲလို့မသိသေးရင် ပုံကိုကြည့်လိုက်ပါ။ မသိသေးတဲ့
ပုဂ္ဂိုလ်များအတွက်ပြောတာနော်။ ဒီစတိုင်လ်သည် dtree Menu ရဲ့စတိုင်လ်လေးပါပဲ။ ကြိုက်ရင် အောက်ပါ
အဆင့်ဆင့်ဖြင့်လိုက်လုပ်ကြရအောင်...

၁။ Dashboard--->>Layout---->>Edit html ကိုသွားပါ။ Template ကို Backup လုပ်ခဲ့ပါ။ (Download Full Template)
၂။ </head>ဆိုတဲ့ Code ကိုတွေ့အောင်ရှာပါ။ တွေ့ရင် အဲဒီ</head>အပေါ်ကနေ အောက်မှာပေး ထားတဲ့ Code တွေကို ထည့်လိုက်ပါ။


Friday, 27 January 2012

Window7 update ပေးရင် သတိထား

ကျနော်တို့ window တွေတင်ပြီးလို့ update တွေပေးလိုက်ရင် genuine မဖြစ်တော့ပဲ Update
ထဲမှာစစချင်း တင်ထားတဲ့ keyတွေကိုဖျက်လိုက်တဲ့ update ဖိုင်လေးကို
ဒေါင်းလိုက်မိလို့ပါပဲ၊၊အဲ့လိုဖြစ်သွားရင် activate လေးရမ်းဖို့ လုပ် ၊   မလုပ်ရသေးခင်
မိုက်ကရိုဆော့ essential က ဖျက်ဖြစ် ရွာကိုလည်နေတာပဲလေ၊၊
ဒီတော့ ကျနော်တို့ ဒီ update ဖိုင်လေးကို  အလွတ်မှတ်ထားသင့်နေပါပြီ၊၊အများဆုံးဖြစ်တတ်တာ
လကုန်ခါနီး ရက်တွေမှာ တောင်းတဲ့  updateတွေမှာ ပိုဖြစ်များတတ်ပါတယ်၊၊
အဲ့ Update file လေးနာမည်ကတော့       update KB971033     ပဲဖြစ်ပါတယ် ၊၊
ခုကတော့ သူ့ကို update ပေးမိတဲ့ စက်တွေတွက် ပြန်ပြီး ဖြုတ်တာလေးကိုပြောပြပေးလိုက်ပါမယ်၊၊


စစချင်း update history ထဲမှာ ခုနက ကျနော်ပြောခဲ့တဲ့ နာမည် KB971033
ဆိုတာလေးကိုရှာပါမယ်
  တွေ့ရင် တော့ Control panel ထဲက Control Panel\Programs and Features ထဲကိုဝင်လိုက်ပါ..
ပြီးရင်ဘယ်ဘက် နားမှာ view update history ဆိုတာလေးကို တွေ့ပါလေ့မယ်၊၊ သူ့ကို ထပ်ပြီး ဖွင့်လိုက်ပါ၊
 ကျနော်ပြောတဲ့ နာမည်နဲ့ ဖိုင်လေး တွေ့ရှိရင် ပြန်ပြီး uninstall လုပ်ပေးလိုက်ပါ၊၊

ဒီလောက်ဆို သဘောပေါက်ကျမှာပါ နောက်တခါ update ပေးခါနီးကျရင် တချက်လောက် စစ်ဆေးပြီးမှ စိတ်ချ လက်ချ ပေးစေချင်ပါတယ်
ဒါဆိုရင် အဆင်ပြေကျမှာပါ၊၊


ကျေးဇူးတင်ပါတယ်ခင်ဗျာ။



Source : ကောင်လေးငယ်

Thursday, 26 January 2012

kaspersky anti virus 2012

ဒါကတော့ kaspersky anti virus (KAV) နောက်ဆုံးထွက် version ပါ. လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ် . ဖိုင်ဆိုက်က သိပ်မကြီးပါဘူး. တောင်းတဲ့သူများလို့ တင်ပေးလိုက်ပါတယ် . အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် . key ကတော့ ဘယ်လို ထည့်ရတယ်ဆိုတာကို ရေးထားပေးပြီးသားပါ။ ထည့်တတ် မယ်လို့ မျှော်လင့်ပါတယ် . ဆိုက်ရဲ့ ညာဖက်အခြမ်းမှာ kaspersky keys တွေကို version အားလုံးအတွက် အမြဲတမ်း up to date တင်ပေးနေပါတယ် .

Download mirrorcreator | Megaupload | Mediafire | Zshare | rapidshare | ifile.it


ကျေးဇူးတင်ပါတယ်ခင်ဗျာ။



Source : ညီနေမင်း(နည်းပညာ)

သိထားသင့်တဲ့ ကွန်ပျူတာဆိုင်ရာ အခြေခံအချက်အလက်များ



ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 


WinRAR ဆော့ဝဲ 32 bit / 64 bit


မိမိကွန်ပျူတာ System အလိုက် Download ချပါ။မကြည့်တတ်လျှင်ဒီမှာသွားလိုက်ပါ။


Download

Mediafire 32-bit

Mediafire 64-bit

အဆင်ပြေကြပါစေ။

ကွန်ပျူတာလက်ကွက်လေ့ကျင့်ရန်ဆော့ဝဲ


ကွန်ပျူတာစတင်သင်ကြားသူများအတွက်မရှိမဖြစ်လက်ကွက်လေ့ကျင့်ရန်ဆော့ဝဲဖြစ်ပါသည်။(၂)ပိုင်းစလုံးကို Download ချပြီးလျှင် အပိုင်း(၁)တစ်ခုကိုပဲ WinRar ဖြင့်ဖြည်လိုက်ပါ။ရရှိလာသောဖိုင်အသစ်ကို install လုပ်လိုက်လျှင်ရပါပြီ။
ဖိုင်ဖြည်နည်းကတော့အပိုင်း(၁)ကို Rightclick ထောက်ပြီး  Extractfiles... ကလစ်လိုက်ပါ။ပြီးလျှင် Keep broken files ကို အမှန် ခြစ်ပြီး Ok နှိပ်လိုက်ရုံပဲ။


Download
Mediafire Part-1
Mediafire Part-2

ဒါမှမဟုတ်တစ်ခါတည်းလိုချင်လျှင်ဒီမှာDownloadယူလိုက်ပါ။

အဆင်ပြေကြပါစေ။

Tuesday, 24 January 2012

shortcut တွေ ပုံစံတူလိုက်ပွားနေတဲ့(folder, .exe) virus ကို ဘယ်လို သတ်မလဲ.


စိုင်းစိုးလှိုင် : မင်္ဂလာပါ ကိုညီ . ကျွန်တော်က ကိုညီနေမင်း သင်ပေးနေတဲ့ နည်းပညာတွေကို ခံယူနေတဲ့ ညီငယ်ပါ။ အခု ကျွန်တော့်စက်က ပြသနာတက်နေလို့ ကူညီပါဦး ကိုညီ... desktop နှင့် စက်ထဲရှိ ဖိုင်အားလုံး Shortcut တွေဖြစ်နေပါပြီ.... ဖွင့်လို့လဲမရတော့ဘူး... အဲ့ဒါ ၀င်းဒိုးမတင်ပဲနဲ့... ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းများရှိရင် ကျွန်တော့်ကို ကူညီပါဦး ကိုညီ....

အဲ့ဒီ့ virus ကို သတ်မယ့်အကြောင်း မပြောခင်မှာ အဲ့ဒီ့ virus ဘယ်လို အလုပ်လုပ်သလဲ အရင်ပြောပြပါ့မယ်.  ဖိုင်ဆိုက်သေးပြီး နာမည်မကြီးလို့များ သွားအထင်မသေးနဲ့နော် သုံးကြည့်လိုက်ဦး. အဲ့ ဒီ့ virus ၀င်လာရင် folder နာမည်တူ .exe format ဖိုင်နာမည်တူ စတဲ့ဟာတွေ အကုန်လျှောက်ပြီး ပေါ်လာပါတယ်. သတ်လို့လဲ မကုန်နိုင်လောက်အောင်ပါပဲ. ဒါပေမယ့် ဘယ်လောက်ပွားပွား စိတ်မပျက်ပါနဲ့ . သတ်လို့ရပါတယ်. ကျွန်တော်ကိုယ်တိုင်လည်း သတ်ခဲ့ပြီးတဲ့ အကောင်းဆုံးတစ်နည်းကို ပြောပြပါ့မယ်. အရင်တုန်းကတော့ antivirus ၂ မျိုးလောက်နဲ့ သတ်ရုံတင်မကဘူး registry ထဲကိုပါ ၀င်ပြီးပြင်ပေးရပါသေးတယ်. အခုတော့ မလိုတော့ပါဘူး. တစ်မျိုးတည်းနဲ့တင် သတ်လို့ရသွားပါပြီ. အောက်မှာ licence version ကိုပါ တင်ပေးလိုက်ပါတယ်. kaspersky နဲ့သတ်ဖို့ကြိုးစားတာ သိပ်အဆင်မပြေလိုက်ပါဘူး. ဘာလို့လဲဆိုတော့ တင်လို့ကို မရလို့ပါ. အဲ့ဒီ့နေရာမှာ မေးစရာရှိပါတယ်. အဲ့ဒါများဗျာ အဲ့ HDD ကို ဖြုတ်ပြီး kaspersky update ဖြစ်တဲ့ စက်မှာ သွားစစ်လိုက်ပေါ့လည်း မပြောပါနဲ့ ကျွန်တော် သတ်ခဲ့တုန်းက အဲ့ဒီ့ laptop က ၀ယ်ထားတာ မကြာသေးတဲ့အတွက် အာမခံ ရှိပါသေးတယ်. အဲ့အတွက်ကြောင့်မို့ အထဲက HDD ကို ဖြုတ်လို့မရပါ. virus တော်တော်များများဟာ သူတို့ ကွန်ပျူတာထဲကို ရောက်ပြီဆိုတာနဲ့ တင်ထားတဲံ (သို့)တင်မည့် antivirus program ကို အလုပ်မလုပ်နိုင်အောင် ပိတ်ထားတတ်ပါတယ်. အခုနည်းလေးနဲ့ ရှင်းပေးလိုက်ပါ. တစ်ခုပဲရှိပါတယ်. virus များရင် သတ်ရတာ လက်ညောင်းမယ် ဒါပါပဲ. ကဲအောက်မှာ ဘယ်လို လုပ်ရမလဲ ကြည့်လိုက်ပါ.

  • download လုပ်လိုက်ပါ. latest version ပါပဲ. အိန္ဒိယက programmar တစ်ယောက် ရေးထားတာပါ။
  • install လုပ်လိုက်ပါ. Settings ထဲကိုသွားပြီး General settings ကိုရွေးလိုက်ပါ. ညာဖက်အခြမ်းမှာ Name ..... , Key ........ ဆိုပြီးတော့ တွေ့ပါလိမ့်မယ်. ကျွန်တော် အခုထည့်ပေးလိုက်တဲ့အထဲက ကြိုက်တဲ့ တစ်ခုကိုရွေးပြီးတော့ activate လုပ်လိုက်ပါ လုပ်ပြီးရင်တော့ သူ့အောက်မှာရှိတဲ့ auto update ဆိုတာတွေကို ဖြုတ်ထားလိုက်ပါ.
  • ပြီးတာနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို ခဏရပ်ထားပြီးတော့ ဘာ program မှ မဖွင့်ပါနဲ့. C:/ ကို အရင်ဦးဆုံး စပြီးစစ်ပါ. virus ကိုပဲ ဖယ်ရှားပေးမှာ ဖြစ်တဲ့အတွက် ဘယ် program ဘယ်ဖိုင်ကိုမှ မထိခိုက်ပါဘူး. အဲ့အတွက် စိတ်ချလက်ချသာစစ်ပါ. My computer ကိုဖွင့် C:/ ကို ညာဖက်ကလစ်ထောက်ပြီးတော့ Scan with Smadav ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ သူ့ဟာသူ စစ်နေပါလိမ့်မယ်. တစ်ချို့ virus တွေဆိုရင် delete လုပ်ခိုင်းပါလိမ့်မယ်. အဲ့ဒီ့အခါကျရင်တော့ delete ကို နှိပ်ပေးလိုက်ပါ. တစ်ချို့ virus တွေကို Quarantine ထဲကို ပို့လိုက်ပါလိမ့်မယ်. အဲ့ virus မျိုးကျရင်တော့ အမှန်ခြစ်ပေးပြီးတော့ delete သာ လုပ်လိုက်ပါ.
 Smadav version.8.8 (2012) (software & key)
Download ifile.it | Mediafire | Download mirrorcreator

အပေါ်က ပါလာတဲ့ ကီးနဲ့ မလုံလောက်ရင် အောက်မှာ ထပ်ပြီးတော့ ကီးတွေ ထပ်တင်ပေးလိုက်ပါတယ်. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.

Download key (ကီးမျှသာ)
ifile.it | Mediafire





Source : ညီနေမင်း(နည်းပညာ)
Related Posts Plugin for WordPress, Blogger...