Photobucket
ပင်မစာမျက်နှာ


N .

Thursday, 12 April 2012

iPad,iPhone,iPod တွေကို jailbreak လုပ်စရာမလိုပဲ website တွေကို မြန်မာစာပေါ်အောင်


အခု ကျွန်တော်ပြောမယ့် application လေးကတော့ iPad တွေ iPhone တွေ iPod တွေမှာ jailbreak လုပ်စရာမလိုဘဲနဲ့ မြန်မာစာပေါ်အောင်လုပ်လို့ရတဲ့
application လေးပါ။ ဒါပေမယ့် ဒီ application လေးက website တွေကြည့်ရှုရာမှာပဲသုံးလို့ရပါမယ်။ လိုချင်တယ်ဆိုရင် အောက်က link မှာသွားရောက်ရယူနိုင်ပါတယ်။
Myanmar Browser အားရယူရန်(View in iTune Store)



iAbidan(အင်္ဂလိပ်-မြန်မာအဘိဓာန်) v1.1 for iPhone/Pad/Pod touch






iPhone/Pad/Pod touch အသုံးပြုသူတွေအတွက် iAdidan (အင်္ဂလိပ်-မြန်မာအဘိဓာန်) version အသစ် 1.1 ကိုတင်ပေးလိုက်ပါတယ်။

Ashampoo Snap5.1.0

ကျွန်တော်ဒီတစ်ခါ ကျွန်တော်တို့ Screen Shot ရိုက်တဲ့ Software လေးကို တင်ပေးလိုက်ပါတယ်။ ကျွန်တော် လည်းလက်ရှိ ဒီကောင်လေးကို ပဲအသုံးပြုနေပါတယ်။ အခု နောက်ဆုံး Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Software လေးတွေ Update ဖြစ်လာတာနဲ့ အမျှ ပါဝင်လာတဲ့ Features လေးတွေပိုပြီးစုံလင်လာတာ ကိုတွေ့ရမှာပါ။  အထဲမှာ .Reg ဖိုင်လေးနဲ့ Registry လုပ်ရန်အတွက် ထည့်ပေးထားပါတယ်။ Double-Click ပေးပြီး Run ပေးလိုက်ရင် ရပါပြီ။ အသုံးပြုပုံကိုတော့ ကျွန်တော်နည်းနည်းတော့ ရှင်းပြပေးပါ့  မယ်။  အောက်မှာ ကြည့်လိုက်ပါဗျာ။ ကျွန်တော် နှစ်ချက်တော့ပြပါ မယ် ပုံလေးမှာကြည့်ပေးပါ။


Monday, 26 March 2012

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)

1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net




မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။

“1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ ”



Thursday, 22 March 2012

အမေစု

ဘာတွေပဲပြောပြော အမေက အမေပါပဲ။


Wednesday, 21 March 2012

Samsung Galaxy အမျိုးအစားဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်မြင်ရအောင်လုပ်နည်း

amsung Galaxy Series ဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့ application လေးပါ။ Galaxy S နဲ့ Galaxy S2 တွေမှာသွင်းလို့ရပါတယ်။ သွင်းပုံသွင်းနည်းကိုပါပြောပြပါမယ်။ အောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုလုံးကို download လုပ်ပါ။
Fontomizer အားရယူရန်
zawgyi font application အားရယူရန်
ဖုန်းရဲ့ settings> applications ထဲကိုသွားပြီး unknown sources ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက download လုပ်ထားတဲ့ application နှစ်ခုစလုံးကို install လုပ်လိုက်ပါ။ install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ Setting > Display > Font ထဲကိုသွားပါ။ အဲဒီမှာ ခုနသွင်းထားတဲ့ zawgyi font ကို font list
ထဲမှာမြင်ရပါလိမ့်မယ်။ font list ထဲက zawgyi font ကိုရွေးပေးလိုက်ပါ။

အခုဆိုရင် Samsumg Galaxy Series ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တကယ်လို့ ဇော်ဂျီ ဖောင့် အပြင် တခြားဖောင့်တွေကိုလည်း ထပ်ထည့်ချင်တယ်ဆိုရင်တော့ Fontomizer application ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ A to Z အထိ font နာမည်အမျိုးမျိုးနဲ့ font တွေကို direct download လုပ်လို့ရပါတယ်။ ဇော်ဂျီ font ကိုတောင် အဲဒီထဲကနေ download လုပ်လို့ရပါတယ်။

Tuesday, 20 March 2012

Babylon 8

မြန်မာပြည်ရဲ့ Policy က အမျိုးမျိုး ပြောင်းလဲနေတော့ လုပ်ရကိုင်ရတာ ခက်သား။ အခုလဲ ဘလော့တွေကို လုံးလုံး ၀င်မရအောင် ပိတ်လိုက်ပြန်ပြီး အရင်ကမှ နည်းနည်းကျော်ခွရင် ၀င်လို့ရသေး။ ခဲရာခဲဆစ်နဲ့ပဲ ပို့စ်တစ်ပုဒ် ဖော်ပြလိုက်ပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ နာမည်ကြီးတဲ့ Babylon ကို စာဖတ်သူများအတွက် ဖော်ပြလိုက်ပါတယ်။ ဘလော့တိုင်းမှာလဲ ရှိလိမ့်မည် ဖြစ်သော်လည်း လိုရမယ်ရ ဖော်ပြ လိုက်ပါတယ်။
အခု Babylon က Version 8 ပါ။ အမြဲတမ်းသုံးနိုင်ဖို့ Crack File ပါ ထည့်သွင်းပေးထားပါတယ်။ သုံးနည်းကို အောက်ပါအတိုင်း ပြုလုပ်ပါ။
(၁) Babylon ကို အင်စတောလုပ်ပါ။
(၂) Babylon ကို အမြဲတမ်းသုံးနိုင်ရန်အတွက် Start bar တွင် ပေါ်နေသော Babylon Icon ကို Exit လုပ်ပါ။
(၃) Crack File ကို Copy ယူပါ။ C:\Program Files\Babylon\Babylon-Pro ထဲကို Past ချပြီး Run လိုက်ပါ။
(၄) Babylon Icon လေး Start bar တွင် ပြန်ပေါ်လာလိမ့်မည်။
(၅) ZWT License file ထဲက ZWT License file ကို Run ပါ။
(၆) ပြီးလျှင် Padonma-english-myanmar ဖိုင်ကို Run ပါ။
အမြဲတမ်း အသုံးပြုနိုင်ပါပြီ။ အဆင်ပြေနိုင်ပါစေ။

မောင်စေတနာ

အင်္ဂလိပ်စကားပြောခိုင်းမယ်

ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

မောင်စေတနာ

Botton Page ပြုလုပ်နည်း


မေးထားတာတော့ ကြာပါပြီ။ မိမိ မအားတာနဲ့ မရေးဖြစ်တာပါ။ အမှန်တော့ ဒီလုပ်နည်းကို မရေးချင်ပါဘူး။ ဘလော့ တော်တော်များများမှာ ရေးသားထားတာ မြင်ဖူးလို့ပါ။ ဒါပေမယ့် အဲဒီဘလော့တွေကို ညွှန်းဖို့အတွက် လင့်တွေ မေ့နေတာနဲ့ မိမိလုပ်ထားတာကို ရေးသားဖော်ပြလိုက်ပါတယ်။ အောက်က အဆင့်တွေအတိုင်း လုပ်ပေးပါ။

၁) Layout မှာ Add a Gadget က HTML/JAVA ကို Click လုပ်ပါ။
၂) အောက်က ကုဒ်တွေကို ကော်ပီ ကူးထည့်ပါ။



၃) Save လုပ်ပါ။
၎) Blog Posts အောက်ခြေကို ရွှေ့လိုက်ပါ။ ဒါဆို ရပါပြီ။



 Source : မောင်စေတနာ

Monday, 19 March 2012

Inbox ထဲက မေးလ်အကုန်လုံးကို တစ်ခါတည်းနှင့် ဘယ်လိုဖျက်ရလဲ



thantzinwin123@googlemail.com : အကိုညီ့ကို တခု ကူညီပေးပါလား ညီ့မေးလ် inbox ထဲမှာ မေးလ်တွေ အရမ်းများနေလို့ပါ အကုန်လုံးကို တခါတည်း ပျက်လို့ရမယ့် နည်းလေးပြောပေးပါလား ခင်မင်လျက်ပါ အကို ကျေးဇူးပြုပြီး ပြောပြပါနော် ..

ကဲကိုသန့်ဇင်ဝင်းရေ ဘာလို့ တစ်ခါတည်း ဖျက်ချင်တယ် ဆိုတဲ့အကြောင်းကို မသိပေမယ့် ဖျက်လို့ရတဲ့ နည်းလမ်းကို ပြောပြပေး လိုက်ပါ့ မယ်. အောက်မှာ သေချာရှင်း ပြပေးထားပါတယ်. တစ်ပုံချင်းစီ လိုက်ကြည့်လိုက်လို့ ပါတယ်. video file နဲ့ မရှင်းပြတာက ဒီ ကွန်ပျူတာထဲမှာ recoder software မရှိလို့ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. 

Related Posts Plugin for WordPress, Blogger...